
မြန်မာအသင်းရဲ့ အမြင့်ဆုံးတတ်လမ်းလာနိုင်တာကတော့ ယူ၂၀ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါအချိန်တုန်းက အောင်သူ ငြိမ်းချမ်းအောင် ကျော်မင်းဦး သန်းပိုင်တို့ရဲ့ မြန်မာအသင်းရဲ့ အသက်သွေးကြောတွေဖြစ်ခဲ့ပြီး မြန်မာပြည်သူတွေရဲ့ အချစ်တော်တွေလဲ ဖြစ်ခဲ့ပါတယ်။
အဆိုပါ ယူ၂၀ကမ္ဘာ့ဖလားဝင်ခဲ့တဲ့ မြန်မာအသင်းရဲ့ ကစားသမားကောင်းလေးတွေဟာ အခုတော့ တကွဲတပြားစီဖြစ်သွားပြီဖြစ်ပါတယ်။ အဆိုပါအချိန်တုန်းက ဒီကစားသမားတွေနဲ့သာဆို မြန်မာအသင်းအောင်မြင်မှုရရှိမှာ အသေချာပဲလို့ပရိသတ်တွေက ရေရွတ်ခဲ့ကြပြီး မျှော်လင့်ခဲ့ကြပါတယ်။ အခုတော့ ကျွန်တော်ရဲ့ တောင်းတခဲ့တဲ့ အနာဂတ်စီမံကိန်းကြီးဟာ တကွဲတပြားနဲ့ ယိုယွင်းခဲ့ပါတယ်။
…
အဆိုပါမြန်မာအသင်းပြိုင်ပွဲဝင်ခဲ့တုန်းက ကျောင်းသာတွေ ကျူရှင် အပျက်ခံ လက်လုပ်လက်စားတွေဆိုလဲ ရှိတဲ့အလုပ်ကို ဖျက်ကာ တီဗီရှေ့မြန်မာမြန်မာဆိုပြီး အော်ဟစ်ခဲ့ကြတာ ကျွန်တော်တို့ ဒီတစ်သက် မေ့လို့ရမှာမဟုတ်ဘဲ အသည်းထဲမှာ စွဲမြဲစွာ အမှတ်တရတွေပဲဖြစ်ပါတယ်။ အဆိုပါအချိန်တုန်း မြန်မာအသင်းရဲ့ ကြိုးစားခဲ့တဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာအသင်းရေ အဲ့ချိန်တုန်းကလိုပဲ အားမန်အပြည့်နဲ့ ကြိုးစားလိုက်စမ်းပါ ပရိသတ်တွေ မြန်မာမြန်မာဆိုပြီး ပြောစရာလိုအောင် အော်ဟစ်နေမှာပါ။
…
…
source: myanmar football lion
“Myanmarload