ေဒါင္းနဲ႔ ၿပိဳင္ၿပီး Ro မယ့္အေၾကာင္းေျပာျပသြားတ့ဲ ခါရာ

ျမန္မာအက္ရွင္ ရုပ္ရွင္ဇာတ္ကားေတြ ျပန္လည္ ရိုက္ကူးလာတဲ့ ဒီဘက္ႏွစ္ အပိုင္းအျခားထဲမွာ အဓိက သ႐ုပ္ေဆာင္ေနရာကေန အက္ရွင္ကားေတြမွာ ဇာတ္ေကာင္စရိုက္ပီျပင္ေအာင္ သရုပ္ေဆာင္ႏိုင္တဲ့ ဗလေတာင့္ေတာင့္ ရုပ္ေျဖာင့္႐ုပ္ေျဖာင့္နဲ႔ ပ်ိဳတိုင္းႀကိဳက္တ့ဲႏွင္းဆီခိုင္ ခါရာကိုေတာ့ အထူးမိတ္ဆက္ေပးစရာ လိုမယ္ မထင္ပါဘူး ။ အခုနဲ႔ Myanmar Celebrity နဲ႔ အင္တာဗ်ဴးမွာ ေျပာျပျပသြားတဲ့ ေဒါင္းနဲ႔ အၿပိဳင္သရုပ္ေဆာင္ရမယ့္ အေၾကာင္းကိုပရိသတ္ေတြသိေအာင္ ေျပာျပေပးလိုက္ပါတယ္ ။

အခ်စ္ကား ရိုက္ဖို႔႐ိွတယ္ ဆိုတဲ့အေၾကာင္းကို ခါရာက “ အ့ဲဒါက ဒီႏွစ္အစပိုင္းကတည္းကေျပာထားတာေပါ့ေနာ္ သူတို႔ထုတ္လုပ္ေရး ကေနၿပီး Announce လုပ္လိုက္တယ္ ။ ပရိသတ္ေတြ႐ိုက္ေစခ်င္တဲ့ အခ်စ္ကားကို ဒီႏွစ္ က်ေနာ္တို႔ရိုက္မယ္ေပါ့ေနာ္။ ဒါ႐ိုက္တာကလည္း အရမ္း Romantic ျဖစ္တဲ့ ကိုေအာင္ျမတ္ ဆိုေတာ့ အရမ္းရင္ခုန္ပါတယ္ ။ ဒီကားေလးမွာ က်ေနာ့္အေနနဲ႔ကေတာ့ ခပ္ပါးပါးေလးပဲ လုပ္သြားမယ္ေပါ့ေနာ္ ။ တကယ့္ကို သ႐ုပ္ေဆာင္တဲ့အပိုင္းမွာလည္း သ႐ုပ္မေဆာင္သလို ကိုယ့္ကို္ယ္ကိုယ္ သတိထားၿပီးေတာ့ အဓိကက ကာရိုက္တာကို ဒီဇာတ္ထဲမွာ စီးေျမာသြားတဲ့ ပံုစံမ်ိဳးေလး ခပ္ပါးပါးေလးနဲ႔ တကယ္လည္း ရင္ထဲကေနၿပီးေတာ့ အခ်စ္ဆိုတဲ့အရာကို ေပၚလြင္ေအာင္ အတတ္ႏိုင္ဆံုး ႀကိဳးစားသြားမွာပါ”လို႔ေျပာျပသြားပါတယ္ ။

ဇာတ္ကားနဲ႔ပတ္သက္ၿပီးေတာ့လည္း “ မင္းသမီးကလည္းႏွစ္ေယာက္ မင္းသားကလည္း ႏွစ္ေယာက္ဆိုေတာ့ ဘယ္လိုေတြ ျဖစ္ၾကမလဲ စိတ္ဝင္စားဖို႔ေကာင္းပါတယ္ ။ ပံုမွန္ခန္႔မွန္းလို႔ရတဲ့ ဇာတ္လမ္းတစ္ခုေတာ့မဟုတ္ဘူး ။ အရမ္းကို ေခတ္မီၿပီးေတာ့ အခ်စ္ဆိုတဲ့ဟာကုိ ဘယ္လိုျပမလဲေပါ့ ။ ေဒါင္းကလည္း သူ႔ပံုစံနဲ႔သူ က်ေနာ္ကလည္း က်ေနာ့္ပံုစံနဲ႔ က်ေနာ္ျပလိမ့္မယ္ အဲ့ဒီလိုမ်ိဳးကား ။ အကုန္လံုးကေတာ့ မင္းသား First Second ဆုိတာမ်ိဳးမဟုတ္ဘဲနဲ႔ သူ႔ေနရာနဲ႔သူ သူ႔ရဲ႕ ကာ႐ိုက္တာနဲ႔သူ ေပၚလြင္မွ ေကာင္းမယ့္ကားမ်ိဳးေပါ့ ။ ဒီကားက ပိုၿပီးေတာ့ ပရိသတ္ရင္ထဲကို ေရာက္မယ္။

အကုန္လံုးကေထာင့္ေပါင္းစံုကေနၿပီးေတာ့ ေကာင္းဖို႔လိုတယ္ ။ အဲ့ဒီလိုမ်ိဳးကားေလးေပါ့ ။ ဒီကားထဲမွာက အကုန္လံုးက ႏုႏုေလးနဲ႔ပဲသြားၾကမယ္ေပါ့ ။ ေဒါင္းနဲ႔ ကပထမဦးဆံုး ဆံုျဖစ္တာပါ ။ ဒီကားေလးက အူထဲမွာ ကက်ိက်ိျဖစ္မယ့္ကားမ်ိဳးေလးေပါ့ အသည္းထဲမွာ အူထဲမွာ အားမလိုအားမရျဖစ္မယ္ ။ ခ်စ္တတ္တဲ့သူေတြဆိုရင္ ပိုၿပီးေတာ့ ၾကည့္သင့္တဲ့ကားမ်ိဳးေပါ့ ။”ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္ ။

CRD- ေျပာခ်င္လြန္းလို႔

UNICODE

မြန်မာအက်ရှင် ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးလာတဲ့ ဒီဘက်နှစ် အပိုင်းအခြားထဲမှာ အဓိက သရုပ်ဆောင်နေရာကနေ အက်ရှင်ကားတွေမှာ ဇာတ်ကောင်စရိုက်ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဗလတောင့်တောင့် ရုပ်ဖြောင့်ရုပ်ဖြောင့်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ခါရာကိုတော့ အထူးမိတ်ဆက်ပေးစရာ လိုမယ် မထင်ပါဘူး ။ အခုနဲ့ Myanmar Celebrity နဲ့ အင်တာဗျူးမှာ ပြောပြပြသွားတဲ့ ဒေါင်းနဲ့ အပြိုင်သရုပ်ဆောင်ရမယ့် အကြောင်းကို ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

အချစ်ကား ရိုက်ဖို့ရှိတယ် ဆိုတဲ့အကြောင်းကို ခါရာက “ အဲ့ဒါက ဒီနှစ်အစပိုင်းကတည်းကပြောထားတာပေါ့နော် သူတို့ထုတ်လုပ်ရေး ကနေပြီး Announce လုပ်လိုက်တယ် ။ ပရိသတ်တွေရိုက်စေချင်တဲ့ အချစ်ကားကို ဒီနှစ် ကျနော်တို့ရိုက်မယ်ပေါ့နော်။ ဒါရိုက်တာကလည်း အရမ်း Romantic ဖြစ်တဲ့ ကိုအောင်မြတ် ဆိုတော့ အရမ်းရင်ခုန်ပါတယ် ။ ဒီကားလေးမှာ ကျနော့်အနေနဲ့ကတော့ ခပ်ပါးပါးလေးပဲ လုပ်သွားမယ်ပေါ့နော် ။ တကယ့်ကို သရုပ်ဆောင်တဲ့အပိုင်းမှာလည်း သရုပ်မဆောင်သလို ကိုယ့်ကိုယ်ကိုယ် သတိထားပြီးတော့ အဓိကက ကာရိုက်တာကို ဒီဇာတ်ထဲမှာ စီးမြောသွားတဲ့ ပုံစံမျိုးလေး ခပ်ပါးပါးလေးနဲ့ တကယ်လည်း ရင်ထဲကနေပြီးတော့ အချစ်ဆိုတဲ့အရာကို ပေါ်လွင်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ”လို့ပြောပြသွားပါတယ် ။

ဇာတ်ကားနဲ့ပတ်သက်ပြီးတော့လည်း “ မင်းသမီးကလည်းနှစ်ယောက် မင်းသားကလည်း နှစ်ယောက်ဆိုတော့ ဘယ်လိုတွေ ဖြစ်ကြမလဲ စိတ်ဝင်စားဖို့ကောင်းပါတယ် ။ ပုံမှန်ခန့်မှန်းလို့ရတဲ့ ဇာတ်လမ်းတစ်ခုတော့မဟုတ်ဘူး ။ အရမ်းကို ခေတ်မီပြီးတော့ အချစ်ဆိုတဲ့ဟာကို ဘယ်လိုပြမလဲပေါ့ ။ ဒေါင်းကလည်း သူ့ပုံစံနဲ့သူ ကျနော်ကလည်း ကျနော့်ပုံစံနဲ့ ကျနော်ပြလိမ့်မယ် အဲ့ဒီလိုမျိုးကား ။ အကုန်လုံးကတော့ မင်းသား First Second ဆိုတာမျိုးမဟုတ်ဘဲနဲ့ သူ့နေရာနဲ့သူ သူ့ရဲ့ ကာရိုက်တာနဲ့သူ ပေါ်လွင်မှ ကောင်းမယ့်ကားမျိုးပေါ့ ။ ဒီကားက ပိုပြီးတော့ ပရိသတ်ရင်ထဲကို ရောက်မယ်။

အကုန်လုံးကထောင့်ပေါင်းစုံကနေပြီးတော့ ကောင်းဖို့လိုတယ် ။ အဲ့ဒီလိုမျိုးကားလေးပေါ့ ။ ဒီကားထဲမှာက အကုန်လုံးက နုနုလေးနဲ့ပဲသွားကြမယ်ပေါ့ ။ ဒေါင်းနဲ့ ကပထမဦးဆုံး ဆုံဖြစ်တာပါ ။ ဒီကားလေးက အူထဲမှာ ကကျိကျိဖြစ်မယ့်ကားမျိုးလေးပေါ့ အသည်းထဲမှာ အူထဲမှာ အားမလိုအားမရဖြစ်မယ် ။ ချစ်တတ်တဲ့သူတွေဆိုရင် ပိုပြီးတော့ ကြည့်သင့်တဲ့ကားမျိုးပေါ့ ။”ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။