ပရိသတ္ေတြကို သိဖို႔လိုေနတဲ့ အေၾကာင္းအရာေလးႏွစ္ခုကို ဗီဒီယိုေလး႐ိုက္ၿပီး ေျပာျပခဲ့တဲ့ ေဒါင္း

ျမန္မာ႐ုပ္သံဇာတ္လမ္းတြဲေတြနဲ႔ ႏႈတ္ခမ္းနီမေလးေတြသည္းသည္းလႈပ္ျဖစ္ေနၾကတဲ့ မင္းသားေခ်ာတစ္ဦးကေတာ့ ေဒါင္းပါ။ ပီျပင္တဲ့သ႐ုပ္ေဆာင္ေကာင္းပုံေတြက ပရိသတ္ေတြရဲ႕ ခံစားခ်က္ေတြကို အဆုံးထိေရာက္ေအာင္ တြန္းပို႔ႏိုင္တဲ့ မင္းသားတစ္ဦးဆိုလည္း မမွားပါဘူး။ အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာတာ မၾကာေသးေပမယ့္ ေအာင္ျမင္မႈကေတာ့ တစ္ခဏအတြင္းဆိုသလို တစ္ႏိုင္ငံလုံးက ပ်ိဳမဒီေတြရဲ႕ ရင္ထဲကို ေရာက္ရွိခဲ့သူပါ။

ေယာက်ာ္းပီသၿပီး တည္ၾကည္ေအးခ်မ္းတဲ့ အၿပဳံးေလးကို ပိုင္ဆိုင္ထားတာေၾကာင့္ မိန္းကေလးပရိသတ္ေတြကေတာ့ သည္းသည္းလႈပ္ကို ျဖစ္ေနရတဲ့ မင္းသားတစ္ဦးျဖစ္လာခဲ့ပါတယ္။ ယခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ဇာတ္လမ္းတြဲေတြကို ဆက္တိုက္႐ိုက္ကူးလ်က္ရွိၿပီး ပရိသတ္အတြက္ဆိုရင္ အေကာင္းဆုံးႀကိဳးစားေနတဲ့ ေဒါင္းရဲ႕ ပုံရိပ္ေတြကို ျမင္ေတြ႕ရမွာပါ။

တျဖည္းျဖည္းနဲ႔ ႐ိုက္ကြင္းေတြဆက္ရင္း ႐ူတင္ေပၚမွာအခ်ိန္ကုန္တာမ်ားတာေၾကာင့္ သူ႔ကို ခ်စ္တဲ့ ပရိသတ္ေတြနဲ႔လည္း အေနမေဝးရေအာင္ ေၾကညာခ်က္ေလးတစ္ခုလုပ္ခဲ့ပါတယ္။ ဒါ့ျပင္ မႏၲေလးမွာ ကန္မယ့္ ေဘာလုံးပြဲကိုလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မလာေရာက္ႏိုင္ေတာ့တဲ့ အေၾကာင္းေျပာျပထားတဲ့ ဗီဒီယိုေလးကို ပရိသတ္ေတြသိရွိဖို႔အတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Source: Daung

NORA – CeleGabar

(Unicode ျဖင့္ဖတ္ရန္)

ပရိသတ်တွေကို သိဖို့လိုနေတဲ့ အကြောင်းအရာလေးနှစ်ခုကို ဗီဒီယိုလေးရိုက်ပြီး ပြောပြခဲ့တဲ့ ဒေါင်း

မြန်မာရုပ်သံဇာတ်လမ်းတွဲတွေနဲ့ နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်ဖြစ်နေကြတဲ့ မင်းသားချောတစ်ဦးကတော့ ဒေါင်းပါ။ ပီပြင်တဲ့သရုပ်ဆောင်ကောင်းပုံတွေက ပရိသတ်တွေရဲ့ ခံစားချက်တွေကို အဆုံးထိရောက်အောင် တွန်းပို့နိုင်တဲ့ မင်းသားတစ်ဦးဆိုလည်း မမှားပါဘူး။ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတာ မကြာသေးပေမယ့် အောင်မြင်မှုကတော့ တစ်ခဏအတွင်းဆိုသလို တစ်နိုင်ငံလုံးက ပျိုမဒီတွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့သူပါ။

ယောကျာ်းပီသပြီး တည်ကြည်အေးချမ်းတဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေကတော့ သည်းသည်းလှုပ်ကို ဖြစ်နေရတဲ့ မင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။ ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေကို ဆက်တိုက်ရိုက်ကူးလျက်ရှိပြီး ပရိသတ်အတွက်ဆိုရင် အကောင်းဆုံးကြိုးစားနေတဲ့ ဒေါင်းရဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။

တဖြည်းဖြည်းနဲ့ ရိုက်ကွင်းတွေဆက်ရင်း ရူတင်ပေါ်မှာအချိန်ကုန်တာများတာကြောင့် သူ့ကို ချစ်တဲ့ ပရိသတ်တွေနဲ့လည်း အနေမဝေးရအောင် ကြေညာချက်လေးတစ်ခုလုပ်ခဲ့ပါတယ်။ ဒါ့ပြင် မန္တလေးမှာ ကန်မယ့် ဘောလုံးပွဲကိုလည်း အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်တော့တဲ့ အကြောင်းပြောပြထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေသိရှိဖို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။