You are here
Home > Facebook သတင်းစုံ > သာဝန်ကိုယ်တိုင် ဖုန်းဆက်ပြီး ကိုယ်တိုင်တောင်းပန်တာ ခံလိုက်ရတဲ့ ဒေါက်တာမြဝတ်ရည်



Zawgyi








Unicode

သာဝန်ကိုယ်တိုင် ဖုန်းဆက်ပြီး ကိုယ်တိုင်တောင်းပန်တာ ခံလိုက်ရတဲ့ ဒေါက်တာမြဝတ်ရည်

ပရိသတ်ကြီးရေ အားလုံးက ချစ်ကြတဲ့ ဖိုက်တာ ဆရာမလေး ဒေါက်တာ မြဝတ်ရည် ကတော့ မှန်ရာကို တရား နည်းလမ်းကျကျ ဆောင်ရွက်တတ်သူ တစ်ယောက် ဖြစ်ပါတယ် ။ မကြာသေး ခင်က သာသနာရေးဝန်ကြီး သမီး မနှင်းစံပယ်အောင် ရဲ့ အွန်လိုင်း စာစု တစ်ခုအပေါ် မမမြက ရာဇသံ ပေးခဲ့တာပါ။

ဒီနေ့မှာတော့ မမမြ တစ်ယောက် နောက်ဆက်တွဲ ဖြစ်ရပ် တစ်ခုကို လူမှုကွန်ရက် ပေါ်ကနေ ပြောပြလာခဲ့ ပါတယ်။ မမမြ က “မနေ့ကမှ Royal Express နဲ့ ပို့လိုက်တယ် ဒီနေ့ ဖုန်းဆက် လာတယ် ဒီဘက်ခေတ်မှာ မြန်သားပဲ ဒါပေမယ့်ပေါ့လေ ၂ ရက်တော့ ကုန်သွားပါပြီနော်

အသံတွေ video တွေ ရိုက်ထားကြောင်း ၊ အသိပေးလိုက်တဲ့ အပြင် ဒါလေးတွေကို သိမ်းထားမှာ ဖြစ်ကြောင်းနဲ့ ၊ ကြားလူကတဆင့် တောင်းပန်တာထက် ကာယကံရှင် post တင်တဲ့သူ ကိုယ်တ်ုင် ဘာလုပ်သင့်တယ် ဆိုတာလေး ဝန်ကြီးဆီ စကားလက်ဆောင် ပါးပေးလိုက် ပါတယ်

တိုင်စာကို ချက်ချင်း အလေးထား ဆောင်ရွက်ပေးတဲ့ ဝန်ကြီး ကိုလည်း လေးစားပါတယ် ၊ ဖုန်းဆက်ပေးပြီး မဆိုင်တာတွေ လုပ်ပေးရတဲ့ လူတွေ ကိုလည်း အားနာ ပါတယ်” ဆိုပြီး ရေးသား ဖော်ပြ ခဲ့တာပါ ။

သာသနာရေး ဝန်ကြီး ကိုယ်တိုင် တကူးတက တောင်းပန်ရတဲ့ အထိ မမမြရဲ့ သြဇာ ဘုန်းတန်းခိုးတွေဟာ တက်ပြီးရင်း တက်ဖြစ်နေ သလား ပါပဲ ။ ပရိသတ်ကြီးလည်း မမမြ အတွက် မှတ်ချက် ကနေတစ်ခုခု ပြောပေးခဲ့ကြ ပါဦး။

Source – Dr. Mya Wut Yee , Noe Noe May Ju Ju

Top
//sotchoum.com/4/3018672