You are here
Home > Health > “ဆင္တုတ္ေကြး ျဖစ္ၿပီးေနာက္ .. ျမန္ျမန္နာလန္ထူေအာင္ ဦးစားေပး စားရမည့္ အစားအစာမ်ား”

“ဆင္တုတ္ေကြး ျဖစ္ၿပီးေနာက္ .. ျမန္ျမန္နာလန္ထူေအာင္ ဦးစားေပး စားရမည့္ အစားအစာမ်ား”

လိုက္နာသင့္တဲ့အေကာင္းဆုံးအခ်က္ေတြ႕မို႔ Crd ေပးပီးလက္ဆင့္ကမ္းမွ်ေဝလိုက္ပါတယ္
ဆင္တုတ္ေကြး ျဖစ္ၿပီးေနာက္
ျမန္ျမန္နာလန္ထူေအာင္ ဦးစားေပး စားရမည့္
အစားအစာမ်ား

အခု အျဖစ္မ်ားေနၾကတဲ့ ဆင္တုပ္ေကြး ေခၚ Chikungunya ဟာ ေရာဂါပိုးသယ္ေဆာင္လာတဲ့ျခင္ကိုက္တာခံရၿပီး ၂ ရက္ကေန ရ ရက္အတြင္း လကၡဏာေတြေပၚလာတတ္ပါတယ္။ စစခ်င္းမွာ ကိုယ္ပူတာ၊ အဆစ္အျမစ္ေတြကိုက္ခဲတာခံစားရတယ္၊ ေနာက္ေတာ့ ႏုံးတာ၊ ႂကြက္သားနာက်င္တာ၊ ေခါင္းကိုက္တာ၊ အေရျပားအနီကြက္ျဖစ္တာေတြျဖစ္လာႏိုင္ပါတယ္။ သူ႔ရဲ႕ျပႆနာကေတာ့ အဖ်ားေပ်ာက္တာၾကာေနတာေတာင္ အားနည္းတာ၊ ယားယံတာနဲ႔ နာက်င္ကိုက္ခဲမႈေတြက က်န္ေနခဲ့တာပဲျဖစ္ပါတယ္။

အမ်ားစုကေတာ့ ၃ ရက္ကေန ၁၀ ရက္အတြင္း လကၡဏာေတြသက္သာေပ်ာက္ကင္းသြားၾကပါတယ္။ တခ်ိဳ႕ေတြမွာေတာ့ အဆစ္နာက်င္ကိုက္ခဲမႈအႂကြင္းအက်န္ေတြကို လနဲ႔ခ်ီ၊ ႏွစ္နဲ႔ခ်ီၿပီး ခံစားရႏိုင္ပါတယ္။ Chikungunya ရဲ႕ေနာက္ဆက္တြဲျပႆနာေၾကာင့္ ေသဆုံးမႈျဖစ္တာရွားပါတယ္။ ဒါေပမယ့္ နာတာရွည္ေရာဂါေတြရွိတဲ့ သက္ႀကီးပိုင္းအ႐ြယ္ေတြမွာ တစ္ခါတေလ ေရာဂါပိုျပင္းထန္တတ္ပါတယ္။

ဆင္တုပ္ေကြးျဖစ္လာၿပီဆိုရင္ – နားနားေနေန ေနပါ။ ေရမ်ားမ်ားေသာက္ပါ။ ဆရာဝန္ၫႊန္ၾကားတဲ့ ေဆးကိုပဲေသာက္ပါ။ ကိုယ္ထင္ရာအကိုက္အခဲေပ်ာက္ေဆး၊အဖ်ားက်ေဆးေတြမေသာက္ပါနဲ႔။ အာဟာရျပည့္ဝေအာင္စားပါ။ Chikungunya ျဖစ္ၿပီးၿပီဆိုလည္း ေပါ့ေပါ့ဆဆမေနပါနဲ႔။ လကၡဏာစတင္ၿပီး တစ္ပတ္အတြင္းမွာျခင္ထပ္အကိုက္မခံရေအာင္ ဂ႐ုစိုက္ပါ။ ေနမေကာင္းျဖစ္ေနတဲ့ကိုယ့္ကို ကိုက္သြားတဲ့ ျခင္ကတဆင့္ ကိုယ့္မိသားစု သို႔မဟုတ္ တျခားသူေတြဆီ ဆက္ၿပီးကူးစက္ႏိုင္လို႔ပါ။ အဖ်ားက်ၿပီး သက္သာလာတဲ့ နာလန္ထအခ်ိန္ကလည္း အေရးႀကီးပါတယ္။ဒါမွ ဆင္တုပ္ေကြးလက္က်န္ ေဝဒနာဒဏ္ကို တြန္းလွန္ႏိုင္ၿပီး ျမန္ျမန္ေပ်ာက္ကင္းႏိုင္မွာပါ။

“ျမန္ျမန္နာလန္ထူႏိုင္ေအာင္ ဘာေတြစားရမလဲ”

ေရ – တုပ္ေကြးျဖစ္ေနတဲ့အခ်ိန္မွာေရာ၊ သက္သာလာတဲ့အခ်ိန္မွာေရာ ေရမ်ားမ်ားေသာက္ေပးသင့္ပါတယ္။ ေရ သို႔မဟုတ္ ေရဓာတ္ျပည့္ေစမယ့္ အရည္ေတြမ်ားမ်ားဝင္ေအာင္ ဂ႐ုစိုက္ပါ။

အုန္းစိမ္းရည္ – အုန္းစိမ္းရည္ေသာက္ရင္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားသန႔္စင္ေပးႏိုုင္ၿပီး ေရဓာတ္ျပည့္ဝေစႏိုင္ပါတယ္။ ကိုယ္ခံအားစနစ္အတြက္လည္း အေထာက္အကူေပးလို႔ အုန္းစိမ္းရည္ေလးေသာက္ေပးပါ။

အစိမ္းရင့္ေရာင္အသီးအ႐ြက္ – အစိမ္းေရာင္အသီးအ႐ြက္ေတြက ကယ္လိုရီနည္းသလို ေခ်ဖ်က္ရလြယ္တယ္။ ဒီလိုအခ်ိန္မွာ ခႏၶာကိုယ္ကို ျပန္ျဖည့္တင္းေပးဖို႔ လိိုအပ္ေနတဲ့ ဗီတာမင္ေတြအမ်ားႀကီးပါဝင္တယ္။ ဒီဗီတာမင္ေတြေၾကာင့္ ဆင္တုပ္ေကြးလို ေရာဂါေတြကေန က်န္းမာေရးျပန္ေကာင္းမြန္လာဖို႔ အေထာက္အပံ့မ်ားစြာရႏိုင္ပါတယ္။

စြပ္ျပဳတ္ – အိမ္မွာပဲ ခ်က္တဲ့ အသားနဲ႔ အသီးအ႐ြက္ဟင္းရည္၊ စြပ္ျပဳတ္ေလးေတြေသာက္ပါ။ မုန္လာဥျဖဴ သို႔မဟုတ္ ဥနီပါရင္ပိုေကာင္းပါတယ္။

ပန္းသီးနဲ႔ ငွက္ေပ်ာသီး – ဆင္တုပ္ေကြးျဖစ္ရာကေန သက္သာကာစအခ်ိန္မွာ ပန္းသီးနဲ႔ ငွက္ေပ်ာသီး စားေပးပါ။ ပန္းသီးမွာ အစာေျခလမ္းေၾကာင္းကို သန႔္စင္က်န္းမာေစတဲ့ အမွ်င္ဓာတ္ေတြႂကြယ္ဝၿပီး ကိုလက္စထေရာပမာဏကို ထိန္းညႇိေပးတယ္။ ငွက္ေပ်ာသီးမွာလည္း ဝမ္းခ်ဳပ္တာကိုကာကြယ္ေပးၿပီး အူကိုသန႔္ေစတဲ့ အမွ်င္ဓာတ္ေတြပါဝင္ပါတယ္။

Omega 3 Fatty Acids – Omega 3 fatty acids ႂကြယ္ဝတဲ့ အစားအစာေတြ နဲ႔ ျဖည့္စြက္အားေဆးေတြ စားသုံးဖို႔လိုပါတယ္။ Omega 3 fatty acids က ဦးေႏွာက္လုပ္ေဆာင္ခ်က္ေတြကို ေကာင္းမြန္ေစၿပီး မွတ္ဉာဏ္ေကာင္းမြန္ေစတယ္၊ ေလျဖတ္ႏိုင္ေျခေလ်ာ့နည္းေစတယ္၊ အဆစ္ေရာင္လကၡဏာေတြကိုလည္း သက္သာေစႏိုင္ပါတယ္။

ဗီတာမင္ C နဲ႔ E – ဗီတာမင္ C က အနာက်က္ေစတဲ့အျပင္ ႂကြက္သား၊ အ႐ိုး၊ အ႐ြတ္နဲ႔ ေသြးေၾကာေတြရဲ႕ဖြဲ႕စည္းျဖစ္ေပၚမႈကို ကူညီေပးပါတယ္။ ဗီတာမင္ E က အသားအေရအတြက္ေကာင္းတဲ့အျပင္ ကင္ဆာေရာဂါေတြ၊ ပါကင္ဆန္ေရာဂါနဲ႔ အဆစ္ေရာင္ေလးဘက္နာေရာဂါတို႔ကို ကာကြယ္ေပးပါတယ္။ မာလကာသီး၊ ပန္းင႐ုတ္ပြအဝါ၊ ကီဝီသီး၊ ပန္းေဂၚဖီစိမ္း၊ စေတာ္ဘယ္ရီ၊ ခရမ္းခ်ဥ္သီး စတာေတြမွာ ဒီဗီတာမင္ႏွစ္မ်ိဳးလုံးကို ရရွိႏိုင္ပါတယ္။

ေရွာင္ရမွာက – အခ်ိဳမ်ားတဲ့အစားအစာေတြ၊ အသင့္စားသေရစာနဲ႔ အဆီမ်ားတာေတြေရွာင္ပါ။ ကဖင္းနဲ႔ ဂက္စ္ပါတဲ့ ေသာက္စရာေတြကို ေရွာင္ပါ။ ေဆးလိပ္၊ အရက္ ေရွာင္ပါ။ ျပဳျပင္စီမံထားတဲ့၊ ေအးခဲထားတဲ့ အစားအစာေတြကို ေရွာင္ပါ။ အပူအစပ္ေတြ ေရွာင္ပါ။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing

Unicode Version ဖြင့် ဖတ်ပါ
★★★

လိုက်နာသင့်တဲ့အကောင်းဆုံးအချက်တွေ့မို့ Crd ပေးပီးလက်ဆင့်ကမ်းမျှဝေလိုက်ပါတယ်
ဆင်တုတ်ကွေး ဖြစ်ပြီးနောက်
မြန်မြန်နာလန်ထူအောင် ဦးစားပေး စားရမည့်
အစားအစာများ

အခု အဖြစ်များနေကြတဲ့ ဆင်တုပ်ကွေး ခေါ် Chikungunya ဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ရ ရက်အတွင်း လက္ခဏာတွေပေါ်လာတတ်ပါတယ်။ စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊ နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ပြဿနာကတော့ အဖျားပျောက်တာကြာနေတာတောင် အားနည်းတာ၊ ယားယံတာနဲ့ နာကျင်ကိုက်ခဲမှုတွေက ကျန်နေခဲ့တာပဲဖြစ်ပါတယ်။

အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။ Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့် သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေ ရောဂါပိုပြင်းထန်တတ်ပါတယ်။

ဆင်တုပ်ကွေးဖြစ်လာပြီဆိုရင် – နားနားနေနေ နေပါ။ ရေများများသောက်ပါ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေမသောက်ပါနဲ့။ အာဟာရပြည့်ဝအောင်စားပါ။ Chikungunya ဖြစ်ပြီးပြီဆိုလည်း ပေါ့ပေါ့ဆဆမနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။ နေမကောင်းဖြစ်နေတဲ့ကိုယ့်ကို ကိုက်သွားတဲ့ ခြင်ကတဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ ဆက်ပြီးကူးစက်နိုင်လို့ပါ။ အဖျားကျပြီး သက်သာလာတဲ့ နာလန်ထအချိန်ကလည်း အရေးကြီးပါတယ်။ဒါမှ ဆင်တုပ်ကွေးလက်ကျန် ဝေဒနာဒဏ်ကို တွန်းလှန်နိုင်ပြီး မြန်မြန်ပျောက်ကင်းနိုင်မှာပါ။

“မြန်မြန်နာလန်ထူနိုင်အောင် ဘာတွေစားရမလဲ”

ရေ – တုပ်ကွေးဖြစ်နေတဲ့အချိန်မှာရော၊ သက်သာလာတဲ့အချိန်မှာရော ရေများများသောက်ပေးသင့်ပါတယ်။ ရေ သို့မဟုတ် ရေဓာတ်ပြည့်စေမယ့် အရည်တွေများများဝင်အောင် ဂရုစိုက်ပါ။

အုန်းစိမ်းရည် – အုန်းစိမ်းရည်သောက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး ရေဓာတ်ပြည့်ဝစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်အတွက်လည်း အထောက်အကူပေးလို့ အုန်းစိမ်းရည်လေးသောက်ပေးပါ။

အစိမ်းရင့်ရောင်အသီးအရွက် – အစိမ်းရောင်အသီးအရွက်တွေက ကယ်လိုရီနည်းသလို ချေဖျက်ရလွယ်တယ်။ ဒီလိုအချိန်မှာ ခန္ဓာကိုယ်ကို ပြန်ဖြည့်တင်းပေးဖို့ လိုအပ်နေတဲ့ ဗီတာမင်တွေအများကြီးပါဝင်တယ်။ ဒီဗီတာမင်တွေကြောင့် ဆင်တုပ်ကွေးလို ရောဂါတွေကနေ ကျန်းမာရေးပြန်ကောင်းမွန်လာဖို့ အထောက်အပံ့များစွာရနိုင်ပါတယ်။

စွပ်ပြုတ် – အိမ်မှာပဲ ချက်တဲ့ အသားနဲ့ အသီးအရွက်ဟင်းရည်၊ စွပ်ပြုတ်လေးတွေသောက်ပါ။ မုန်လာဥဖြူ သို့မဟုတ် ဥနီပါရင်ပိုကောင်းပါတယ်။

ပန်းသီးနဲ့ ငှက်ပျောသီး – ဆင်တုပ်ကွေးဖြစ်ရာကနေ သက်သာကာစအချိန်မှာ ပန်းသီးနဲ့ ငှက်ပျောသီး စားပေးပါ။ ပန်းသီးမှာ အစာခြေလမ်းကြောင်းကို သန့်စင်ကျန်းမာစေတဲ့ အမျှင်ဓာတ်တွေကြွယ်ဝပြီး ကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။ ငှက်ပျောသီးမှာလည်း ဝမ်းချုပ်တာကိုကာကွယ်ပေးပြီး အူကိုသန့်စေတဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။

Omega 3 Fatty Acids – Omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေ နဲ့ ဖြည့်စွက်အားဆေးတွေ စားသုံးဖို့လိုပါတယ်။ Omega 3 fatty acids က ဦးနှောက်လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းမွန်စေတယ်၊ လေဖြတ်နိုင်ခြေလျော့နည်းစေတယ်၊ အဆစ်ရောင်လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဗီတာမင် C နဲ့ E – ဗီတာမင် C က အနာကျက်စေတဲ့အပြင် ကြွက်သား၊ အရိုး၊ အရွတ်နဲ့ သွေးကြောတွေရဲ့ဖွဲ့စည်းဖြစ်ပေါ်မှုကို ကူညီပေးပါတယ်။ ဗီတာမင် E က အသားအရေအတွက်ကောင်းတဲ့အပြင် ကင်ဆာရောဂါတွေ၊ ပါကင်ဆန်ရောဂါနဲ့ အဆစ်ရောင်လေးဘက်နာရောဂါတို့ကို ကာကွယ်ပေးပါတယ်။ မာလကာသီး၊ ပန်းငရုတ်ပွအဝါ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး စတာတွေမှာ ဒီဗီတာမင်နှစ်မျိုးလုံးကို ရရှိနိုင်ပါတယ်။

ရှောင်ရမှာက – အချိုများတဲ့အစားအစာတွေ၊ အသင့်စားသရေစာနဲ့ အဆီများတာတွေရှောင်ပါ။ ကဖင်းနဲ့ ဂက်စ်ပါတဲ့ သောက်စရာတွေကို ရှောင်ပါ။ ဆေးလိပ်၊ အရက် ရှောင်ပါ။ ပြုပြင်စီမံထားတဲ့၊ အေးခဲထားတဲ့ အစားအစာတွေကို ရှောင်ပါ။ အပူအစပ်တွေ ရှောင်ပါ။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing

Top
//vaikijie.net/4/3018672