“လူသားအစ..ျမန္မာက..” ကမၻာ့ သက္တမ္းအရင့္ဆုံးျဖစ္နုိင္ေသာ ေက်ာက္ျဖစ္ရုပ္ျကြင္း ျမန္မာနုိင္ငံတြင္ေတြ႕ရွိ

“လူသားအစ..ျမန္မာက..” ဟုတ္ပါတယ္…ဒီစကားေလးကို ပရိသတ္ႀကီးတို႔လည္း ၾကားဖူးၾကမွာပါ…
၁၉၇၈ ခုႏွစ္ ဧၿပီလတြင္းက ျမန္မာႏိုင္ငံပုံေတာင္ေဒသမွာ ေတြ႕ခဲ့တဲ့ လူပ႐ိုင္းမိတ္ေၾကာင့္ ကမ႓ာေက်ာ္ တိုင္းမ္မဂၢဇင္းႀကီးက “လူရဲ႕ မူလဇစ္ျမစ္ကို အာဖရိကမွ အေရွ႕ေတာင္အာရွသို႔ ေျပာင္းေ႐ႊ႕စိုက္ထူလိုက္ျခင္း” ဆိုၿပီး ေဆာင္းပါးတစ္ပုဒ္ေရးခဲ့ပါတယ္…ယခင္က လူသားအစ အာဖရိက ကလို႔ ထင္ခဲ့ရာကေန သက္တမ္းအလြန္ရင့္တဲ့ အဲဒီ ပရိုင္းမိတ္ကို ေတြ႕ရွိမႈေၾကာင့္ လူသားအစကို ျမန္မာကလို႔ ဆိုလာခဲ့ၾကတာပဲ ျဖစ္ပါတယ္…ဘယ္ေလာက္ဂုဏ္ယူဖို႔ ေကာင္းလဲေနာ္…

အဲဒီလိုပဲ သက္တမ္းရင့္ ပရိုင္းမိတ္ေတြကို ျမန္မာႏိုင္ငံမွာစတင္ေတြ႕ရွိၿပီး အတိတ္လူသားအစကာလကို ေဖာ္ထုတ္မႈေတြ ျပဳလုပ္လာႏိုင္ခဲ့သလို အခုလည္း ကမာၻ႔ သက္တမ္းအရင့္ဆုံး ေက်ာက္ျဖစ္႐ုပ္ႂကြင္း ျဖစ္ႏိုင္တယ္လို႔ဆိုၾကတဲ့ ေက်ာ႐ိုးရွိ ပင္လယ္ေန တြားသြား သတၱဝါ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းတစ္ခုကို ျမန္မာႏိုင္ငံက လားရႈိးၿမိဳ႕မွာ ေတြ႕ရွိခဲ့ၿပီျဖစ္ပါတယ္….

လားရႈိးၿမိဳ႕ရဲ႕ အေနာက္ဘက္မွာ ရွိတဲ့ ရဲေဘာ္ေဟာင္း ေက်ာက္ေတာင္ကေန ၿပီးခဲ့တဲ့ ႏွစ္ကတည္းက ေတြ႕ရွိခဲ့တာပါ…. ျပည္တြင္း ျပည္ပ ပညာရွင္ေတြက တစ္ႏွစ္ေက်ာ္ သုေတသန ျပဳခဲ့ၿပီးေနာက္မွာေတာ့ အခုလို ေက်ာ႐ိုးရွိတဲ့ ပင္လယ္ေန တြားသြား သတၱဝါ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းျဖစ္ၿပီး ကမာၻ႔ သက္တမ္း အရင့္ဆုံး ျဖစ္ႏိုင္တယ္လို႔ ဆိုၾကတာပါ….

မႏၲေလးရတနာပုံတကၠသိုလ္ ဘူမိေဗဒဌာနက ပါေမာကၡ ေဒါက္တာ ခိုင္ခိုင္စန္းနဲ႔ ယူေက ႏိုင္ငံ အီဒင္ဘာရာ တကၠသိုလ္က ပညာရွင္ေတြ ပူးေပါင္း သုေတသန ျပဳလုပ္ခဲ့ၾကၿပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း သန္း ၂၁၀ နဲ႔ သန္း ၂၅၀ ၾကား သက္တမ္းရွိ ႐ုပ္ႂကြင္းျဖစ္ေၾကာင္းနဲ႔ ပါခ်ီပလူ႐ိုေဆာ Pachypleurosaur မ်ိဳးရင္း ျဖစ္တယ္လို႔ သိရွိ လာရပါတယ္။

အခုေလ့လာခဲ့တဲ့ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းက ဒိုင္ႏိုေဆာနဲ႔ Phylum မ်ိဳးေပါင္းစုနဲ႔ Class မ်ိဳးေပါင္းတူတယ္လို႔ ဆိုပါတယ္…အ႐ြယ္အစား တစ္ေပ ေက်ာ္ေလာက္ ရွိတဲ့ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းမွာ ဦးေခါင္း၊ ေျခလက္ အျပည့္အစုံပါေပမဲ့ အၿမီးေတာ့ မပါရွိပါဘူး…
လြန္ခဲ့တဲ့ ၄ ႏွစ္ကလည္း ဒီလို အေကာင္မ်ိဳး ေတြ႕ခဲ့ဖူးတာ ရွိၿပီး လားရႈိးၿမိဳ႕က ရွမ္းျပည္နယ္ ယဥ္ေက်းမႈ ျပတိုက္မွာ ျပထားတယ္လို႔ သိရလို႔ သြားၾကည့္ၿပီး ႏွစ္ေကာင္စလုံးကို သုေတသန လုပ္ခဲ့တာလို႔ ေဒါက္တာ ခိုင္ခိုင္စန္းက ဆိုပါတယ္…
သုေတသနျပဳလုပ္ခ်က္အရ ႏွစ္ေကာင္စလုံးက ႏွစ္ေပါင္း သန္း၂၀၀ ေက်ာ္ သက္တမ္းရွိတာခ်င္း တူၿပီးေတာ့ မ်ိဳးရင္းလည္း တူတယ္လို႔ ေတြ႕ရွိရပါတယ္…

ဒီလို ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းေတြကို ဥေရာပ ႏိုင္ငံ အေတာ္မ်ားမ်ားမွာ တူးေဖာ္ရရွိခဲ့ဖူးတယ္လို႔ လည္း သူက ဆိုပါတယ္…
ျမန္မာႏိုင္ငံမွာ အရင္က ေက်ာ႐ိုးမဲ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေတြ အမ်ားႀကီး ေတြ႕ခဲ့ဖူးၿပီး လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ၂၈၀ ေက်ာ္က သႏၲာေကာင္မ်ိဳးေတြလည္း ေတြ႕ခဲ့ဖူးတယ္လို႔ သိရပါတယ္…
ယခုလို ျမန္မာႏိုင္ငံမွာ တခါမွ မေတြ႕ခဲ့ဖူးေသးတဲ့ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းကို ေတြ႕ခဲ့တာ ျဖစ္လို႔ ကမာၻ သိေအာင္ ခ်ျပခ်င္တဲ့ ဆႏၵ ပါေမာကၡ ေဒါက္တာ ခိုင္ခိုင္စန္းမွာ ရွိတယ္လို႔ ဆိုပါတယ္…
ကမၻာသိေအာင္ကလည္း ကမာၻ႔ အဆင့္မီ သုေတသန ဂ်ာနယ္မွာ ပါမွ ကမာၻ သိမွာ ျဖစ္လို႔ ျပည္ပ ပညာရွင္ေတြနဲ႔ ပူးေပါင္း သုေတသန လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔လည္း ေဒါက္တာခိုင္ခိုင္စန္းက ဆိုပါတယ္….

အခုေတြ႔တဲ့ ေက်ာက္ျဖစ္ရုပ္ၾကြင္းဟာ ပါခ်ီပလူ႐ိုေဆာ မ်ိဳးရင္းျဖစ္တဲ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္းျဖစ္တယ္လို႔ သိရွိရၿပီးေနာက္မွာေတာ့ မ်ိဳးစု၊ မ်ိဳးစိတ္ ေတြကိုပါ ေဖာ္ထုတ္ သိရွိႏိုင္ေအာင္ ေနာက္ထပ္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေတြ ျမန္မာ ႏိုင္ငံမွာ မ်ားမ်ား ရွာေဖြ ေတြ႕ရွိႏိုင္ဖို႔လည္း ေဒါက္တာ ခိုင္ခိုင္စန္းက ေမွ်ာ္လင့္ ေနပါတယ္။

ယခုလို ေဖာ္ထုတ္ေတြ႕ရွိမႈေတြေၾကာင့္ ကမၻာ့သမိုင္းမွာ ျမန္မာျပည္ရဲ႕ အေရးပါမႈကို အားလံုးက သိရွိလက္ခံလာၾကမွာ ျဖစ္လို႔ ပရိသတ္ႀကီးတို႔လည္း ျမန္မာလူမ်ိဳးတစ္ေယာက္ျဖစ္ရတာ ဂုဏ္ယူေနမယ္ထင္တယ္ေနာ္….

Writer – HW (ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
Source : BBC
Photo Source : Dr Khaing Khaing San

Unicode ဖြင့်ဖတ်ပါ

“လူသားအစ..မြန်မာက..” ဟုတ်ပါတယ်…ဒီစကားလေးကို ပရိသတ်ကြီးတို့လည်း ကြားဖူးကြမှာပါ…
၁၉၇၈ ခုနှစ် ဧပြီလတွင်းက မြန်မာနိုင်ငံပုံတောင်ဒေသမှာ တွေ့ခဲ့တဲ့ လူပရိုင်းမိတ်ကြောင့် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက “လူရဲ့ မူလဇစ်မြစ်ကို အာဖရိကမှ အရှေ့တောင်အာရှသို့ ပြောင်းရွှေ့စိုက်ထူလိုက်ခြင်း” ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါတယ်…ယခင်က လူသားအစ အာဖရိက ကလို့ ထင်ခဲ့ရာကနေ သက်တမ်းအလွန်ရင့်တဲ့ အဲဒီ ပရိုင်းမိတ်ကို တွေ့ရှိမှုကြောင့် လူသားအစကို မြန်မာကလို့ ဆိုလာခဲ့ကြတာပဲ ဖြစ်ပါတယ်…ဘယ်လောက်ဂုဏ်ယူဖို့ ကောင်းလဲနော်…

အဲဒီလိုပဲ သက်တမ်းရင့် ပရိုင်းမိတ်တွေကို မြန်မာနိုင်ငံမှာစတင်တွေ့ရှိပြီး အတိတ်လူသားအစကာလကို ဖော်ထုတ်မှုတွေ ပြုလုပ်လာနိုင်ခဲ့သလို အခုလည်း ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နိုင်တယ်လို့ဆိုကြတဲ့ ကျောရိုးရှိ ပင်လယ်နေ တွားသွား သတ္တဝါ ကျောက်ဖြစ် ရုပ်ကြွင်းတစ်ခုကို မြန်မာနိုင်ငံက လားရှိုးမြို့မှာ တွေ့ရှိခဲ့ပြီဖြစ်ပါတယ်….

လားရှိုးမြို့ရဲ့ အနောက်ဘက်မှာ ရှိတဲ့ ရဲဘော်ဟောင်း ကျောက်တောင်ကနေ ပြီးခဲ့တဲ့ နှစ်ကတည်းက တွေ့ရှိခဲ့တာပါ…. ပြည်တွင်း ပြည်ပ ပညာရှင်တွေက တစ်နှစ်ကျော် သုတေသန ပြုခဲ့ပြီးနောက်မှာတော့ အခုလို ကျောရိုးရှိတဲ့ ပင်လယ်နေ တွားသွား သတ္တဝါ ကျောက်ဖြစ် ရုပ်ကြွင်းဖြစ်ပြီး ကမ္ဘာ့ သက်တမ်း အရင့်ဆုံး ဖြစ်နိုင်တယ်လို့ ဆိုကြတာပါ….

မန္တလေးရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာနက ပါမောက္ခ ဒေါက်တာ ခိုင်ခိုင်စန်းနဲ့ ယူကေ နိုင်ငံ အီဒင်ဘာရာ တက္ကသိုလ်က ပညာရှင်တွေ ပူးပေါင်း သုတေသန ပြုလုပ်ခဲ့ကြပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၁၀ နဲ့ သန်း ၂၅၀ ကြား သက်တမ်းရှိ ရုပ်ကြွင်းဖြစ်ကြောင်းနဲ့ ပါချီပလူရိုဆော Pachypleurosaur မျိုးရင်း ဖြစ်တယ်လို့ သိရှိ လာရပါတယ်။

အခုလေ့လာခဲ့တဲ့ ကျောက်ဖြစ် ရုပ်ကြွင်းက ဒိုင်နိုဆောနဲ့ Phylum မျိုးပေါင်းစုနဲ့ Class မျိုးပေါင်းတူတယ်လို့ ဆိုပါတယ်…အရွယ်အစား တစ်ပေ ကျော်လောက် ရှိတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းမှာ ဦးခေါင်း၊ ခြေလက် အပြည့်အစုံပါပေမဲ့ အမြီးတော့ မပါရှိပါဘူး…
လွန်ခဲ့တဲ့ ၄ နှစ်ကလည်း ဒီလို အကောင်မျိုး တွေ့ခဲ့ဖူးတာ ရှိပြီး လားရှိုးမြို့က ရှမ်းပြည်နယ် ယဉ်ကျေးမှု ပြတိုက်မှာ ပြထားတယ်လို့ သိရလို့ သွားကြည့်ပြီး နှစ်ကောင်စလုံးကို သုတေသန လုပ်ခဲ့တာလို့ ဒေါက်တာ ခိုင်ခိုင်စန်းက ဆိုပါတယ်…
သုတေသနပြုလုပ်ချက်အရ နှစ်ကောင်စလုံးက နှစ်ပေါင်း သန်း၂၀၀ ကျော် သက်တမ်းရှိတာချင်း တူပြီးတော့ မျိုးရင်းလည်း တူတယ်လို့ တွေ့ရှိရပါတယ်…

ဒီလို ကျောက်ဖြစ် ရုပ်ကြွင်းတွေကို ဥရောပ နိုင်ငံ အတော်များများမှာ တူးဖော်ရရှိခဲ့ဖူးတယ်လို့ လည်း သူက ဆိုပါတယ်…
မြန်မာနိုင်ငံမှာ အရင်က ကျောရိုးမဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ အများကြီး တွေ့ခဲ့ဖူးပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၈၀ ကျော်က သန္တာကောင်မျိုးတွေလည်း တွေ့ခဲ့ဖူးတယ်လို့ သိရပါတယ်…
ယခုလို မြန်မာနိုင်ငံမှာ တခါမှ မတွေ့ခဲ့ဖူးသေးတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းကို တွေ့ခဲ့တာ ဖြစ်လို့ ကမ္ဘာ သိအောင် ချပြချင်တဲ့ ဆန္ဒ ပါမောက္ခ ဒေါက်တာ ခိုင်ခိုင်စန်းမှာ ရှိတယ်လို့ ဆိုပါတယ်…
ကမ္ဘာသိအောင်ကလည်း ကမ္ဘာ့ အဆင့်မီ သုတေသန ဂျာနယ်မှာ ပါမှ ကမ္ဘာ သိမှာ ဖြစ်လို့ ပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်း သုတေသန လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း ဒေါက်တာခိုင်ခိုင်စန်းက ဆိုပါတယ်….

အခုတွေ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဟာ ပါချီပလူရိုဆော မျိုးရင်းဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်တယ်လို့ သိရှိရပြီးနောက်မှာတော့ မျိုးစု၊ မျိုးစိတ် တွေကိုပါ ဖော်ထုတ် သိရှိနိုင်အောင် နောက်ထပ် ကျောက်ဖြစ်ရုပ်ကြွင်းတွေ မြန်မာ နိုင်ငံမှာ များများ ရှာဖွေ တွေ့ရှိနိုင်ဖို့လည်း ဒေါက်တာ ခိုင်ခိုင်စန်းက မျှော်လင့် နေပါတယ်။

ယခုလို ဖော်ထုတ်တွေ့ရှိမှုတွေကြောင့် ကမ္ဘာ့သမိုင်းမှာ မြန်မာပြည်ရဲ့ အရေးပါမှုကို အားလုံးက သိရှိလက်ခံလာကြမှာ ဖြစ်လို့ ပရိသတ်ကြီးတို့လည်း မြန်မာလူမျိုးတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူနေမယ်ထင်တယ်နော်….

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source : BBC
Photo Source : Dr Khaing Khaing San