ဦးတွေ ကိုကြီးတွေလန်းပြီဆိုရင် မင်းသားတွေရှုံးသွားမယ်ဆိုတဲ့ ပိုပို

ပိုပိုလို့ ဆိုလိုက်တာနဲ့ အမိုက်စားသီချင်းတွေကို ကိုယ်တိုင်ဖန်တီးပြီး၊ ခံစားချက်အပြည့်နဲ့ သီဆိုလေ့ရှိတဲ့ အဆိုတော်မလေးတစ်ဦးလို့ ပရိသတ်တွေက ပြေးမြင်မိကြမှာပါ။ ပျော်ပျော်နေတတ်တဲ့ ပိုပိုကတော့ အမြဲလိုလို သူမရဲ့ဖေ့စ်ဘုတ်မှာ စာလေးတွေ ကဗျာလေးတွေရေးပြီး တင်လေ့ရှိပါတယ်။

လတ်တလောမှာတော့ ပိုပိုက အရမ်းကို ခန့်သန့်တဲ့ အဆိုတော်ကြီး ချစ်ကောင်းရယ်၊ အဆိုတော် ဖြိုးကြီးရယ်နဲ့အတူ ရိုက်ကူးထားတဲ့ အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပိုပိုကတော့ အရမ်းလန်းတဲ့ ဦးတွေ ကိုကြီးတွေရဲ့ကြားမှာ ဂေါ်နေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ကိုကြီးနဲ့ ဦးကြားမှာ အရမ်းဂေါ်နေတဲ့ ပိုပိုရဲ့အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုပိုကတော့ “ဦးတို့ ကော်ရီးတို့ လန်းပြီးဆိုရင် လဲ မင်းသားတွေ ရှုံးသွားမယ် မောင်လေးတွေ လဲ နေခဲ့ အယ့်လယ် ” ဆိုပြီး ချစ်ကောင်း၊ ဖြိုးကြီးတို့နဲ့ ရိုက်ကူးထားတဲ့ ခပ်မိုက်မိုက်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။

အဆိုတော်တွေဖြစ်ကြတဲ့ ဦးချစ်ကောင်း၊ ဖြိုးကြီးနဲ့ ပိုပိုတို့သုံးဦးကတော့ ဒါရိုက်တာ ဇင်ရော်မောင်မောင် ရိုက်ကူးနေတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

အဆိုတော် ပိုပိုကတော့ လတ်တလောမှာ သူ့ရဲ့သီချင်းတွေအတွက် ပရိသတ်စိတ်ဝင်စားမယ့် အမိုက်စား MTV တွေ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ ချစ်စရာကောင်မလေး ပိုပိုရဲ့အချစ်ရေးကတော့ အခုအချိန်အထိ တစ်ကိုယ်တည်းပါပဲတဲ့နော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းဂေါ်တဲ့ ဦးနဲ့ ကိုကြီးကြားက အလန်းစားကောင်မလေး ပိုပိုကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Po Po’s Facebook