လေယာဉ်ပေါ်မှာ အိပ်မောကျနေတဲ့ ပုံရိပ်လေးနဲ့ ကျော်ထက်ဇော်ကို ဆေးထိုးပြီး မွေးနေ့ဆုတောင်းပေးလိုက်တဲ့ အောင်မင်းခန့်




source: Aung Min Khant ‘s facebook,CRD-Myanmarload

UNICODE

အောင်မင်းခန့်ကတော့ MRTV 4မင်းသားချောလေးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလဲ ရရှိနေတဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုကို ရရှိနေတဲ့ အောင်မင်းခန့်ကတော့ မင်းသားချောလေးဖြစ်တဲ့ ကျော်ထက်ဇော်နဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။

ယနေ့ကတော့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေတဲ့ မင်းသားချောလေးကျော်ထက်ဇော်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ကျော်ထက်ဇော်ကတော့ မော်ဒိုက်ကို ရောက်ရှိနေတာပဲ ဖြစ်ပြီး ကျော်ထက်ဇော်ရဲ့ မွေးနေ့လေးကို ချစ်ခင်ရတဲ့ ပရိသတ်တွေ ရင်နှင်းခင်မင်ကြတဲ့ အနပညာရှင်တွေက မွေးနေ့ဆုမွန်ကောင်း တောင်းပေးထားကြပါတယ်။

အောင်မင်းခန့်ကတော့ လေယာဉ်ပေါ်မှာ အိပ်မောကျနေတဲ့ ပုံရိပ်လေးနဲ့ ကျော်ထက်ဇော်ကို ဆေးထိုးပြီး မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ အောင်မင်းခန့်ကတော့ ” Happy birthday kyaw gyiလေယာဉ်ပေါ်မှာ ဒီထက်မက အိပ်ရေးဝဝ အိပ်နိုင်ပါစေ ” ဆိုပြီး သူငယ်ချင်းဖြစ်သူကျော်ထက်ဇော်ကို ဆေးထိုးပေးလိုက်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုပါပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်။