“အလုပ်​ သ​ဘောအရ ​ခေတ်​နဲ့ အညီ ခပ်​​ဟော့​ဟော့ အဝတ်​အစား​တွေကို ဝတ်​ရတာပါ ဆိုတဲ့အ​ကြောင်း ဖွင့်​ဟ​ပြောပြ ခဲ့တဲ့ ​ရွှေသမီး”

မြန်မာဆန်ဆန်လေး နဲ့ နေတတ်သူ တစ်ယောက်ဖြစ်တဲ့ ရွှေသမီးကတော့ အနုပညာလောက မှာ အောင်မြင်မှုကို သိမ်းပိုက်ထားနိုင်တဲ့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။မကြာသေးခင်ကမှ ရုံတင်ပြခဲ့တဲ့ “နိုင်ငံကြီးသား”ရုပ်ရှင်ဇာတ်ကား မှာရွှေသမီးဟာ တခြားသရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေတိုး၊အကယ်ဒမီမင်းမော်ကွန်း၊အကယ်ဒမီဇင်ဝိုင်း၊အကယ်ဒမီထွန်းထွန်း နေမျိုးအောင်၊နေထက်လင်း၊ ထူးခြား၊မိုးယံဇွန်၊မင်းသွေး၊ ထွန်းကိုကို၊အောန်ဆိုင်း တို့နဲ့အတူပါဝင်သရုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။

ရွှေသမီးဟာ ပရိသတ်တွေအပေါ်မှာလည်း ရင်းနှီးဖော်ရွေစွာ ပွင့်ပွင့်လင်းလင်း နဲ့ ဆက်ဆံတတ်သူတစ်ယောက်ဖြစ်သလို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့မျက်နှာပိုင်ရှင်လေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ယဉ်ယဉ်လေးနဲ့ မြန်မာဆန်ဆန်လေး နေထိုင်တတ်သူတစ်ယောက်ဖြစ်တာကြောင့် အမျိုးသား ပရိသတ်တော်တော် များများရဲ့ ၀န်းရံမှုကို ခံနေရသူတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ လက်ရှိမှာတော့ ရွှေသမီးဟာ အနုပညာလောကရဲ့ အလုပ် သဘောအရ ခပ်​​ဟော့​ဟော့ အဝတ်​အစား​တွေကို ၀တ်ဆင်ခဲ့ရတာဖြစ်ပါတယ်။

ယခုလို အ၀တ်အစားတွေကို ၀တ်ဆင်ခဲ့ရတာဟာ အလုပ်သဘော အရဖြစ်သလို သူမကိုယ်တိုင်ကလည်း မြန်မြန် ဆန်ဆန်လေး နေထိုင်ရတာကို ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ အကြောင်းကို “မြန်​မာဆန်​ဆန်​​လေးမှ ချစ်​​သော ​ရွှေရဲ့ သဲ​တွေအတွက်​ အလုပ်​သ​ဘောအရ ​ခေတ်​နဲ့အညီဝတ်​ရ​ပေမဲ့ ​ရွှေကလည်း မြန်​မာ ဆန်​ဆန်​​လေး ကြိုက်​ပါတယ်​ ဝတ်​ချင်​ပါတယ်​​နော်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။
ပရိသတ်ကြီးရော ရွှေသမီးကို မြန်မာဆန်ဆန် နဲ့ နေတာကြိုက်လား…။ ခပ်ဟော့ဟော့လေးဝတ်တာကြိုက်လားဆိုတာ ပြောပြခဲ့ပါဦးနော်…။

crd : celegabar