မွေးနေ့အမှတ်တရအဖြစ် ပြင်ဦးလွင်ဖားအောက်တောရမှာ ကျောင်းရေစက်ချလှူဒါန်းခဲ့တဲ့ နဝရတ်

အနုပညာကို ရူးသွပ်စွာ လုပ်ကိုင်ခဲ့တဲ့ မင်းသမီးချောလေး နဝရတ်ကတော့ ရုပ်ရှင်လောကရဲ့ ထိပ်တန်း မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ နဝရတ်ရဲ့ သရုပ်ဆောင်မှုနဲ့ အနုပညာအပေါ် တန်ဖိုးထားချစ်တဲ့စိတ်ကတော့ ပရိသတ်တွေကြား ပြောစမှတ်တွင်နေရတာ ဖြစ်ပါတယ်။ နဝရတ်က စိတ်မကောင်းစွာနဲ့ပဲ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီ ဖြစ်ပေမယ့် ပရိသတ်တွေကတော့ သူမကို ဒီနေ့ဒီအချိန်ထိ ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၆) ရက်နေ့ကတော့ နဝရတ်ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ နဝရတ်က သူမရဲ့ မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေ လုပ်ပြီး အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။

နဝရတ်က သူမရဲ့ မွေးနေ့အမှတ်တရအဖြစ် ပြင်ဦးလွင်ဖားအောက်တောရမှာ ကျောင်းရေစက်ချအလှုတော်နဲ့ မွေးနေ့ပွဲလေးကို အကျဉ်းချုံး ကျင်းပခဲ့တယ်လို့ သိရပါတယ်။

နဝရတ်ကတော့ ပြင်ဦးလွင်မှာရှိတဲ့ သူမရဲ့ နေအိမ်မှာသာ အနေများပြီး ရန်ကုန်ကို အလုပ်ရှိမှသာ တစ်ခါတစ်ရံ ပြန်လာလေ့ရှိတယ်လို့ သိရပါတယ်။

နဝရတ်က အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေကတော့ သူမကို ဒီနေ့ဒီအချိန်ထိ ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။ မိုမိုလေး ချစ်ပရိသတ်ကြီးလည်း မင်းသမီးချောလေး နဝရတ်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးခဲ့ကြပါဦးနော်။

Rowena
Source: Na Wa Ratt & Thae Phyu’s fb