ကျောင်းဆရာမလေး တစ်ဦး အဖြစ် သရုပ်ဆောင်နေတဲ့ ဘေဘီမောင်

အနုပညာလောက ထဲကို Photo မော်ဒယ် တစ်ဦးအနေနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး သရုပ်ဆောင် ဘက်ကို ပြောင်းလုပ်ရာမှာ အောင်မြင်မှုတွေရရှိလာတဲ့ သရုပ်ဆောင် ဘေဘီမောင် ဟာဆိုရင် ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင် တစ်ဦးပါ။ သူမက သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင် နိုင်တာကြောင့် သူမကို ချစ်တဲ့အမာခံ ပရိသတ်တွေရရှိပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ဘေဘီမောင် ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဘေဘီမောင်က အမိုက်စား Body ကို ပိုင်ဆိုင်ထားပြီး ခေတ်လူငယ် ပုံစံ လေးတွေနဲ့ လည်း လိုက်ဖက် သလို မြန်မာဝတ်စုံ လေး နဲ့ လည်း ကျက်သရေ ရှိရှိ လှသူလေးပါ။ဒီတစ်ခါမှာတော့ သူမက ကျောင်းဆရာမလေး ဇာတ်ရုပ်နဲ့ ရိုက်ကူးရေးလုပ်နေတာပါ။ဘေဘီမောင်ကို ဆရာမလေး အဖြစ်နဲ့ ကျက်သရှိရှိမြင်တွေ့ရတာပါ။

ဆရာမလေး ဘေဘီမောင် ရဲ့ ကျက်သရေရှိတဲ့ ပုံရိပ်ကလေးတွေ ကို ပရိသတ်တွေ သဘောကျကြလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူး အထူးတင်ရှိပါတယ်နော်။

CRD-Momolay