
အနုပညာရှင်တွေကတော့ မတူညီတဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်ပေါင်းစုံကို သရုပ်ဆောင်ကြရပါတယ်။ အဲ့ဒီလို လူအများကြီး နဲ့ လက်တွဲပြီး အလုပ်လုပ်နေကြရတဲ့ အနုပညာရှင်တွေ ထဲကမှ ပရိသတ်တွေက လိုက်ဖက်လွန်းတယ်၊ အတွဲညီတယ် ဆိုပြီး သတ်မှတ်ထားကြတဲ့ သူတွေလည်းရှိပါတယ်။ အပြင်မှာပါ တကယ့်စုံတွဲတွေ ဖြစ်သွားရင် ကောင်းမယ်ဆိုပြီး ပရိသတ်တွေက Ship နေကြတဲ့ ဆယ်လီတွေကတေ့…..
(၁)ကျော်ကျော် နဲ့ ဆုမြတ်နိုးဦး
ကျော်ကျော်၊ဆုမြတ်နိုးဦးညီထွဋ်ခေါင် တို့ကတော့ အရမ်းကို ခင်ကြတဲ့ သူငယ်ချင်းတွေပါ။ သုံးယောက်လုံးက အတွဲညီပြီး အရမ်းကို ရယ်ရတဲ့ သူငယ်ချင်းအုပ်စုလေးပါ။ ဒါပေမယ့် ပရိသတ်တွေကတော့ ဆုမြတ်နိုးဦးကို ကျော် ကျော်နဲ့ အရမ်းကို Ship နေကြပါတယ်။ လိုက်ဖက်လွန်းလို့ တကယ့်ချစ်သူတွေ ဖြစ်သွားဖို့ မျှော်လင့်နေကြပါတယ်။
(၂)စိုင်းစိုင်း နဲ့ ၀တ်မှုံရွှေရည်
စိုင်းစိုင်းရဲ့ပရိသတ်တော်တော်များများကတော့ စိုင်းစိုင်းကို ကစ်နဲ့ပဲ သဘောတူတယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ပြောဆို ကြတာတွေရှိပါတယ်။ အရင်တုန်းကလည်း အရမ်းကို နက်နက်ရှိုင်းရှိုင်းပတ်သက်ခဲ့ကြဖူးတဲ့ ဆက်ဆံ ရေးမို့ ပရိသတ်တွေ ကတော့ စိုင်းစိုင်းနဲ့ဝတ်မှုံရွှေရည်ကို Couple အဖြစ် မြင်တွေ့ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။
(၃)စည်သူဝင်း နဲ့ ပိုးကြာဖြူခင်
MRTV 4 ရဲ့ သရုပ်ဆောင်မင်းသား၊မင်းသမီးတွေဟာ ဇာတ်လမ်းတွဲတွေ အများကြီးမှာ မတူညီတဲ့ သရုပ်ဆောင် တွေနဲ့ လက်တွဲပြီး အလုပ်လုပ်ကြရပါတယ်။ အဲ့ဒီလို အများကြီးထဲကမှ ပရိသတ်တွေက လိုက်ဖက်လွန်းပါတယ် ဆိုပြီး အရမ်းကို Ship နေကြတဲ့ ဆယ်လီနှစ်ယောက်ရှိပါတယ်။ သူတို့ကတော့ စည်သူဝင်းနဲ့ ပိုးကြာဖြူ ခင်ပါ။ မိုးကောင်းကင် အိမ်မက် ဇာတ်ကားထဲမှာ ရဲသွေးနဲ့ ဆိုင်းမိုင် အဖြစ် အတူတွဲ သရုပ်ဆောင်ခဲ့ကြပြီး လိုက်ဖက်လွန်းလို့ ပရိသတ်တွေက အပြင်မှာပါ တကယ့်စုံတွဲတွေ အဖြစ် မြင်ချင်နေကြတာပါ။
(၄)ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦး
အရမ်းခင်ကြတဲ့ ကျော်ကျော်၊ဆုမြတ်နိုးဦး နဲ့ ညီထွဋ်ခေါင်တို့ သုံးယောက်မှာတော့ ဆုမြတ်နိုးဦးကို ကျော်ကျော်နဲ့ သဘော တူတဲ့ သူတွေလည်းရှိသလို ညီထွဋ်ခေါင် နဲ့ မှ အရမ်းလိုက်တယ်ဆိုပြီး ပြောနေကြတဲ့ သူတွေလည်းရှိပါတယ်။
(၅)ကိုရန်လေးနဲ့ မကြီးစိုး
တစ်ချိန်တုန်းက ရုပ်ရှင်ဇာတ်ကားတွေမှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲနှစ်ယောက်ပါ။ အဲ့ဒီတည်းက လိုက်ဖက်လွန်းတယ်ဆိုပြီး ပရိသတ်တွေက သဘောကျခဲ့ရတဲ့ အနုပညာရှင်နှစ်ယောက်ပါ။ နှစ်ယောက်လုံးက ရုပ်ပိုင်းဆိုင်ရာ ယှဉ်တွဲလိုက်ရင်လည်း အရမ်းကို လိုက်ဖက်လွန်းတဲ့ သူတွေမို့ အခုချိန်ထိလည်း လင်မယား အဖြစ် မကြာခဏ ဆိုသလို အတူတွဲ သရုပ်ဆောင်နေရတဲ့ အနုပညာရှင် နှစ်ယောက်ပါ။
(၆)ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်
ပရိသတ်တွေ က အရမ်းလိုက်လွန်းတယ်ဆိုပြီး ပြောကြတဲ့ နောက်ထပ်ဆယ်လီ နှစ်ယောက်ကတော့ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်ပါ။ ဗီဒီယို ဇာတ်လမ်းတွေမှာတည်း နှစ်ယောက်အတူတွဲ သရုပ်ဆောင်ရင် အရမ်းကို အတွဲညီပြီး လိုက် ဖက်ကြတဲ့ သူတွေပါ။ လိုက်တယ်ဆိုပြီး Fan တွေ ၀ိုင်း Ship တာခံနေရသူတွေပါ။