ကလေးမေမေတွေရဲ့ အနေအစား မလွတ်လပ်တဲ့ဘဝကို ပုံဖော်ပြလာတဲ့ ခိုင်နှင်းဝေ






UNICODE

တချိန်က ဆံပင်ရှည်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့နိုင်တဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေက အသက်ကြီးလာတာနဲ့အမျှ ကောင်းသတင်းတွေနဲ့ ပိုပြီး နာမည်ကျော်လာပါတယ်။ ပရဟိတ မင်းသမီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် ပရဟိတစိတ်ဓာတ်ပြင်းထန်သူ ခိုင်နှင်းဝေက “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း” နဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” တို့ကို ဖွင့်လှစ်ထားသူတစ်ဦးပါ။

ခိုင်နှင်းဝေက ရွှန်းရတီခိုင် ဆိုတဲ့ ချစ်စရာ သမီးလေးတစ်ယောက်ကိုလည်း မွေးစားထားပြီး သူမရဲ့ နေ့ရက်တိုင်းကို သမီလေး ရွှန်းရတီခိုင်နဲ့သာ ပျော်ရွှင်စွာ ဖြတ်သန်းနေတာကို တွေ့ရပါတယ်။

ဒီနေ့မှာတော့ ခိုင်နှင်းဝေက ကလေးမေမေတို့ရဲ့ အနေ၊အစား မလွတ်လပ်ပဲ အနှောင်အဖွဲ့တွေများကြောင်းကို သူမရဲ့ အဖြစ်လေးနဲ့ ပြောထားတာကို တွေ့ရပါတယ်။

ခိုင်နှင်းဝေခမျာ သမီးလေးရှိလာတော့ မုန့်စားတာတောင် အေးအေးဆေးဆေးမစားနိုင်တော့တဲ့ အဖြစ်

ခိုင်နှင်းဝေကတော့ သူမရဲ့ နေ့ရက်တိုင်းကို မိသားစုလေးနဲ့ နွေးထွေးပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေထဲက ကလေးမေမေတွေလည်း ခိုင်နှင်းဝေနဲ့ အဖြစ်ချင်းတိုက်ဆိုင်ခဲ့ရင် ဒီပိုစ့်လေးကို Share သွားဖို့ မမေ့ပါနဲ့နော်။

Source: Khine Hnin Wai’s ,CRD-MOMOLAY