နန္ဒစိုင်း အင်တာဗျူးဖြေတုန်း အနောက်ကနေ မျက်နှာပြောင်ပြခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်






UNICODE

နှစ်ပေါင်းများစွာတိုင် အောင်မြင်နေဆဲဖြစ်တဲ့ သရုပ်ဆောင်နှင့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကို အားပေးကြတဲ့ ပရိသတ်တွေကလဲ အသက်အရွယ်မရွေးရှိကြပြီး အင်မတန်များပြားလှပါတယ်။ အဲ့လို ပရိသတ်အများအပြားရှိတာကြောင့် စိုင်းစိုင်းက မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေနိုင်တယ်လို့လဲ ဆိုနိုင်ပါတယ်။

ဒီတစ်ခေါက်မှာလည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဗီဒီယိုလေးတစ်ခုက လူမှု့ကွန်ယက်ထက်မှာ နာမည်ကြီးပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က အင်တာဗျူးဖြေနေတဲ့ အဆိုတော် နန္ဒစိုင်းရဲ့ အနောက်မှာ မျက်နှာပြောင်ပြီး ဟာသတွေ လုပ်ခဲ့တာမို့ ပရိသတ်တွေက ပွဲကျနေရတာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ တော်တော်လေး မျက်နှာပြောင်တာပဲနော်

စိုင်းစိုင်းခမ်းလှိုင်က သူအချစ်ဆုံး သူငယ်ချင်း နန္ဒစိုင်းကို စနောက်လိုတဲ့အတွက် အခုလို လုပ်ပြခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီပိုစ့်လေးကို သဘေယကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Source: Zin Zin Khan Leng’s fb,CRD-MOMOLAY