သရုပ္ေဆာင္စလုပ္တုန္းက ဖိနပ္နဲ႔ေပါက္ၿပီးေတာ့ ဆံုးမခံရဖူးတယ္ဆိုတဲ့ ခင္လိွုင္

ဇာတ္သဘင္ ေလာက အၿငိမ့္ေတြမွာလည္း ဟာသကို ေျပာင္ေျမာက္ေအာင္ သ႐ုပ္ေဆာင္ႏိုင္႐ံုသာမက ဗီဒီယိုနဲ႔႐ုပ္ရွင္ဘက္မွာလည္း က်ရာဇာတ္႐ုပ္ကို ဟာကြက္မရိွ သ႐ုပ္ေဆာင္ႏိုင္တဲ့ သရုပ္ေဆာင္ လူရႊင္ေတာ္ ခင္လွဳိင္ကေတာ့ အခုခ်ိန္မွာ႐ုပ္ရွင္ကားေတာ္ေတာ္မ်ားမ်ားမွာ အဆက္မျပတ္သ႐ုပ္ေဆာင္ေနတာကိုလည္း ျမန္မာ့ရုပ္ရွင္ေလာကရဲ႕ ပရိသတ္ေတြေကာင္းေကာင္းသိၾကမွာပါ ။ အခု We Entertainment ရဲ႕ အင္တာဗ်ဳးမွာေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးသိေအာင္ေျပာျပေပးလိုက္ပါတယ္။

ခင္လိွုင္က သူရဲ႕အႏုပညာသက္တမ္းတစ္ေလွ်ာက္က အမွတ္တရေတြကို “ အမ်ားႀကီးပါပဲ က်ေနာ္တို႔တုန္းက သဘင္ေလာကကေနၿပီးေတာ့ ႐ုပ္ရွင္ဘက္ကိုေျပာင္းတာဆိုေတာ့ ပိုဆိုးတယ္ ကင္မရာကို ဘာမွနားမလည္တာေလ က်ေနာ္တို႔ Stage ေပၚမွာက် ဟိုးအေဝးႀကီးက ရာနဲ႔ခ်ီ ေထာင္နဲ႔ခ်ီတဲ့လူေတြ ျမင္ရေအာင္လို႔ Over Act ေတြလုပ္ရတယ္ေလ။ အမူယာကို ပိုလုပ္ရတာေပါ့ ဟိုးအေဝးက ျမင္သာေအာင္ ေပါ့ ။႐ုပ္ရွင္မွာက် ကင္မရာေလးထဲကိုယ့္မ်က္ႏွာကို ထင္းေနေအာင္လုပ္ရတာဆိုေတာ့ တစ္ခုခုဆိုရင္ ခင္လိွုင္က တအား Over ျဖစ္တာပဲလို႔ ေဝဖန္သံေတြခဏခဏၾကားရတယ္ ။ ကိုယ့္ဘာသာကိုယ္ ၾကည့္ေတာ့လည္း အဆင္မေျပပါဘူး ။ ဟိုဘက္ကကူးလာတာဆိုေတာ့ က်ေလ ။

ဟိုဘက္က ကူးလာတာဆိုလို႔ က်ေနာ္တို႔ သဘင္သည္ေတြကို ႐ႈံခ်ၿပီးႏွိမ္ၿပီးေတာ့ ေျပာတာမဟုတ္ဘူး ။ က်ေနာ္တို႔ေတြကိုက အဲ့ဒီလိုလုပ္ရတာေလ က်ေနာ္တို႔ရဲ႕ သေဘာတရားက ဒီဘက္ကို စေျပာင္းေနခဲ့ကတည္းက အဲ့ဒီမွာ Camera Work လည္းနားမလည္ဘူး ဟိုတုန္းက က်ေနာ္တို႔ဆရာေတြဆိုရင္ က်ေနာ္တို႔ကို ဖိနပ္ေတြဘာေတြနဲ႔ေပါက္ၿပီးေတာ့ ဆံုးမခံရဖူးတယ္ ။ သူတို႔က Close up ႐ိုက္မယ္ဆိုရင္ ဟုတ္ကဲ့ဟုတ္ကဲ့ဆိုၿပီး ေလွ်ာက္သြားေနတာ ေဟ်ာင့္ Camera Bound ထဲကေန ဘာလို႔ထြက္သြားတာလဲဆိုၿပီး က်ေနာ္တို႔တုန္းက ဒါရိုက္တာကို လည္း ေၾကာက္ရသလို ကင္မရာမန္းေတြကိုလည္း ေၾကာက္ရတယ္ေလ။

အဲ့ဒီလို ဘဝကေနျဖတ္သန္းၿပီးေတာ့ ဒီဘက္ကိုလာတယ္ ။ သရုပ္ေဆာင္စပါတုန္းကဆို အရမ္းေပ်ာ္တယ္ေလ ရန္ျဖစ္တဲ့အခန္းေတြ ဘာေတြဆိုရင္ မင္းဟိုဘက္ကေန ရန္ျဖစ္တဲ့ အဖြဲ႕ကေန႐ိုက္လာခဲ့ သတ္ကြာဘာညာဆိုၿပီး ခ်ၾကတာ ။ ေနာက္ပိုင္းေနာက္ပိုင္းႀကိဳးစားရင္းနဲ႔ အရာထင္လာတာေပါ့ေနာ္ ။ ႀကိဳးစားေနတဲ့သူအဖို႔ ေနရာဆိုတာ ျဖစ္လာတာပါပဲ.။ တျဖည္းျဖည္းနဲ႔ အတိုင္းတာတစ္ခုထိ ေအာင္ျမင္မႈရရိွခဲ့တာပါ ။ က်ေနာ္ဒီလက္ရိွအေျခအေနက အဲ့ဒီေလာက္ထိ ေမွ်ာ္လင့္မထားပါဘူး ။ အရမ္းႀကီးအားရေက်နပ္စရာျဖစ္ပါတယ္ ။ ရပ္မေနပါဘူး တက္ႏိုင္သမွ်ထပ္ၿပီးေတာ့ ႀကိဳးစားေနဦးမွာပါ ။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။

CRD-ေျပာခ်င္လြန္းလို႔

UNICODE

သရုပ်ဆောင်စလုပ်တုန်းက ဖိနပ်နဲ့ပေါက်ပြီးတော့ ဆုံးမခံရဖူးတယ်ဆိုတဲ့ ခင်လှိုင်

ဇာတ်သဘင် လောက အငြိမ့်တွေမှာလည်း ဟာသကို ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်ရုံသာမက ဗီဒီယိုနဲ့ရုပ်ရှင်ဘက်မှာလည်း ကျရာဇာတ်ရုပ်ကို ဟာကွက်မရှိ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် လူရွှင်တော် ခင်လှိုင်ကတော့ အခုချိန်မှာရုပ်ရှင်ကားတော်တော်များများမှာ အဆက်မပြတ်သရုပ်ဆောင်နေတာကိုလည်း မြန်မာ့ရုပ်ရှင်လောကရဲ့ ပရိသတ်တွေကောင်းကောင်းသိကြမှာပါ ။ အခု We Entertainment ရဲ့ အင်တာဗျုးမှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ်။

ခင်လှိုင်က သူရဲ့အနုပညာသက်တမ်းတစ်လျှောက်က အမှတ်တရတွေကို “ အများကြီးပါပဲ ကျနော်တို့တုန်းက သဘင်လောကကနေပြီးတော့ ရုပ်ရှင်ဘက်ကိုပြောင်းတာဆိုတော့ ပိုဆိုးတယ် ကင်မရာကို ဘာမှနားမလည်တာလေ ကျနော်တို့ Stage ပေါ်မှာကျ ဟိုးအဝေးကြီးက ရာနဲ့ချီ ထောင်နဲ့ချီတဲ့လူတွေ မြင်ရအောင်လို့ Over Act တွေလုပ်ရတယ်လေ။ အမူယာကို ပိုလုပ်ရတာပေါ့ ဟိုးအဝေးက မြင်သာအောင် ပေါ့ ။ရုပ်ရှင်မှာကျ ကင်မရာလေးထဲကိုယ့်မျက်နှာကို ထင်းနေအောင်လုပ်ရတာဆိုတော့ တစ်ခုခုဆိုရင် ခင်လှိုင်က တအား Over ဖြစ်တာပဲလို့ ဝေဖန်သံတွေခဏခဏကြားရတယ် ။ ကိုယ့်ဘာသာကိုယ် ကြည့်တော့လည်း အဆင်မပြေပါဘူး ။ ဟိုဘက်ကကူးလာတာဆိုတော့ ကျလေ ။

ဟိုဘက်က ကူးလာတာဆိုလို့ ကျနော်တို့ သဘင်သည်တွေကို ရှုံချပြီးနှိမ်ပြီးတော့ ပြောတာမဟုတ်ဘူး ။ ကျနော်တို့တွေကိုက အဲ့ဒီလိုလုပ်ရတာလေ ကျနော်တို့ရဲ့ သဘောတရားက ဒီဘက်ကို စပြောင်းနေခဲ့ကတည်းက အဲ့ဒီမှာ Camera Work လည်းနားမလည်ဘူး ဟိုတုန်းက ကျနော်တို့ဆရာတွေဆိုရင် ကျနော်တို့ကို ဖိနပ်တွေဘာတွေနဲ့ပေါက်ပြီးတော့ ဆုံးမခံရဖူးတယ် ။ သူတို့က Close up ရိုက်မယ်ဆိုရင် ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီး လျှောက်သွားနေတာ ဟျောင့် Camera Bound ထဲကနေ ဘာလို့ထွက်သွားတာလဲဆိုပြီး ကျနော်တို့တုန်းက ဒါရိုက်တာကို လည်း ကြောက်ရသလို ကင်မရာမန်းတွေကိုလည်း ကြောက်ရတယ်လေ။

အဲ့ဒီလို ဘဝကနေဖြတ်သန်းပြီးတော့ ဒီဘက်ကိုလာတယ် ။ သရုပ်ဆောင်စပါတုန်းကဆို အရမ်းပျော်တယ်လေ ရန်ဖြစ်တဲ့အခန်းတွေ ဘာတွေဆိုရင် မင်းဟိုဘက်ကနေ ရန်ဖြစ်တဲ့ အဖွဲ့ကနေရိုက်လာခဲ့ သတ်ကွာဘာညာဆိုပြီး ချကြတာ ။ နောက်ပိုင်းနောက်ပိုင်းကြိုးစားရင်းနဲ့ အရာထင်လာတာပေါ့နော် ။ ကြိုးစားနေတဲ့သူအဖို့ နေရာဆိုတာ ဖြစ်လာတာပါပဲ.။ တဖြည်းဖြည်းနဲ့ အတိုင်းတာတစ်ခုထိ အောင်မြင်မှုရရှိခဲ့တာပါ ။ ကျနော်ဒီလက်ရှိအခြေအနေက အဲ့ဒီလောက်ထိ မျှော်လင့်မထားပါဘူး ။ အရမ်းကြီးအားရကျေနပ်စရာဖြစ်ပါတယ် ။ ရပ်မနေပါဘူး တက်နိုင်သမျှထပ်ပြီးတော့ ကြိုးစားနေဦးမှာပါ ။”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

CRD-ပြောချင်လွန်းလို့