



Photo – Khine Thin Kyi
Happy – Cele Gabar

(ယူနီကုဒ်ဖြင့်ဖတ်ရန်)

” မခိုင်လေးတို့ရဲ့စက်ရုံကို လာရောက်လည်ပတ်ခဲ့တဲ့ DENMARK ဝန်ကြီးနဲ့ သံရုံးအဖွဲ့သားတွေ ”

အနုပညာလောကမှာ နှစ်ပေါင်းများစွာရပ်တည်လာခဲ့ပြီး သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေ လည်း အများပြားရှိနေတဲ့ မခိုင်လေးဟာဆိုရင် အိမ်ထောင်ပြုပြီးနောက်ပိုင်း ခင်ပွန်းသည်နဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ဘဝလေးမှာ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အခုဆိုရင် သမီးလေးဟာလည်း ဆယ်ကျော်သက်အရွယ်ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ အရွယ်တင်လွန်းလို့ သမီးလေးနဲ့ပုံတွေတင်တိုင်း ညီမတွေလားလို့ အားလုံးက စနောက်ခဲ့ကြပါသေးတယ်။

ကိုယ်ပိုင်အထည်ချုပ်စက်ရုံတစ်ရုံဖွင့်ခဲ့ပြီးနောက် ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့စက်ရုံကို မကြာခဏဆိုသလိုသွားတတ်ပြီး ခင်ပွန်းဖြစ်သူနားမှာ အမြဲတမ်း ပြုံးပျော်နေတတ်တဲ့ ချစ်စရာကောင်းတဲ့မခိုင်လေးပါပဲ။ အချိန်တွေဘယ်လောက်ကြာကြာ နှစ်ယောက်သားရဲ့မေတ္တာကတော့ မှေးမှိန်မသွားပဲ အချိန်ကြာလေလေ ပိုပိုပြီးချစ်လာလေလေပါ။ ဒီနေ့မှာတော့ မခိုင်လေးက သူမတို့ရဲ့စက်ရုံကို DENMARK နိုင်ငံက တာဝန်ရှိသူတွေလာရောက် လည်ပတ်ခဲ့တဲ့ပုံရိပ်တွေကို ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

တကယ်ကိုမိန်းမပီသတဲ့အသွင်အပြင်နဲ့ ကျက်သရေရှိရှိလှပနေတဲ့ မခိုင်လေးတစ်ယောက် သူမတို့ရဲ့ အောင်မြင်မှုမှတ်တိုင်ပုံရိပ်လေးတွေကို ” မနေ့ကအမှတ်တရပုံလေးတွေပါ မခိုင်လေးတို့ရဲ့စက်ရုံ ကိုလာရောက်လည်ပတ်ခဲ့ကြတဲ့ DENMARK နိုင်ငံရဲ့ ဝန်ကြီး , သံအမတ်နဲ အဖွဲ့သားများကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် ” ဆိုပြီး ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်လွန်းတဲ့ သူမတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo – Khine Thin Kyi
Happy – Cele Gabar