
၂၀၁၉ခုနှစ် အတွင်းမှာ အရမ်းကိုအားရစရာကောင်းပြီး ခြောက်ခြားစရာကားတစ်ကားဖြစ် ခဲ့တဲ့ သူစိမ်း အိမ်ရုပ်ရှင်ကားကြီးကို ပရိသတ်တွေအကုန် ကြည့်ပြီးကြမယ်လို့ထင်ပါတယ်။ ယခင်ကနဲ့လုံးဝမတူတဲ့ ရိုက်ကွင်းရိုက်ကွက်တွေ ဇာတ်အိမ် ဖွဲစည်းမှုတွေက ပရိသတ်တွေကို ဟာကနဲ ဟင်ကနဲ ဖြစ်သွားအောင် ဇာတ်လမ်း အပြီးထိ ဆွဲဆောင်သွားတာကို ကြည့်ပြီးတဲ့ ပရိသတ်တွေသိမှာပါ။
ဒါရိုက်တာထူးပိုင်ဇော်ဦး ရဲ့ အရမ်းကို ကောင်းတဲ့ ဖန်တီးမှုတစ်ခုဖြစ်တဲ့အပြင် ကြည့်ရှူသူ ပရိသတ်တွေမထင်ထားရလောက်အောင် ဇာတ်လမ်းကတစ်မူထူးခြားနေတာကိုလည်း တွေ့မြင်ရမှာပါ။ အရမ်းကို အားပေးကြမ်းနေတဲ့ သူစိမ်းအိမ်ရုပ်ရှင် ဇာတ်ကားကြီး ကိုတော့ ယခုဆိုရင် ၆ပတ်မြှောက်ရုံတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့ပြင် ပရိသတ်တွေက သူစိမ်းအိမ် ၂ကို ဆက်လက်ရိုက်ကူးပေးဖို့အတွက် တောင်းဆိုနေကြတာကိုလည်း Facebook စာမျက်နှာတွေ မှာမြင်တွေ့ရမှာပါ။
ဒါကြောင့် သူစိမ်းအိမ် ၂ ဆက်လက် ရိုက်ကူးဖို့ ရှိ မရှိနဲ့ ပတ်သတ်ပြီး ဒါရိုက်တာထူးပိုင်ဇော်ဦး က “သူစိမ်းအိမ် ၂ ဆက်ရိုက်ဖို့ ပြောကြလို့ အများကြီး ပီတိဖြစ်ရပါတယ်။မြန်မာရုပ်ရှင်ကား တစ်ကား အနေနဲ့ အပိုင်း ၂ ဆက်ရိုက်ဖို့ တောင်းဆိုခံရတာကို အများကြီး ဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ ကျတော်တို့ ရဲ့ အစီအစဉ်တွေကိုလဲ မကြာခင် ကြေငြာပေးပါမယ်။” ဆိုပြီး တောင်းဆိုနေကြတဲ့ ပရိသတ်တွေကို ပြန်လည်ဖြေကြားထားတာကို မြင်တွေ့ရမှာဖြစ်လို့ တကယ်ပဲ ရိုက်တော့မှာလားဆိုတာကို ရင်ခုန်စွာနဲ့ ဆက်လက်နားစွင့် လိုက်ပါအုံးနော်။
crd : celegabar