You are here
Home > အနုပညာ > စိုင်းလေး ရဲ့ လူမိုက်ကြီးသီချင်းကို နားထောင်ရင် “တစ်ချိန်တုန်းက သူ့ကိုသူပြန်သတိရမိတယ်” ဆိုတဲ့ဖြိုးမြတ်အောင်

စိုင်းလေး ရဲ့ လူမိုက်ကြီးသီချင်းကို နားထောင်ရင် “တစ်ချိန်တုန်းက သူ့ကိုသူပြန်သတိရမိတယ်” ဆိုတဲ့ဖြိုးမြတ်အောင်

Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့  ပရိသတ်တွေအတွက် ဖြိုးမြတ်အောင်က ပရိသတ်တွေကို ကျေးဇူးတင်စကားပြောထားတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင်က ခုနောက်ပိုင်းမှာ သီချင်းလေးတွေဆိုရင်း ကြော်ငြာများလည်း ရိုက်ဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုများစွာရှိနေတာပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။ သူ့ရဲ့ မကြာခင်ထွက်ရှိတော့မယ့် solo album အတွက်လည်း ပြင်ဆင်နေတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် က ” FM တွေမှာသီချင်းတောင်းပေးကြ တဲ့မိသားစုတွေကိုတစ်ကယ်လေးစားမိပါတယ် မနေ့က ကိုကိုယ် တိုင် ကိုစိုင်းလေး ရဲ့ လူမိုက်ကြီး ဆိုတဲ့ သီချင်းကိုနားထောင်ချင်စိတ်ဖြစ်လာတယ် ။ဘာကြောင့် လဲဆိုတော့ အရင်တုန်းက ကျွန်တော့်ကိုကျွန်တော်ပြန်သတိရမိလို့ပါ ။ဒါကြောင့် PDM FM ကို ph ခေါ်ကြည့်တာ ဘယ်လိုမှခေါ်မရဘူး တွေးမိတယ်အါ့အချိန်မှာ ဪ သူတို့ ကို့အတွက်နဲ့ သီချင်းတောင်းပေးကြတာ တော် ရုံမေတ္တာနဲ့ အါးပေးတာမဟုတ်ဘူးဆိုတာ ပိုသိလာရပါတယ် ။လေးစားမိပါတယ် ကျေးဇူးလည်းတင်ပါတယ် ။ငွေကြေး တွေ ထက် အဖိုးမဖြတ်နိုင်တဲ့ မေတ္တာတွေပါလား ။အါးလုံးကိုချစ်တယ်နော်  ဆိုပြီးသူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြထားပါတယ်။

ဖြိုးမြတ်အောင် က သူ့ရဲ့ သီချင်းကို ပတ္တမြားFM မှာ သီချင်းတောင်းပြီး နားထောင်ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောထားတာပါ။ ဖြိုးမြတ်အောင်က တေးဆို စိုင်းလေး ရဲ့ လူမိုက်ကြီး သီချင်းက တစ်ချိန်တုန်းက သူ့ကိုသူပြန်သတိရမိတယ် လို့လည်းပြောထားပါတယ်။ဖြိုးမြတ်အောင် ရေးထားတဲ့ အကြောင်းအရာတွေကို ပရိသတ်တွေ တွေ့မြင်ရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့  ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Top
//intorterraon.com/4/3018672