
ချစ်သဲမေ CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်
“ကလေးမွေးရင် အမွှာပူးလေးပဲမွေးချင်ပါတယ်ဆိုတဲ့ မမသင်ဇာ”
လတ်တလော “မြ” ရုပ်ရှင်ဇာတ်ကားမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်မယ့် မမသင်ဇာကတော့ အိမ်ထောင်ပြုပြီး ကလေးမွေးရင် အမွှာလေးပဲမွေးမယ်ဆိုတဲ့ အကြောင်း Comment တွေမှတစ်ဆင့် ထုတ်ပြောလိုက်ပါပြီ။ လေဆိပ်မှာ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဝေလျှံနဲ့ဆုံတွေ့ခဲ့ပြီး သူရဲ့ သားဦးအမွှာလေးနှစ်ယောက်ကို တွေ့ပြီးနောက် ” ကလေးမြင်ရင်ကိုအသဲတွေယားတာ မွေးဦးမှပဲ တယောက်လောက်တော့ အမွှေပေါ့”ဆိုပြီး ကလေးအမွှာလေးမွေးဖို့ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။
သူမရဲ့ ရေးသားဖော်ပြချက်အပေါ် ပရိသတ်တချို့က ဝေဖန်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တစ်ဦးက” မွေးရင် မိန်းကလေးဘဲမွေးနော် ဒါမှ ဂါဝန်လေးတွေ အကိုချုပ်ပေးလို့ရမှာ”လို့အကြံပေးချက်အပေါ် သင်ဇာက”ဟုဟု အမွှာပူးတခါထဲမွေးချင်တာ” လို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ နောက်ထပ်အမျိုးသားပရိသတ်တစ်ဦးကလည်း ” မွေးလို့ရောရပ့ဦးမလားဗျာ”လို့ ဝေဖန်ပြောဆိုမှုပြုလုပ်ခဲ့တာဖြစ်ပြီး”အမအကြောင်းကိုစိတ်မဝင်စားချင်ပါနဲ့မောင်လေးရယ် မောင်လေးရဲ့အမေတို့ အမတို့ နှမတို့ ချစ်သူတို့အကြောင်းပဲစိတ်ဝင်စားပါနော် မောင်လေး”လို့ သင်ဇာက ပညာသားပါပါနဲ့ ပြန်လည်ချေပလိုက်ပြန်ပါတယ်။
မိန်းမသားတစ်ယောက်ဖြစ်တာမို့ မိခင်စိတ်ရှိတဲ့ သင်ဇာကတော့ သူမရဲ့ နောင်လာမယ့် အနာဂတ်မှာ အိမ်ထောင်ပြုပြီး ကလေးအမွှာပူးလေးတွေကို မွေးမှာမို့ သင်ဇာရဲ့ သားသား၊မီးမီး အမွှာလေးတွေကိုရော ပရိသတ်ကြီးကချစ်ကြမှာလား။
သင်ဇာဟာ လက်ရှိမှာတော့ ဒါရိုက်တာညိုမင်းလွင် ပုံဖော်ရိုက်ကူးမယ့် “မြ”ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး ဒီဇာတ်ကားကိုတော့ ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင်မျှော်နေကြတာဖြစ်ပါတယ်။”မြ”ရုပ်ရှင်ဇာတ်ကားမှာ သင်ဇာက မြကာရိုက်တာကနေ ပါဝင်သရုပ်ဆောင်မှာဖြစ်တဲ့ အတွက် မုဒိမ်းသရုပ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ လျှောက်ထားသူ ပုရိသတွေကလည်း ပိုမိုများပြားလာတယ်လို့ သိရတာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်…..။
Source :Thin Zar Wint Kyaw
ချစ်သဲမေ CeleGabar