
Beauty Blogger တစ်ဦးအဖြစ် လူမှုကွန်ယက်မှာ နာမည်ကြီးလာခဲ့ပြီး ပရိသတ်တွေ အများအပြား ရရှိလာတဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ ပထဆုံးရုပ်ရှင်ဇာတ်ကားကြီး “ရန်သူ” မှာ အနုပညာစွမ်းရည်တွေကို အစွမ်းကုန်ချပြနိုင်ခဲ့ပြီး အခုဆိုရင်ခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ဇာတ်ကားတွေကို လည်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ နေခြည်ဦးက သူမရဲ့ beautybynaychi Page မှာ Follower တစ်သန်း ရလို့ ပျော်ရွှင်နေကြောင်း မျှဝေထားပါတယ်။ မြန်မာနိုင်ငံမှာက လူဦးရေ (၅၄)သန်းကျော်ရှိတဲ့အတွက် နေခြည့်ကို အားပေးသူတွေက (၅၄)ပုံ ပုံရင် (၁) ပုံစာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။
နေခြည်ဦးကတော့ သူမ Beauty Blogger အဖြစ် ရပ်တည်လာတဲ့ နှစ်နှစ်ကျော်ဆိုတဲ့ အချိန်အတွင်းမှာ ဒီလောက်တောင် အောင်မြင်လာလို့ သူမကိုယ်သူမ မယုံကြည်နိုင်အောင် ဖြစ်နေတာပဲ ဖြစ်ပါတယ်။
နေခြည်ဦးက လက်ရှိမှာတော့ သူမရဲ့ Beauty Blogger လုပ်ငန်းအပြင် အနုပညာလုပ်ငန်းတွေကိုပါ သင့်တင့်မျှတစွာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ဒေါင်းနဲ့အတူတူ ရုပ်ရှင်ဇာတ်ကားကြီး တစ်ခုကို အတူတူ ပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။
နေခြည်ဦးကတော့ သူမရဲ့ ထူးခြားတဲ့ ပါရမီကြောင့် အချိန်တိုလေးအတွင်းမှာ အောင်မြင်လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးကို ဒီထက်မက ပိုပြီး အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။
Rowena
Source: beautybynaychi