ချစ်ခင်ပွန်းဏကြီးသာရှိရင် အရာရာတိုင်းက ပြီးပြည့်စုံတယ်လို့ Ro လိုက်တဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေချစ်ကြတဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုက ရင့်ကျက်တည်ငြိမ်ပြီး နားလည်မှုအပြည့်အဝရှိတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားကြသူများ ဖြစ်ပါတယ်။ ပရိသတ်တွေက “မီမောင်နှံ” လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဏကြီးနဲ့ ပိုင်ဖြိုးသုက အိမ်ထောင်သက်တွေကြာသည့်တိုင် တစ်ယောက်နဲ့တစ်ယောက် အရင်ကထက် ပိုလို့တောင် ချစ်ကြတာကို တွေ့ရပါတယ်။

ဏကြီးနဲ့ ပိုင်ဖြိုးသုက လက်ရှိမှာတော့ မော်ဒိုက်ကို အပန်းဖြေခရီး ရောက်ရှိနေတာ ဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ရဲ့ Romantic ဆန်ဆန် ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်ဖြိုးသုက “Everything is perfect when I’m with you” ဆိုပြီး ဏကြီးသာရှိရင် အရာရာ ပြီးပြည့်စုံတယ်လို့ ခင်ပွန်းဖြစ်သူ အရည်ပျော်သွားအောင် Romantic ဆန်ဆန် ပြောထားပါသေးတယ်။

ပိုင်ဖြိုးသုနဲ့ ဏကြီးကတော့ အခုဆိုရင် အိမ်ထောင်သက် တစ်နှစ်မပြည့်သေးပေမယ့် သံယောဇဉ်တွေတိုးပြီး တစ်ယောက်နဲ့တစ်ယောက် ပိုချစ်လာတာကို မြင်ရပါတယ်။

ပိုင်ဖြိုးသုကတော့ ဏကြီး အရည်ပျော်အောင် စကားလုံးလှလှလေးနဲ့ ချွဲထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

credit – momolay