
ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံ ကနေ ဂုဏ်ထူးဆောင်ဆု (၆)ဆုအား ချီးမြှင့်ခံခဲ့ရသူ တစ်ယောက်ဖြစ်တဲ့ သက်ထားသူဇာ ကတော့ အားကစားလောကမှာ ထူးချွန်ထက်မြတ်တဲ့ ကြက်တောင်မယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ (Egypt International Series 2018) အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ရွှေတံဆိပ်ဆုကို ရရှိခဲ့တဲ့ သူတစ်ယောက်ပါ။ ဒါအပြင် နီပေါအပြည်ပြည် ဆိုင်ရာစီးရီး (2018) တွင် ဒုတိယဆု၊ Iran International challenge (2018)တွင်လည်း တတိယဆုတွေကို အသီးသီး ရရှိခဲ့ပါတယ်။
ဂရိနိုင်ငံက ကြက်တောင်ပြိုင်ပွဲ မှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့ သက်ထားသူဇာဟာ ဆီမီးဖိုင်နယ်မှာ ပြင်သစ် ကြက်တောင်မယ် လီယိုနစ်ဟူအဲကို (၃)ပွဲဆက်တိုက်ရိုက်ပြီးတော့ အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။ ဗိုလ်လုပွဲမှာတော့ မလေးရှားကြက်တောင်မယ် ဆယ်ဗာဒူရေးနဲ့ ယှဉ်ပြိုင်ကစား ခဲ့ရတာဖြစ်ပြီးတော့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးလို့လည်း သိရပါသေးတယ်။ အဲဒီပြိုင်ပွဲပြီးပြီးချင်း ဘူဂေးရီးယားနိုင်ငံမှာ ကျင်းပတဲ့ ကြက်တောင်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ခရီးပန်းတာကြောင့် ကောင်းကောင်း မကစားနိုင်ခဲ့ပေမယ့် ဆုတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ပြောပြထားပါသေးတယ်။
လက်ရှိမှာလည်း မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ ဟာ နိုင်ငံတကာပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ရွှေတံဆိပ်ဆု (၂)ခုနဲ့ငွေတံဆိပ်(၁) ခုကို သိမ်းပိုက်ပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ သက်ထားသူဇာက အိုလံပစ်ပြိုင်ပွဲ မှာ ဝင်ရောက်ယှဉ်ပြိုင်လို့ ရတဲ့ အခြေအနေရှိနေပြီဆိုပေမယ့် အိုလံပစ်ဂိုးကို ပိုပြီးတာ့ နီးကပ်ဖို့လက်ရှိမှာ ပြိုင်ပွဲတွေကို ဆက်တိုက်ယှဉ်ပြိုင်ကစားသွား မယ်လို့ ပြောပြထားတာကို ပရိသတ်ကြီးအတွက် မျှဝေပေး လိုက်ပါတယ်…….။
credit – celegabar