
အနုပညာမှာ ထူးချွန်လွန်းလို့ ပရိသတ်တွေက ခီမောင်နှံဆိုပြီး အရမ်းချစ်ကြတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဇနီးမောင်နှံနှစ်ဦးကတော့ ချစ်ရတဲ့အနုပညာအလုပ်တွေကို လေးလေးနက်နက် ဖန်တီးရင်း ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုလည်း ပုံဖော်နေကြတာပါ။
လတ်တလောမှာတော့ ခရစ္စတီးနားခီက ဇဏ်ခီ၊ ပိုင်ဖြိုးသုတို့ အဓိကသရုပ်ဆောင်ထားတဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေဆီ ချပြဖို့အတွက် တရားဝင် ဆင်ဆာရပြီဆိုတဲ့အကြောင်း လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ အရည်အချင်း ပြည့်ဝလွန်းတဲ့ အနုပညာရှင်တွေရဲ့ အနုစိတ်ကြိုးစားထားတဲ့ လက်ရာလေးကို ကြည့်ရတော့မှာမို့ ပရိသတ်တွေ အရမ်းပျော်နေကြတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ဆင်ဆာရပြီမို့ မကြာခင် ရုံတင်တော့မယ့် ထာဝရနှောင်ကြိုး ရုပ်ရှင်အကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။
ခရစ္စတီးနားခီက တော့ ‘ရပါပြီ… Are you readyyyyy???” ဆိုပြီး ဆင်ဆာကျလာပြီ့ ပရိသတ်တွေ အားပေးဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးထားတာပါ။
ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဇနီးမောင်နှံနှစ်ဦးကတော့ စစ်မှန်တဲ့အနုပညာအတွက် အချိန်ယူပြီး အကောင်းဆုံးလုပ်ကိုင်နေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မကြာခင် ကြည့်ရှုကြရတော့မယ့် ခီမောင်နှံရဲ့ ရုပ်ရှင်အသစ်လေးကို အားပေးမယ်ဆိုရင် Share သွားကြဖို့မမေ့ပါနဲ့နော်။
Myint Myat
Source:Now And Ever’s Facebook