You are here
Home > အနုပညာ > ခိုင္ႏွင္းေဝရဲ႕ ေဂဟာအတြက္ သြားလႉရင္း စကားခ်ိဳခ်ိဳေလးေတြနဲ႔ ခိုင္ႏွင္းေဝကို ခ်ဳပ္သြားတဲ့ ထိပ္ထားေလး

ခိုင္ႏွင္းေဝရဲ႕ ေဂဟာအတြက္ သြားလႉရင္း စကားခ်ိဳခ်ိဳေလးေတြနဲ႔ ခိုင္ႏွင္းေဝကို ခ်ဳပ္သြားတဲ့ ထိပ္ထားေလး

အသက္အ႐ြယ္ငယ္ငယ္ေလးဆိုေပမယ့္ စိတ္ေကာင္းႏွလုံးေကာင္းတဲ့ ပရဟိတေလးေတြလုပ္ တတ္တဲ့သမီးေလးထိတ္ထားေလးဟာ ျပည္ေတာ္ခ်စ္ေလးတစ္ေယာက္ပါေနာ္။ အ႐ြယ္ေလးနဲ႔မ လိုက္ေအာင္ သ႐ုပ္ေဆာင္တာလည္းေတာ္သလို စကားလည္းတအားတတ္သူေလးျဖစ္တာေၾကာင့္ အားလုံးက ခ်စ္မဝျဖစ္ေနရတာပါ။

သမီးေလးဟာ အခုဆိုရင္ေတာ့ အသက္(၅)ႏွစ္ျပည့္သြားခဲ့ပါၿပီေနာ္။ မၾကာခင္ရက္ပိုင္းကလည္း သူမရဲ႕ေမြးေန႔ပြဲကို အႏုပညာရွင္ ကိုကိုမမေတြနဲ႔အတူေပ်ာ္႐ႊင္စြာက်င္းပခဲ့ပါေသးတယ္။ ဒီေနာက္ မွာေတာ့ သမီးေလးဟာ ဦးေက်ာ္သူတို႔ လူမႈနာေရးကူညီမႈအသင္းကိုလည္း သြားေရာက္လႉဒါန္းခဲ့ၿပီး အခုလည္း မင္းသမီးေခ်ာ ခိုင္ႏွင္းေဝရဲ႕ ရင္ေသြးေလးမ်ားေဂဟာအတြက္ကို အလႉေငြေလးေတြ သြားေရာက္လႉဒါန္းခဲ့ျပန္ပါတယ္ေနာ္။

” ခ်စ္ဖို႔ေကာင္းတဲ့သမီးေလးထိပ္ထားသခင္ရဲ႕ ေမြးေန႔အထိမ္းမွတ္အေနနဲ႔ က်မရဲ႕ ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာအတြက္ အလႉေငြ ၃သိန္းနဲ႔အတူအ႐ုပ္မ်ား ,အဝတ္အထည္မ်ား လာေရာက္ လႉဒါန္းပါတယ္…သမီးေလးရဲ႕ေမြးေန႔မွစၿပီး ေရွ႕ဆက္ဘဝတေလွ်ာက္လုံး ေအာင္ျမင္ ေက်ာ္ၾကားေသာအႏုပညာရွင္ႀကီးျဖစ္ပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္ ” ဆိုၿပီး ခိုင္ႏွင္းေဝကလည္း မီးမီးေလး ထိပ္ထားသခင္အတြက္ဆုမြန္ေကာင္းေတာင္းေပးထားခဲ့ပါတယ္ေနာ္။ “အန္တီက႐ုပ္ရွင္ထဲမွာထပ္အျပင္မွာပိုေခ်ာတယ္”လို႔ ေျပာၿပီးေတာ့ ေရာက္တုန္းခဏေလးအတြင္းမွာ သူမကို အပိုင္ခ်ဳပ္သြားခဲ့တဲ့ သမီးေလးထိပ္ထားအေၾကာင္းကိုေျပာျပခဲ့ပါေသးတယ္ ခ်စ္ပရိတ္သတ္ႀကီးေရ…။

Source:Khine Hnin Wai

NORA: Khine Hnin Wai

(Unicode ျဖင့္ဖတ္ရန္)

ခိုင်နှင်းဝေရဲ့ ဂေဟာအတွက် သွားလှူရင်း စကားချိုချိုလေးတွေနဲ့ ခိုင်နှင်းဝေကို ချုပ်သွားတဲ့ ထိပ်ထားလေး

အသက်အရွယ်ငယ်ငယ်လေးဆိုပေမယ့် စိတ်ကောင်းနှလုံးကောင်းတဲ့ ပရဟိတလေးတွေလုပ် တတ်တဲ့သမီးလေးထိတ်ထားလေးဟာ ပြည်တော်ချစ်လေးတစ်ယောက်ပါနော်။ အရွယ်လေးနဲ့မ လိုက်အောင် သရုပ်ဆောင်တာလည်းတော်သလို စကားလည်းတအားတတ်သူလေးဖြစ်တာကြောင့် အားလုံးက ချစ်မဝဖြစ်နေရတာပါ။

သမီးလေးဟာ အခုဆိုရင်တော့ အသက်(၅)နှစ်ပြည့်သွားခဲ့ပါပြီနော်။ မကြာခင်ရက်ပိုင်းကလည်း သူမရဲ့မွေးနေ့ပွဲကို အနုပညာရှင် ကိုကိုမမတွေနဲ့အတူပျော်ရွှင်စွာကျင်းပခဲ့ပါသေးတယ်။ ဒီနောက် မှာတော့ သမီးလေးဟာ ဦးကျော်သူတို့ လူမှုနာရေးကူညီမှုအသင်းကိုလည်း သွားရောက်လှူဒါန်းခဲ့ပြီး အခုလည်း မင်းသမီးချော ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာအတွက်ကို အလှူငွေလေးတွေ သွားရောက်လှူဒါန်းခဲ့ပြန်ပါတယ်နော်။

” ချစ်ဖို့ကောင်းတဲ့သမီးလေးထိပ်ထားသခင်ရဲ့ မွေးနေ့အထိမ်းမှတ်အနေနဲ့ ကျမရဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာအတွက် အလှူငွေ ၃သိန်းနဲ့အတူအရုပ်များ ,အဝတ်အထည်များ လာရောက် လှူဒါန်းပါတယ်…သမီးလေးရဲ့မွေးနေ့မှစပြီး ရှေ့ဆက်ဘဝတလျှောက်လုံး အောင်မြင် ကျော်ကြားသောအနုပညာရှင်ကြီးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ” ဆိုပြီး ခိုင်နှင်းဝေကလည်း မီးမီးလေး ထိပ်ထားသခင်အတွက်ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါတယ်နော်။ “အန်တီကရုပ်ရှင်ထဲမှာထပ်အပြင်မှာပိုချောတယ်”လို့ ပြောပြီးတော့ ရောက်တုန်းခဏလေးအတွင်းမှာ သူမကို အပိုင်ချုပ်သွားခဲ့တဲ့ သမီးလေးထိပ်ထားအကြောင်းကိုပြောပြခဲ့ပါသေးတယ် ချစ်ပရိတ်သတ်ကြီးရေ…။

Top
//potsaglu.net/4/3018672