You are here
Home > အနုပညာ > ဝေဖန်တိုက်ခိုက်သူကြောင့် အားပေးတဲ့ပရိသတ်တစ်ချို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှာမလိုလားလို့ ရင်ဖွင့်တာပါ ဆိုတဲ့ ဝိုင်းလေး

ဝေဖန်တိုက်ခိုက်သူကြောင့် အားပေးတဲ့ပရိသတ်တစ်ချို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှာမလိုလားလို့ ရင်ဖွင့်တာပါ ဆိုတဲ့ ဝိုင်းလေး

ချာမောလှပတဲ့ မျက်နှာလေးနဲ့ အမိုက်စား Body ကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ၀ိုင်းလေးဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အိမ်မက်ဆုံရာ မှာ ပြိုင်ပွဲဝင်ရင်နဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့သူပါ။ သူမက Miss တစ်ဦးဆိုလည်း မမှားပါဘူး။ ၀ိုင်းလေး ရဲ့ အသံချိုချိုလေးနဲ့ သီဆိုထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကြခဲ့တာပါ။လက်ရှိမှာတော့ သူမက အဆိုတော်တစ်ဦးအနေနဲ့ အောင်မြင်မှုများစွာကိုရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ချစ်ပရိသတ်တွေအတွက် ၀ိုင်းလေးက သူမကို ဝေဖန်တဲ့သူကြောင့် သူမကို အားပေးတဲ့ ပရိသတ်မထိခိုက်စေချင်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရင်ဖွင့်ထားတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဝိုင်းလေး ပုံ ကိုယူပြီး Online ပေါ်မှာ သူမကိုင်တဲ့ အိပ်က အတုဆိုပြီး ဝေဖန်တိုက်ခိုက်မှုတစ်ခု ရှိနေပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ၀ိုင်းလေးက သူမ ကို လက်ဆောင် ပေးတဲ့ ပရိသတ်တစ်ဦးရဲ့ မေတ္တာစေတနာ များစွာပါရှိတဲ့ အိပ်လေးဖြစ်သလို အခုလို အတုပါလို ဝေဖန်တာကြောင့် လက်ဆောင်ပေးတဲ့ ပရိသတ် စိတ်ထိခိုက်မှာစိုးတာကြောင့် သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုရင်ဖွင့်ပြောဆိုထားပါတယ်။

ဝိုင်းလေးက “မောင်လေး Kaung Htet Myat ရေ နေရာတကာ Brand အတုလား အစစ်လား ဖြဲကြည့်ပြီး သေချာစစ်ဆေးပေးတဲ့ မောင်လေးလို လူတစ်စု ဒီလောကကြီးမှာ ရှိတာ ကောင်းပါတယ်အစ်မတို့လည်း သိရတာပေါ့မောင်လေး ပြောသလို အိတ်အတု နဲ့ ဆိုတဲ့စကားလုံးက လေ အစ်မအတွက် တန်ဖိုးအရမ်းကြီးနေတယ်မောင်လေးပြောတဲ့ အဲ့ဒီ Christian Dior တံဆိပ် ကြီးကို မဟုတ်ဘူးနော် အဲ့ဒီမောင်လေးပြောတဲ့ အတုဆိုတဲ့အိတ်ကလေး ဘာလို့လည်း သိလား အဲ့ဒီအိတ်က အစ်မကို အရမ်းချစ်တဲ့ Fan တစ်ယောက်က သူချွေးနည်းစာလေးစုပြီး အတတ်နိုင်ဆုံး ဝယ်ပေးထားတာ ။

အစ်မအတွက်ကလေ ဒီအနုပညာအလုပ်ကို ရိုးရိုးသားသား ကြိုးစားပြီး ကိုယ့်အနုပညာကြေးလေးနဲ့ မိဘကိုရှာကျွေးပြီး ရှင်သန်လာတာ အဲဒီ Branded ပစ္စည်းတွေကို မက်မောတဲ့သူထဲမပါဘူးနော် အစ်မအတွက် Fancy တွေကလည်း Brand ပါပဲ ကိုယ်မဝယ်နိုင်လည်း အနုပညာရှင်ဖြစ်လို့ အတုကိုင်တယ် အစစ်ကိုင်တယ် အစ်မစိတ်မဝင်စားဘူးနော် အတုကိုင်လည်း အစ်မကအစ်မပါပဲ အစ်မရှာထားတဲ့ပိုက်ဆံနဲ့ စုဝယ်ပြီး အစစ်ကိုင်လည်း အစ်မက ဝိုင်းလေးပါပဲ အနည်းဆုံးတော့ စိတ်သန့်တယ် ငါ့မောင်ရေ

အစ်မဆီမှာလေ အစ်မကိုချစ်လို့ပေးတဲ့ အိတ် ဖိနပ်ကလေးတွေ ပျက်စီးခါနီးတိုင်း အသစ်ရောက်ရောက်လာတယ် သူတို့ပေးတာလေးတွေက ကိုယ့်အတွက် Brand ပဲ အတုဖြစ်ဖြစ်အစစ်ဖြစ်ဖြစ် စိတ်မဝင်စားဘူးရယ် ပိုလို့တောင် ဂုဏ်ယူသေးသူများကိုသာ လက်ညိုးထိုး လှောင်နေတဲ့ စိတ်ဓာတ်ကသာ သိပ်ရှက်ဖို့ကောင်းတယ်ကွယ် ကိုင်တဲ့ပစ္စည်းတွေကို အတုစစ်ခွဲမဲ့အစား ပင်ကိုယ်အရည်သွေးကိုသာ Branded ဖြစ်အောင်လုပ်ပါနော်စိတ်ကိုမြင့်မြင့်ထားပါမောင်လေး ရေအစ်မက အတုကိုင်ကိုင်အစစ်ကိုင်ကိုင် ကိုယ်ကိုယ်တိုင်က Branded ဖြစ်ပြီးသားပါမောင်လေးရေ နောက်လည်း အဆင်ပြေတာ ဝတ်ပါရစေ သုံးပါရစေနော် ”

“အစ်မ fan လေး ခုသူ ဝမ်းနည်းနေရပြီသူရှက်သွားမယ်အားငယ်သွားမယ်အစ်မကို မျက်နှာပူနေမယ်သူ့ကြောင့်ပြောခံနေရတယ်ဆိုပြီး အစ်မ စိတ်မကောင်းပါဘူး.. Media များ လူစိတ်ဝင်စားတဲ့ ခေါင်းစဉ်နဲ့ အိတ်အတုကိုဖြေရှင်းတဲ့ခေါင်းစဉ်ဆိုပြီး တပ်အုန်းမလား ? ?Attention လိုချင်တယ်ဆိုပြီး အောက်က ပရိတ်သတ်ကကော ပျော်ပျော်ကြီးဆဲကြအုန်းမလား ? ဒီနိုင်ငံမှာ အနုပညာရှင်လာဖြစ်ရတာ စိတ်မကောင်းပါဘူး ဒီလို ရင်ဖွင့်ပြီးရေးတာ ဒါနောက်ဆုံးအကြိမ်ပါပဲ

ကျွန်မအတွက် မဟုတ်ဘူးနော်

ကျွန်မကို အားပေးနေတဲ့ လူတချို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှာမလိုလားလို့ ရင်ဖွင့်တာပါ(အိတ်အတုအကြောင်း ရင်ဖွင့်တဲ့ဝိုင်းလေးလို့ ခေါင်းစဉ်တပ်အုန်းမလား?)
စာရှည်သွားလား ဝမ်းနည်းနေသော fan တယောက်အတွက်မို့ လျစ်လျူရှုလိုက်ပါမယ်Dear my fans စိတ်မကောင်းမဖြစ်ပါနဲ့ i will love u always and proud of you ” ဆိုပြီးပြောထားပါတယ်။။

ဝိုင်းလေးကို တိုက်ခိုက်ထားတဲ့ Post

အဆိုတော်ဝိုင်းလေး ရဲ့ ရင်ဖွင့်ထားတဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;wint yee shunn

Top
//thefacux.com/4/3018672