” ေပ်ာက္ဆံုးေနေသာ အမွန္တရား ဇာတ္လမ္းတြဲမွာ မာနႀကီးၿပီး အႏိုင္ယူ ယွဥ္ၿပိဳင္လိုစိတ္ရွိတဲ့ သူေဌးသမီးေလးတစ္ေယာက္အျဖစ္ ျမင္ေတြ႕ ရဦးမယ့္ ေမျမင့္မိုရ္ “

ေမျမင့္မိုရ္ဟာဆိုရင္ျဖင့္ ဇာတ္လမ္းတြဲေတြ စတင္ေခတ္စားလာတည္းက ” ပန္းနုေသြး” အေနနဲ႕ ပရိသတ္ေတြစတင္အားေပးခံခဲ့ရသူေလးပဲျဖစ္ပါတယ္။ပရိသတ္ေတြတခဲနက္အားေပးခဲ့ၾကတဲ့အရိပ္ဇာတ္လမ္းတြဲမွာလည္း ” စုစုလိႈင္ “အျဖစ္ ပါ၀င္သရုပ္ေဆာင္ထားၿပီး ပုဂံၿမိဳ႕သူဇာတ္ကား မွာလည္း ” အေစာ” ဆိုတဲ ့ ဇာတ္ေကာင္နဲ႕ ပရိသတ္အားေပးမႈ အျပည့္အ၀ရရွိထားသူေလးတစ္ေယာက္ျဖစ္ပါတယ္။ လတ္တေလာမွာလည္း Star Awards 2018 Rising Star ဆုကို ပူပူေႏြးေႏြး ရရွိထားသူတစ္ေယာက္ပါေနာ္။ေယာက်ာ္းေလးပရိသတ္ေတြ သည္းသည္းလႈပ္အားေပးခံရတဲ့ ေမာ္ဒယ္လ္ မင္းသမီးေခ်ာေလးပဲ ျဖစ္ပါတယ္။

သူမပါဝင္ထားတဲ့ ” Crush ” ရုပ္ရွင္ကားႀကီးကလည္း ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတာပဲ ျဖစ္ၿပီး ရုပ္ရွင္ကားႀကီးေတာ္ေတာ္မ်ားမ်ားပါဝင္လာတဲ့ ေအာင္ျမင္တဲ့ မင္းသမီးတစ္လက္ပါပဲေနာ္။လက္ရွိမွာလည္း မိသားစုနဲ႕အတူ အေနာက္ႏုိင္ငံေတြကို ကမၻာပတ္ေနတာပဲ ျဖစ္ၿပီး ျမင္သူတိုင္းေငးေမာရေလာက္တဲ့ ခရီးသြားအလွပံုရိပ္ေတြကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာ မွာ ေဝမွ်လ်က္ ရွိတာပဲ ျဖစ္ပါတယ္။

ထပ္မံၿပီး ” အကယ္ဒမီ လူမင္း၊ေကာင္းျမတ္စံ၊ထူးေအာင္၊ဘုန္းဆက္သြင္၊ေအာင္ရဲထိုက္၊လျပည့္၊စိုေျပျမင့္ ေအာင္ခန္႔မွဴး၊မင္းသူ၊ညီနႏၵ၊သက္ဦးကို၊Mikis Weber၊သြန္းသစၥာေဇာ္၊ေနာ္ေဖာအယ္ထား တို႕နဲ႕အတူ ဇာတ္လမ္းတြဲအသစ္ ျဖစ္တဲ့ ” ေပ်ာက္ဆံုးေနေသာ အမွန္တရား” ဇာတ္လမ္းတြဲမွာ ပါဝင္ထားတာပဲ ျဖစ္ပါတယ္။

ခ်မ္းသာတဲ့မိသားစုမွာ အငယ္ဆံုးသမီးျဖစ္ၿပီး ..ထက္ျမက္လွပတဲ့အျပင္ မာနႀကီးၿပီး အႏိုင္ယူ ယွဥ္ၿပိဳင္လိုစိတ္ရွိတဲ့ သူေဌးသမီးေလးတစ္ေယာက္ အျဖစ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ႏုိင္ငံျခားကျပန္လာၿပီးေနာက္ အခ်ိန္တိုတိုအတြင္း စီးပြားေရးနယ္ပယ္မွာေအာင္ျမင္လာၿကာ Social Media မ်ားမွာဝန္းရံျခင္း ခံလာရတဲ့ ” ေမထက္ခ်ိဳ ” ဆိုတဲ့ ဇာတ္ေကာင္ အေနနဲ႕ ဘယ္လို ရသသစ္ေတြကို ပိုင္ႏုိင္စြာ ေပးစြမ္းမလဲဆိုတာ စိတ္ဝင္စားစရာ ပါပဲေနာ္။ CeleGabar ပရိသတ္ႀကီးလည္း ” ေမထက္ခ်ိဳ ” အျဖစ္ျမင္ေတြ႕ရမယ့္ ေမျမင့္မိုရ္ ေလးကို အားေပးဖို႕ အဆင္သင့္ပဲလား ဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : Taurus V Production
Shwe Poe – Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ပျောက်ဆုံးနေသော အမှန်တရား ဇာတ်လမ်းတွဲမှာ မာနကြီးပြီး အနိုင်ယူ ယှဉ်ပြိုင်လိုစိတ်ရှိတဲ့ သူဌေးသမီးလေးတစ်ယောက်အဖြစ် မြင်တွေ့ ရဦးမယ့် မေမြင့်မိုရ် ”

မေမြင့်မိုရ်ဟာဆိုရင်ဖြင့် ဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာတည်းက ” ပန်းနုသွေး” အနေနဲ့ ပရိသတ်တွေစတင်အားပေးခံခဲ့ရသူလေးပဲဖြစ်ပါတယ်။ပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့အရိပ်ဇာတ်လမ်းတွဲမှာလည်း ” စုစုလှိုင် “အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပုဂံမြို့သူဇာတ်ကား မှာလည်း ” အစော” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာလည်း Star Awards 2018 Rising Star ဆုကို ပူပူနွေးနွေး ရရှိထားသူတစ်ယောက်ပါနော်။ယောကျာ်းလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခံရတဲ့ မော်ဒယ်လ် မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။

သူမပါဝင်ထားတဲ့ ” Crush ” ရုပ်ရှင်ကားကြီးကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပြီး ရုပ်ရှင်ကားကြီးတော်တော်များများပါဝင်လာတဲ့ အောင်မြင်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။လက်ရှိမှာလည်း မိသားစုနဲ့အတူ အနောက်နိုင်ငံတွေကို ကမ္ဘာပတ်နေတာပဲ ဖြစ်ပြီး မြင်သူတိုင်းငေးမောရလောက်တဲ့ ခရီးသွားအလှပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ ဝေမျှလျက် ရှိတာပဲ ဖြစ်ပါတယ်။

ထပ်မံပြီး ” အကယ်ဒမီ လူမင်း၊ကောင်းမြတ်စံ၊ထူးအောင်၊ဘုန်းဆက်သွင်၊အောင်ရဲထိုက်၊လပြည့်၊စိုပြေမြင့် အောင်ခန့်မှူး၊မင်းသူ၊ညီနန္ဒ၊သက်ဦးကို၊Mikis Weber၊သွန်းသစ္စာဇော်၊နော်ဖောအယ်ထား တို့နဲ့အတူ ဇာတ်လမ်းတွဲအသစ် ဖြစ်တဲ့ ” ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲမှာ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။

ချမ်းသာတဲ့မိသားစုမှာ အငယ်ဆုံးသမီးဖြစ်ပြီး ..ထက်မြက်လှပတဲ့အပြင် မာနကြီးပြီး အနိုင်ယူ ယှဉ်ပြိုင်လိုစိတ်ရှိတဲ့ သူဌေးသမီးလေးတစ်ယောက် အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။နိုင်ငံခြားကပြန်လာပြီးနောက် အချိန်တိုတိုအတွင်း စီးပွားရေးနယ်ပယ်မှာအောင်မြင်လာကြာ Social Media များမှာဝန်းရံခြင်း ခံလာရတဲ့ ” မေထက်ချို ” ဆိုတဲ့ ဇာတ်ကောင် အနေနဲ့ ဘယ်လို ရသသစ်တွေကို ပိုင်နိုင်စွာ ပေးစွမ်းမလဲဆိုတာ စိတ်ဝင်စားစရာ ပါပဲနော်။ CeleGabar ပရိသတ်ကြီးလည်း ” မေထက်ချို ” အဖြစ်မြင်တွေ့ရမယ့် မေမြင့်မိုရ် လေးကို အားပေးဖို့ အဆင်သင့်ပဲလား ဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Taurus V Production
Shwe Poe – Cele Gabar