အောင်လအန်ဆန်း ကိုလန့်နေတဲ့ အကြောင်း The Rock ကိုပြောပြ ခဲ့သည့် ဘရန်ဒွန် ဗီရာ

အောင်လအန်ဆန်း ကိုလန့်နေတဲ့ အကြောင်း The Rock ကိုပြောပြ ခဲ့သည့် ဘရန်ဒွန် ဗီရာ လက်ရှိ အရမ်းအောင်မြင်နေတဲ့ Hobbs & Shaw ဇာတ်ကားကြီးရဲ့ သရုပ်ဆောင် The Rock ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။

လာမယ့် အောက်တိုဘာ (၁၃) ရက်မှာ မြန်မာ့ နာမည်ကျော် တိုက်ခိုက်ရေးသမား အောင်လအန်ဆန် နဲ့ ထိုးသတ်ရမယ့် ဖိလစ်ပိုင်–အမေရိကန် သွေးနှောကပြားကြီး ဗီရာကသူနဲ့အောင်လအန်ဆန် တို့ရဲ့ ထိုးသတ်ရမယ့်ပွဲစဉ်အကြောင်းကို မင်းသားကြီး The Rock ဆီ ဖောက်သည်ချ ခဲ့ပါတယ်။

One Championship ကပြုလုပ် တဲ့ The Rock နဲ့အင်တာဗျူးတစ်ခုမှာ ဗီရာက The Rock ကို သူက တကယ့်သတ္တ၀ါကြီးတစ်ကောင်လိုပဲ၊ လုံးဝကို တကယ့်ကောင်ကြီး” လို့ ဗီရာက အောင်လအန်ဆန် နဲ့ပတ်သက်လို့ မှတ်ချက်ပေးလိုက်တာပါ။

ဒီစကားကြောင့်ဗီရာက အောင်လအန်ဆန်ကို လန့်နေပြီဆိုပြီး သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။မြန်မာပရိသတ်တွေကတော့ အောင်လအန်ဆန် တစ်ယောက်သာ ဒီပွဲကို အနိုင် ထိုးသတ်နိုင်ရင် ယခုနာမည်ကြီး နေတာထက်ကို ပိုမို နာမည်ကြီးသွားပြီလို့ မှတ်ချက်ပေးနေကြပြီး အောင်လအနေနဲ့ ဗီရာကို နိုင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။