You are here
Home > အနုပညာ > “မြန်မာနိုင်ငံ မှာသာမက New York အထိ သရုပ်ဆောင် စွမ်းရည်တွေချပြ လိုက်တဲ့ ပိုင်ဖြိုးသု”

“မြန်မာနိုင်ငံ မှာသာမက New York အထိ သရုပ်ဆောင် စွမ်းရည်တွေချပြ လိုက်တဲ့ ပိုင်ဖြိုးသု”

“Three Girls”ရုပ်ရှင် ဇာတ်ကားနဲ့ ပထမဆုံးအကယ်ဒမီဆုကို ထိုက်တန်စွာသိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းမှ စင်တင်ပေးလိုက်တဲ့ နိုင်ငံကျော်မင်းသမီးတွေထဲက တစ်ဦးအပါအ၀င်လည်းဖြစ်ပါတယ်။ သူမကတော့ နှစ်တစ်နှစ်ရဲ့ အစပြုတဲ့နေ့ဖြစ်တဲ့ ဇန်န၀ါရီလ (၁)ရက်နေ့မှာတော့ (၅)နှစ်တာလက်တွဲခဲ့တဲ့ ချစသူဒါရိုက်တာဏကြီးနဲ့ ထိမ်းမြှားလက်ထပ်ခဲ့ပါတယ်။

ဒါရိုက်ဏကြီး ဦးစီးပြီး ရိုက်ကူးတဲ့ “မီ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပရိသတ်တွေရဲ့ အကယ်ဒမီ မှန်းရလောက်တဲ့ အထိ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေကို မြင်တွေ့ရခဲ့ပါတယ်။နှစ်ကုန်ပိုင်းမှာ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးနဲ့ အတူရုပ်ရှင်ဇာတ်ကား တစ်ကားရိုက်ကူးဖို့အတွက် New York က အနုပညာကျောင်းမှာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို သွားရောက်သင်ကြား ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ သာမက New York အထိ သရုပ်ဆောင်စွမ်းရည်တွေကိုတော့ သင်တန်းကျောင်းမှ သူငယ်ချင်းတွေနဲ့ပေါင်းပြီးရိုက်ထားတဲ့ “Rose” ဆိုတဲ့ Short Film လေးမှာတော့ အဓိကနေရာမှာ ပါဝင်သရုပ်ဆောင်ထားပြီး အကောင်းဆုံးချပြခဲ့ပါတယ်။ ပိုင်ဖြိုးသုကတော့ သူမ ရဲ့ Short Film လေးကို လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားတာကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

crd : celegabar

Top
//meenetiy.com/4/3018672