
ကျောင်းကပွဲ တစ်ခုမှာ ကပြဖျော်ဖြေရာမှ အွန်လိုင်း မှာ နာမည်ကြီးခဲ့ပြီး ပရိသတ်အခိုင်အမာ ရှိလာတဲ့ ဟာသမယ်လေးဖြူဖြူထွေးက ရယ်မောစရာ ကကွက်ဆန်းတွေ နဲ့ လက်ရှိအချိန်ထိ အောင်မြင်မှုတွေရှိလာခဲ့ပါတယ်။ သူဟာ အဲ့ဒီအချိန်ကစပြီး ကြော်ငြာတွေများစွာ ရိုက်ကူး လာရခါ ရုပ်ရှင်ကားတစ်ကားလဲ ရိုက်ကူးပုံဖော်ထားပါတယ်။ သူက လက်ရှိမှာတော့ အနုပညာကြေးတွေမြင့်တက်နေတယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာကြောင် သူမက အနုပညာကြေး မြင့်တာမဟုတ်ဘူး သူ့နေရာနဲ့သူ သူ့ဈေး နဲ့သူရှိနေတယ်လို့လဲ ပြောပြလာခဲ့ပါတယ်။
သူကတော့ “ ကြော်ငြာခဒီလောက်ဈေးကြီးလားပေါ့နော် ပြောချင်ပြောလိမ့်မယ် ပေါ့နော် ဈေးနှုန်ကတော့ ပုံမှန် အတိုင်းလေးဘဲ သူတို့လဲ ဒီဈေးကိုယ်လဲဒီဈေးပါဘဲ တစ်ချို့က တစ်ကယ်ငှားနိုင်ရင် တကယ်ခေါ်ရိုက်ကြတာပ်ဘဲ ။ တစ်ချို့ကြတော့ ဈေးမေးပြီးပြန်မဆက်သွယ်တော့ဘူးလေ တစ်ချို့ကလဲမေးပြီး ရိုက်မယ့် ဒိတ်ကို တစ်ခါထဲ ချိန်းသွား တာမျိုးလဲ ရှိတယ် နောက်ပိုင်းမှာတော့ အလုပ်တွေကများများလာတော့ သိသိလာတယ် ကိုယ့်ရဲ့ပရိသတ်နည်းနည်းများလာရင် ပုံမှန် ထက်ပိုပြီး ပေးကြတယ်”
“ အနုပညာကြေးကဈေးမကြီးပါဘူး ဘာလဲ ဆိုတော့ သူတို့လဲ သူတို့ငှားနိုင်တဲ့ အတန်းစားပေါ့နော် အမအဲ့လောက်တော့မတက်နိုင်ဘူး ဆိုရင် ပုံမှန်ဈေးနဲ့ဘဲ လုပ်ပေးတယ် ။ ဈေးနှုန်းကပုံသေ မရှိဘူး အွန်လိုင်းကြော်ငြာတွေကတော့ အတူတူပါဘဲ TVC တို့ဘာတို့ကတော့ နည်းနည်းကွာ သွားတယ် စာချုပ်နဲ့ လာတာတွေရှိတယ် ကုန်ပစ္စည်းတူတာတွေနဲ့ထပ်မရိုက်ရဘူးဆိုတာတွေ ရှိတော့ အာ့မျိုးတွေဆို ဈေးပိုယူဖြစ်တယ်”
“ပုံမှန်အားပေးတဲ့ ပရိသတ်ရှိလို့ ကြော်ငြာတွေလဲ ရိုက်လာရတယ် နောက်ပိုင်း ကြော်ငြာ တွေလာအပ်တာ တော်တော် များပါတယ် ။ ဖျော်ဖြေရေးနဲ့ကြော်ငြာနဲ့တင်ထိုင်စားလို့ရနေတာ သူ့ကိုကြော်ငြာလာအပ်တဲ့သူတွေကတော့ ကုသိုလ်ရမှာပါ တစ်ဝက်က နယ်ပြန်တဲ့ အခါတွေတိုင်း ပရဟိတလုပ်ဖြစ်တယ် ။ အဲ့ဖက်ကို ပါနေတာ တစ်ဝက်ကတော့ စားတဲ့ အထဲပါတာပေါ့နော်။ လှူရင်ကုန်မယ်ဘဲထင်တာ လှူလို့ ပြန်ဝင်လာတာတွေကိုသိပ်သတိမထားမိကြဘူး ဖြစ်လာတာ ပါ” လို့ လဲ သူမက ပြောပြခဲ့ပါတယ်။
“ပုံမှန်အားပေးတဲ့ ပရိသတ်ရှိလို့ ကြော်ငြာတွေလဲ ရိုက်လာရ တယ် နောက်ပိုင်း ကြော်ငြာ တွေလာအပ်တာ တော်တော်များပါတယ် ။ ဖျော်ဖြေရေးနဲ့ကြော်ငြာနဲ့တင်ထိုင်စားလို့ရနေတာ သူ့ကိုကြော်ငြာလာအပ်တဲ့သူတွေကတော့ ကုသိုလ်ရမှာပါ တစ်ဝက်က နယ်ပြန်တဲ့အခါတွေတိုင်း ပရဟိတလု ပ်ဖြစ်တယ် ။ အဲ့ဖက်ကို ပါနေတာ တစ်ဝက်ကတော့ စားတဲ့အထဲပါတာပေါ့နော်။ လှူရင်ကုန်မယ်ဘဲထင်တာ လှူလို့ ပြန်ဝင်လာတာတွေကိုသိပ်သတိမထားမိကြဘူး ဖြစ်လာတာ ပါ” လို့ လဲ သူမက ပြောပြ ခဲ့ပါတယ်။
credit-momolay