မမခေတ်ခေတ်ကို ခေါက်ဆွဲစားနည်း သေသေချာချာသင်ပြနေတဲ့ သစ်သစ်လေးရဲ့ ဗီဒီယို

ပရိသတ်တွေချစ်ကြတဲ့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့က ပရိသတ်တွေရဲ့ အသည်းကျော်လေး နှစ်ယောက်ပါပဲ။

ခေတ်နဲ့သစ်ရဲ့ ချစ်စရာကောင်းတဲ့ အပြောအဆို၊ အမူအယာလေးတွေကို ဖေဖေ၊ မေမေသာမက ပရိသတ်တွေကပါ အသည်းယားနေကြရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ခေတ်နဲ့သစ်ရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ခေတ်နဲ့သစ်တို့ကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် မေမေချစ်သုဝေက ဒီနေ့မှာတော့ ဗီဒီယိုလေးတစ်ခုကို တင်ပေးလာပါတယ်။ ထို ဗီဒီယိုမှာ ညီမလေး သစ်သစ်က အစ်မဖြစ်သူ ခေတ်ခေတ်ကို ခေါက်ဆွဲစားနည်း သင်ပြပေးနေတာကို တွေ့ရပါတယ်

သစ်သစ်ကလည်း သေသေချာချာ စိတ်ရှည်လက်ရှည်နဲ့ ခေါက်ဆွဲစားနည်း ပြောပြနေသလို ခေတ်ခေတ်ကလည်း သေချာလေး အာရုံစိုက်နားထောင်ပေးခဲ့ပြီး လိုက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ခေတ်နဲ့သစ်ကတော့ ပရိသတ်တွေကို အသည်းယားအောင် လုပ်လိုက်ပြန်ပါပြီ။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအထူးတင်ပါယ်။