“ခါးတွေအရမ်းနာ ခေါင်းတွေလဲ တအားကိုက်လို့ အင်္ဂလိပ်ဆေးတွေ ခဏခဏ မသောက်ချင်သူများ အတွက် ” သင်္ဘောရွက်နှင့်ထန်းလျှက်ခဲ “”

Zawgyi ဖြင့်ဖတ်၇န်







Unicodeဖြင့်ဖတ်ရန်

တချို့သူတွေအတွက် အသုံးဝင်မယ်ထင်လို့ ပြန်လည် မျှဝေခြင်းပါ

ခါးတွေအရမ်းနာ ခေါင်းတွေလဲတအားကိုက်တော့ အင်္ဂလိပ်ဆေးတွေလဲ ခဏခဏ မသောက်ချင်တော့ဘူးဆိုပြီး အိမ်တွင်းဆေးလေး လုပ်ကြည့်တယ် ။

သဘောင်္ရွက်လေးတရွက် ခူးလာပြီး ရေနွေးဆူဆူမှာ ခပ်လိုက်တယ် ပြီးတော့ ၃မိနစ်လောက်ရရင် ထန်းလျှက်ခဲလေး ၃လုံးလောက် ထည့်ကျို လိုက်ပြီး ၃မိနစ်လောက်ထပ်ကျို ပြီးရင် အရည်ကျလာပီ အဲဒီတော့ ဖန်ခွက်အကြီးနဲ့ ကိုယ်သောက်နိုင်သလောက်ထိ သောက်တယ်

သောက်ပြီး ၁၀မိနစ်လောက်နေတော့ ဆီးခဏခဏသွားလာတယ် ခေါင်းကိုက်တာလဲ ပျောက်လာပြီး ခါးနာတာတွေလဲ သက်သာသွားတယ် ကိုယ့်အထင်တော့ ဆီးထဲပါသွားပီလို့ ယုံကြည်မိတယ် မယုံသေးတော့ တပတ်လောက် ထပ်ကျို သောက်ကြည့်တယ် ပျောက်သွားပီလေ ခုကိုယ်တိုင် ပျောက်လို့ ဒီဆေးနည်းလေး ပြန်လည် မျှဝေခြင်းပါ။

ဆေးနည်းဒါန ​ဝေမျှရ​သော ကုသိုလ်အကျိုးကြောင့် မိမိအေးချမ်းသာယာသလို လောကသားအားလုံး အေးချမ်းသာယာပါစေ အသိမှန် အမြင်မှန်များ
ဖြင့် ကျန်ရှိသောဘဝကို လှပစွာဖြတ်သန်းနိုင်ကြပါစေ။

Credit မြန်မာ့ရိုးရာသဘဝဆေးစွမ်းကောင်းများ