Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။
“အစားအသောက်က ရည်းစားထက်ပို သစ္စာရှိလို့ အစားအသောက်ကို ပိုချစ်တယ်ဆိုတဲ့ ရွှေသမီး”
ကော်ဖက်ရုပ်မလေးလို့ ချစ်စရာကောင်းလှပြီး သရုပ်ဆောင်မင်းသမီးချောလေး ရွှေသမီးကတော့ လက်ရှိမှာ အောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေအထိပါ ပါဝင်ရိုက်ကူးခွင့် ရရှိနေတာပဲဖြစ်ပါတယ်။”သုံးရောင်ခြယ်”ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် Star Award ဆုပေးပွဲကြီးမှာ “Best Actress In A Supporting 2018″ဆုကြီးကို ရရှိပိုင်ဆိုင်ခဲ့တာပါတယ်။
စိတ်ထားလေးနူးညံ့ပြီး ပွင့်လင်းရိုးသားတဲ့ ရွှေသမီးကတော့ အစားအသောက်ပုတ်တဲ့ကောင်မလေးတစ်ယောက်ဆိုတာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။အစားပုတ်တဲ့ကောင်မလေးရွှေသမီးကတော့ အစားစာတွေစားနေရရင် ပျော်နေတက်တာဖြစ်ပြီး အစားအသောက်တွေထဲမှာမှ လမ်းဘေးအစားအစာတွေကို ပိုကြိုက်တဲ့အကြောင်းကို “လမ်းဘေးဆိုင်လေးတွေက တကယ်ကို သန့်ရှင်းပြီးတော့ သပ်ရပ်တဲ့ဆိုင်လေးတွေရှိတယ်။အရသာအရမ်းကောင်းတဲ့ဆိုင်လေးတွေရှိတယ်။ ကောင်းတယ်ဆိုတဲ့ဆိုင်လေးတွေဆိုအကုန်ကြိုက်တယ်”လို့ပြောကြားထားတာပဲဖြစ်ပါတယ်။
“သူများတွေက စိတ်ညစ်ရင် အအိပ်ပျက်အစားပျက်တွေဖြစ်တယ်။ကိုယ်တွေကစိတ်ညစ်ရင် ပိုအိပ်တယ်။ပိုစားတယ်။ ဘာလို့လည်းဆိုတော့ အစားစားနေတဲ့အချိန်မှာ စားနေတာကိုပဲအာရုံရောက်နေတာဖြစ်တဲ့အတွက် စိတ်ညစ်တာတွေ မတွေးဖြစ်တော့ဘူးလေ။”လို့စိတ်ညစ်ရင် အစားပိုစားဖြစ်တဲ့ လူမျိုးထဲမှာလည်း ပါတယ်ဆိုပြီး ပြောကြားလာတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေကရော စိတ်ညစ်ရင် အစားပိုစားဖြစ်တဲ့ လူမျိုးလား။
Source ; Exclusive On CeleGabar
Chilli – CeleGabar