ဘူေဖးဆိုင္အသစ္ၾကီးကို ခမ္းခမ္းနားနား ဖြင့္လွစ္ခဲ့တဲ့ သဥၨာႏြယ္ဝင္းတို့ ဇနီးေမာင္နွံ

နုိင္ငံေက်ာ္ မင္းသမီးေခ်ာေလး သဥၨာႏြယ္ဝင္းကေတာ့ ခ်စ္စရာေကာင္းတဲ့ အမူအယာေလးေတြေၾကာင့္ ပရိသတ္ေတြရဲ့ အခ်စ္ေတြ မ်ားစြာကို ရရိွပိုင္ဆိုင္ခဲ့သူေလးပါ။ သဥၨာႏြယ္ဝင္းက အိမ္ေထာင္က်ျပီးေနာက္ပိုင္းမွာေတာ့ အနုပညာလုပ္ငန္းေတြထက္ ခင္ပြန္းျဖစ္သူနဲ့ စီးပြားေရးလုပ္ငန္းေတြကိုသာ ေဇာက္ခ် လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ သဥၨာႏြယ္ဝင္းက စီးပြားေရးလုပ္ငန္းေတြတစ္ဖက္နဲ့ သူမခ်စ္တဲ့ မိသားစုေလးကို အခ်ိန္ေပးဂရုစိုက္ေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့ စက္တင္ဘာလ (၆) ရက္ေန့မွာေတာ့ သဥၨာႏြယ္ဝင္းတို့ ဇနီးေမာင္နွံက သူတုိ့ရဲ့ ငါးဆိုင္ေျမာက္ ဘူေဖးဆိုင္ၾကီးျဖစ္တဲ့ AKA (Ahlone) Yakiniku buffet restaurant ဆိုင္ဖြင့္ပြဲကို ရန္ကုန္ျမိဳ့၊ အလံုျမိဳ့နယ္၊ သစ္ေတာလမ္းမွာ က်င္းပျပုလုပ္ခဲ့တာ ျဖစ္ပါတယ္။

သဥၨာႏြယ္ဝင္းတို့ ဇနီးေမာင္နွံ ေရွ့မွာဖြင့္လွစ္ခဲ့တဲ့ ဘူေဖးဆိုင္ေတြကလည္း ေတာ္ေတာ္ေလး ေအာင္ျမင္ခဲ့တာျဖစ္ျပီး လုပ္ငန္းေတြ ဆက္လက္တိုးခ်ဲ့လာရာမွ အခုဆိုရင္ ငါးဆိုင္ေျမာက္ထိ ဖြင့္လွစ္နုိင္ခဲ့တာ ျဖစ္ပါတယ္။

သဥၨာႏြယ္ဝင္းကေတာ့ လက္ရိွမွာ ခ်စ္စရာေကာင္းတဲ့ သားေလး Peach Lay ကို ေမြးဖြားထားျပီး မၾကာခင္မွာလည္း သမီးေလးတစ္ေယာက္ကို ထပ္မံေမြးဖြားမွာ ျဖစ္တယ္လုိ့ သိရပါတယ္။သဥၨာႏြယ္ဝင္းကေတာ့ ေႏြးေထြးလံုျခံုတဲ့ မိသားစုေလးနဲ့ ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းကို ပိုင္ဆိုင္ထားနို္င္တဲ့ အားက်ဖြယ္ အမ်ိဳးသမီးတစ္ဦးပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း သဥၨာႏြယ္ဝင္းတို့ ဆုိင္သစ္ဖြင့္ပြဲပံုရိပ္ေတြကိုၾကည့္ျပီး ေက်နပ္ၾကမယ္ ထင္ပါတယ္ေနာ္။

CRD_Rowena,Source: Momolay Tv

UNICODE

နိုင်ငံကျော် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ချစ်စရာကောင်းတဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေ များစွာကို ရရှိပိုင်ဆိုင်ခဲ့သူလေးပါ။ သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေထက် ခင်ပွန်းဖြစ်သူနဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာ ဇောက်ချ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက စီးပွားရေးလုပ်ငန်းတွေတစ်ဖက်နဲ့ သူမချစ်တဲ့ မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၆) ရက်နေ့မှာတော့ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံက သူတို့ရဲ့ ငါးဆိုင်မြောက် ဘူဖေးဆိုင်ကြီးဖြစ်တဲ့ AKA (Ahlone) Yakiniku buffet restaurant ဆိုင်ဖွင့်ပွဲကို ရန်ကုန်မြို့၊ အလုံမြို့နယ်၊ သစ်တောလမ်းမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ ရှေ့မှာဖွင့်လှစ်ခဲ့တဲ့ ဘူဖေးဆိုင်တွေကလည်း တော်တော်လေး အောင်မြင်ခဲ့တာဖြစ်ပြီး လုပ်ငန်းတွေ ဆက်လက်တိုးချဲ့လာရာမှ အခုဆိုရင် ငါးဆိုင်မြောက်ထိ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားလေး Peach Lay ကို မွေးဖွားထားပြီး မကြာခင်မှာလည်း သမီးလေးတစ်ယောက်ကို ထပ်မံမွေးဖွားမှာ ဖြစ်တယ်လို့ သိရပါတယ်။သဉ္ဇာနွယ်ဝင်းကတော့ နွေးထွေးလုံခြုံတဲ့ မိသားစုလေးနဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်ထားနိုင်တဲ့ အားကျဖွယ် အမျိုးသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဉ္ဇာနွယ်ဝင်းတို့ ဆိုင်သစ်ဖွင့်ပွဲပုံရိပ်တွေကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်နော်။

CRD_Rowena,Source: Momolay Tv