.ဆင္တုပ္ေကြးက ခ်န္ရစ္ခဲ့တဲ့ အဆစ္နာေဝဒနာကို ဘယ္လိုသက္သာေအာင္လုပ္မလဲ

တုပ္ေကြးတို႔ရဲ႕ သဘာဝကိုက တစ္ကိုယ္လုံးကိုက္ခဲၿပီး ဖ်ားတယ္၊ တုပ္ေကြးေကြးတယ္ေပါ့။ ေပ်ာက္ၿပီဆို အကုန္သက္သာသြားတာပဲ။ ဒါေပမယ့္ ဆင္တုပ္ေကြးျဖစ္ထားတာ သက္သာလားလို႔ ေမးလိုက္ရင္ အဆစ္အျမစ္ေတြနာေနတုန္း၊ ကိုက္ခဲေနတုန္းပဲ။ လမ္းလည္းသိပ္မေလွ်ာက္ႏိုင္၊ ပစၥည္းေတြေတာင္ လက္က ၿမဲေအာင္မကိုင္ႏိုင္ဘူးလို႔ဆိုတဲ့ စကားေတြ ၾကားရပါတယ္။ တကယ္ေတာ့ လူကေနျပန္ေကာင္းေနပါၿပီ၊ ဒီေဝဒနာေတြက မေပ်ာက္ေသးဘူး၊ အလုပ္ေကာင္းေကာင္းမလုပ္ႏိုင္ေအာင္ ခံစားေနရတုန္းပဲလား။
ဒီလိုနာက်င္ကိုက္ခဲမႈေတြ ဘာလို႔ျဖစ္ရတာလဲ

Chikungunya လို႔ေခၚတဲ့ ဆင္တုပ္ေကြးကို ျခင္ကတဆင့္ ကူးစက္ရရွိတာပါ။ အခုလိုနာက်င္ကိုက္ခဲရတာက ေရာဂါပိုးကို ခႏၶာကိုယ္ရဲ႕ခုခံအားစနစ္က တုံ႔ျပန္တိုက္ခိုက္ေနတဲ့ရလဒ္ျဖစ္ပါတယ္။ ဒီလိုခုခံတဲ့အခါ ခႏၶာကိုယ္ရဲ႕ဆဲလ္ေတြကိုပါ ေရာဂါပိုးနဲ႔အတူေရာၿပီး တိုက္ခိုက္တာေၾကာင့္ျဖစ္ပါတယ္။ အဲဒီအခါ တစ္ရွဴးေတြေရာင္ရမ္းေစၿပီး ခႏၶာကိုယ္ဆဲလ္ေတြကိုထိခိုက္ေစပါတယ္။

အဆစ္နဲ႔ႂကြက္သားေတြမွာ ျဖစ္တဲ့အခါ နာက်င္ကိုက္ခဲတာေတြခံစားလာရပါတယ္။ ဒီလိုျဖစ္ရင္ နာက်င္ကိုက္ခဲမႈေတြအျပင္ ဒူးဆစ္၊ တံေတာင္ဆစ္ ဒါမွမဟုတ္ လက္ေကာက္ဝတ္တို႔မွာ အဆစ္ေတြေတာင့္တင္းၿပီး ေကြးဆန႔္ရခက္လာႏိုင္ပါတယ္။ ေရာဂါပိုးေၾကာင့္ ပဋိပစၥည္းေတြထြက္ရွိလာရာကေန ေနာက္ဆုံးမွာ အ႐ိုးအဆစ္ေတြမွာရွိတဲ့ အ႐ိုးႏုတစ္ရွဴးေတြကို ထိခိုက္ေစၿပီး အဆစ္ေတြေရာင္တယ္၊ လႈပ္ရွားရခက္လာပါေတာ့တယ္။

ဗိုင္းရပ္စ္ရဲ႕အဆိပ္အေတာက္အႂကြင္းအက်န္ေတြေၾကာင့္လည္း အခုလိုျဖစ္ေစႏိုင္ပါတယ္။ ဒီအဆိပ္အေတာက္ေတြေၾကာင့္ အ႐ိုးႏုတစ္ရွဴးေတြကို ထိခိုက္ၿပီး အဆစ္ေတြေရာင္ရမ္းေစႏိုင္တာပါ။ ဒီေရာဂါပိုးကို ရရွိၿပီး ရက္ပိုင္းအတြင္း သို႔မဟုတ္ သီတင္းပတ္နဲ႔ခ်ီၿပီး နာက်င္ကိုက္ခဲမႈကိုခံစားရႏိုင္ပါတယ္။ အဆစ္နာေဝဒနာ ျဖစ္လာတဲ့အခ်ိန္က် ဗိုင္းရပ္စ္က ခႏၶာကိုယ္ထဲမွာ မရွိေတာ့ပါဘူး။
ဆင္တုပ္ေကြးေၾကာင့္ အျဖစ္မ်ားတဲ့ အဆစ္နာေတြက

လက္ဆစ္ေတြ၊
လက္ေကာက္ဝတ္နဲ႔ တံေတာင္ဆစ္၊
ေျခက်င္းဝတ္၊ ေျခဆစ္ေတြ၊ တင္ပါးဆုံ႐ိုးတစ္စိတ္တစ္ပိုင္းတို႔မွာ ျဖစ္တတ္ပါတယ္။
ဘယ္ေလာက္ၾကာတတ္လဲ

ဆင္တုပ္ေကြးလက္က်န္ အဆစ္နာေဝဒနာက သုံးလေလာက္ထိ ခံစားရႏိုင္သလို တခ်ိဳ႕လူေတြမွာ တစ္ႏွစ္ေလာက္အထိ ျဖစ္တတ္ပါတယ္။

ခႏၶာကိုယ္က က်န္းမာေလ၊ အားနည္းက်န္ရစ္ခဲ့ႏိုင္ေျခ ပိုနည္းေလ ျဖစ္တာမို႔ က်န္းမာအားျပည့္ေအာင္ စားေသာက္ေနထိုင္တတ္သူေတြဆို သူမ်ားထက္ ပိုၿပီးျမန္ျမန္သက္သာလာတတ္ပါတယ္။ ကိုယ္ခံအားနည္းသူေတြမွာ ပိုၿပီးဒဏ္ခံရတတ္ပါတယ္။
ဘယ္လိုသက္သာေအာင္ လုပ္ရမလဲ

အဆစ္နာေဝဒနာေၾကာင့္ ထိခိုက္အားနည္းေနရသူေတြမွာ ေန႔စဥ္အလုပ္ေတြေတာင္ အရင္လို မလုပ္ႏိုင္တဲ့အထိ ခံစားရႏိုင္တယ္။ ဒီေဝဒနာေတြကို သက္သာဖို႔က နည္းလမ္း (၃) မ်ိဳးရွိပါတယ္။

(၁) ေလ့က်င့္ခန္း

နာလို႔ နားေနရာကေန အ႐ိုးအဆစ္ေတြကို သိပ္မလႈပ္ရွားျဖစ္တဲ့အခါ နာက်င္မႈက တိုးလာပါတယ္။ ညဘက္သိပ္မလႈပ္ရွားျဖစ္ေတာ့ မနက္အိပ္ရာထတဲ့အခါ တစ္ကိုယ္လုံးပိုၿပီး နာက်င္ေတာင့္တင္းေနရတဲ့ အေၾကာင္းရင္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မနက္ပိုင္းမွာ အဆစ္အျမစ္ေတြအားလုံးကို အနည္းဆုံးႏွစ္ႀကိမ္ေလာက္ေတာ့ ျဖည္းျဖည္းခ်င္း လႈပ္ရွားေပးပါ။ ဒါေလ့က်င့္ခန္းေလးေတြ ညင္ညင္သာသာလုပ္ရင္ ရပါၿပီ –

ထိုင္ခုံမွာ ထိုင္ၿပီး ေျခေထာက္ကို ျဖည္းျဖည္းခ်င္း ဆန႔္တန္းပါ။
မတ္တပ္ရပ္ၿပီး ေျခေထာက္တစ္ဖက္ခ်င္းစီ ေျမႇာက္ပါ။

မတ္တပ္ရပ္ၿပီး ခႏၶာကိုယ္တစ္ဖက္စီကို ေစာင္းလွည့္ပါ။
အေလးအပင္ေတြ မ မပါနဲ႔။
ျပင္းျပင္းထန္ထန္ေလ့က်င့္ခန္းေတြ မလုပ္ပါနဲ႔။

(၂) ေရခဲ

နာက်င္ေရာင္ရမ္းေနတဲ့ေနရာေတြကို ေရခဲဝတ္ကပ္ေပးပါ။ နာက်င္မႈသက္သာသြားပါလိမ့္မယ္။

(၃) အကိုက္အခဲေပ်ာက္ေဆး

ဒီေဝဒနာအတြက္ သင့္ေတာ္တဲ့ အကိုက္အခဲေပ်ာက္ေဆးကို ဆရာဝန္ကၫႊန္းေပးလိုက္မွာပါ။
ဆရာဝန္ၫႊန္ၾကားတဲ့အမ်ိဳးအစားနဲ႔ ပမာဏကိုပဲ ေသာက္ပါ။
အကိုက္အခဲေပ်ာက္ေဆးနဲ႔ ယာယီသက္သာေစႏိုင္ေပမယ့္ အလြန္အကြၽံမေသာက္သင့္ပါဘူး။
ကိုယ့္သေဘာနဲ႔ကိုယ္ ေသာက္တာမ်ားလြန္းရင္ အစာအိမ္ေသြးယိုတာ၊ အသည္းနဲ႔ေက်ာက္ကပ္ကို ထိခိုက္တာေတြျဖစ္လာႏိုင္ပါတယ္။
သီတင္းပတ္ ၃ ပတ္ထက္ေက်ာ္ၿပီး နာက်င္ကိုက္ခဲမႈတာရွည္ေနရင္ေတာ့ ဆရာဝန္နဲ႔ျပန္ျပၿပီး တိုင္ပင္သင့္ပါတယ္။

Unicode Version

ဆင်တုပ်ကွေးက ချန်ရစ်ခဲ့တဲ့ အဆစ်နာ ဘယ်လိုသက်သာအောင်လုပ်မလဲ

တုပ်ကွေးတို့ရဲ့ သဘာဝကိုက တစ်ကိုယ်လုံးကိုက်ခဲပြီး ဖျားတယ်၊ တုပ်ကွေးကွေးတယ်ပေါ့။ ပျောက်ပြီဆို အကုန်သက်သာသွားတာပဲ။ ဒါပေမယ့် ဆင်တုပ်ကွေးဖြစ်ထားတာ သက်သာလားလို့ မေးလိုက်ရင် အဆစ်အမြစ်တွေနာနေတုန်း၊ ကိုက်ခဲနေတုန်းပဲ။ လမ်းလည်းသိပ်မလျှောက်နိုင်၊ ပစ္စည်းတွေတောင် လက်က မြဲအောင်မကိုင်နိုင်ဘူးလို့ဆိုတဲ့ စကားတွေ ကြားရပါတယ်။ တကယ်တော့ လူကနေပြန်ကောင်းနေပါပြီ၊ ဒီဝေဒနာတွေက မပျောက်သေးဘူး၊ အလုပ်ကောင်းကောင်းမလုပ်နိုင်အောင် ခံစားနေရတုန်းပဲလား။

ဒီလိုနာကျင်ကိုက်ခဲမှုတွေ ဘာလို့ဖြစ်ရတာလဲ

Chikungunya လို့ခေါ်တဲ့ ဆင်တုပ်ကွေးကို ခြင်ကတဆင့် ကူးစက်ရရှိတာပါ။ အခုလိုနာကျင်ကိုက်ခဲရတာက ရောဂါပိုးကို ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က တုံ့ပြန်တိုက်ခိုက်နေတဲ့ရလဒ်ဖြစ်ပါတယ်။ ဒီလိုခုခံတဲ့အခါ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကိုပါ ရောဂါပိုးနဲ့အတူရောပြီး တိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်။ အဲဒီအခါ တစ်ရှူးတွေရောင်ရမ်းစေပြီး ခန္ဓာကိုယ်ဆဲလ်တွေကိုထိခိုက်စေပါတယ်။ အဆစ်နဲ့ကြွက်သားတွေမှာ ဖြစ်တဲ့အခါ နာကျင်ကိုက်ခဲတာတွေခံစားလာရပါတယ်။

ဒီလိုဖြစ်ရင် နာကျင်ကိုက်ခဲမှုတွေအပြင် ဒူးဆစ်၊ တံတောင်ဆစ် ဒါမှမဟုတ် လက်ကောက်ဝတ်တို့မှာ အဆစ်တွေတောင့်တင်းပြီး ကွေးဆန့်ရခက်လာနိုင်ပါတယ်။ ရောဂါပိုးကြောင့် ပဋိပစ္စည်းတွေထွက်ရှိလာရာကနေ နောက်ဆုံးမှာ အရိုးအဆစ်တွေမှာရှိတဲ့ အရိုးနုတစ်ရှူးတွေကို ထိခိုက်စေပြီး အဆစ်တွေရောင်တယ်၊ လှုပ်ရှားရခက်လာပါတော့တယ်။

ဗိုင်းရပ်စ်ရဲ့အဆိပ်အတောက်အကြွင်းအကျန်တွေကြောင့်လည်း အခုလိုဖြစ်စေနိုင်ပါတယ်။ ဒီအဆိပ်အတောက်တွေကြောင့် အရိုးနုတစ်ရှူးတွေကို ထိခိုက်ပြီး အဆစ်တွေရောင်ရမ်းစေနိုင်တာပါ။ ဒီရောဂါပိုးကို ရရှိပြီး ရက်ပိုင်းအတွင်း သို့မဟုတ် သီတင်းပတ်နဲ့ချီပြီး နာကျင်ကိုက်ခဲမှုကိုခံစားရနိုင်ပါတယ်။ အဆစ်နာဝေဒနာ ဖြစ်လာတဲ့အချိန်ကျ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ မရှိတော့ပါဘူး။
ဆင်တုပ်ကွေးကြောင့် အဖြစ်များတဲ့ အဆစ်နာတွေက

လက်ဆစ်တွေ၊
လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်၊
ခြေကျင်းဝတ်၊ ခြေဆစ်တွေ၊ တင်ပါးဆုံရိုးတစ်စိတ်တစ်ပိုင်းတို့မှာ ဖြစ်တတ်ပါတယ်။
ဘယ်လောက်ကြာတတ်လဲ

ဆင်တုပ်ကွေးလက်ကျန် အဆစ်နာဝေဒနာက သုံးလလောက်ထိ ခံစားရနိုင်သလို တချို့လူတွေမှာ တစ်နှစ်လောက်အထိ ဖြစ်တတ်ပါတယ်။

ခန္ဓာကိုယ်က ကျန်းမာလေ၊ အားနည်းကျန်ရစ်ခဲ့နိုင်ခြေ ပိုနည်းလေ ဖြစ်တာမို့ ကျန်းမာအားပြည့်အောင် စားသောက်နေထိုင်တတ်သူတွေဆို သူများထက် ပိုပြီးမြန်မြန်သက်သာလာတတ်ပါတယ်။ ကိုယ်ခံအားနည်းသူတွေမှာ ပိုပြီးဒဏ်ခံရတတ်ပါတယ်။
ဘယ်လိုသက်သာအောင် လုပ်ရမလဲ

အဆစ်နာဝေဒနာကြောင့် ထိခိုက်အားနည်းနေရသူတွေမှာ နေ့စဉ်အလုပ်တွေတောင် အရင်လို မလုပ်နိုင်တဲ့အထိ ခံစားရနိုင်တယ်။ ဒီဝေဒနာတွေကို သက်သာဖို့က နည်းလမ်း (၃) မျိုးရှိပါတယ်။

(၁) လေ့ကျင့်ခန်း

နာလို့ နားနေရာကနေ အရိုးအဆစ်တွေကို သိပ်မလှုပ်ရှားဖြစ်တဲ့အခါ နာကျင်မှုက တိုးလာပါတယ်။ ညဘက်သိပ်မလှုပ်ရှားဖြစ်တော့ မနက်အိပ်ရာထတဲ့အခါ တစ်ကိုယ်လုံးပိုပြီး နာကျင်တောင့်တင်းနေရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဒါ့ကြောင့် မနက်ပိုင်းမှာ အဆစ်အမြစ်တွေအားလုံးကို အနည်းဆုံးနှစ်ကြိမ်လောက်တော့ ဖြည်းဖြည်းချင်း လှုပ်ရှားပေးပါ။ ဒါလေ့ကျင့်ခန်းလေးတွေ ညင်ညင်သာသာလုပ်ရင် ရပါပြီ –

ထိုင်ခုံမှာ ထိုင်ပြီး ခြေထောက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းပါ။
မတ်တပ်ရပ်ပြီး ခြေထောက်တစ်ဖက်ချင်းစီ မြှောက်ပါ။

မတ်တပ်ရပ်ပြီး ခန္ဓာကိုယ်တစ်ဖက်စီကို စောင်းလှည့်ပါ။
အလေးအပင်တွေ မ မပါနဲ့။
ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

(၂) ရေခဲ

နာကျင်ရောင်ရမ်းနေတဲ့နေရာတွေကို ရေခဲဝတ်ကပ်ပေးပါ။ နာကျင်မှုသက်သာသွားပါလိမ့်မယ်။

(၃) အကိုက်အခဲပျောက်ဆေး

ဒီဝေဒနာအတွက် သင့်တော်တဲ့ အကိုက်အခဲပျောက်ဆေးကို ဆရာဝန်ကညွှန်းပေးလိုက်မှာပါ။
ဆရာဝန်ညွှန်ကြားတဲ့အမျိုးအစားနဲ့ ပမာဏကိုပဲ သောက်ပါ။
အကိုက်အခဲပျောက်ဆေးနဲ့ ယာယီသက်သာစေနိုင်ပေမယ့် အလွန်အကျွံမသောက်သင့်ပါဘူး။

ကိုယ့်သဘောနဲ့ကိုယ် သောက်တာများလွန်းရင် အစာအိမ်သွေးယိုတာ၊ အသည်းနဲ့ကျောက်ကပ်ကို ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။
သီတင်းပတ် ၃ ပတ်ထက်ကျော်ပြီး နာကျင်ကိုက်ခဲမှုတာရှည်နေရင်တော့ ဆရာဝန်နဲ့ပြန်ပြပြီး တိုင်ပင်သင့်ပါတယ်။