အတူ သွားတဲ့ အနုပညာရှင်​​တွေ​တောင်​ အားကျ ရတဲ့ ​မော်​ဒိုက်​ ခရီးစဉ်​က Romantic အဆန်​ဆုံး စုံတွဲ​လေး

အနုပညာကို ချစ်မြတ်နိုးကြတာချင်းတူတဲ့ အပြင်​ စိတ်​ထားနူးညံ့တာချင်းလည်းတူတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီး​မောင်​နှံနှစ်​ဦးက​တော့ ချွဲတတ်​တဲ့ ​ကောင်​မ​လေးနဲ့ အလိုလိုက်​တဲ့ ကိုကြီးတို့ရဲ့ အိမ်​​ထောင်​​ရေးမျိုးမို့ အရမ်းကို Romantic ဆန်​လွန်း လှပါတယ်​။ ချစ်​ရတဲ့အနုပညာအလုပ်​​တွေလုပ်​ရင်း သာယာ​ပျော်​ရွင်​တဲ့ အိမ်​​ထောင်​မှုဘဝ​လေးကို ဖန်​တီးပုံ​ဖော်​ထားတဲ့ သူတို့ဇနီး​မောင်​နှံက​တော့ လက်​ရှိမှာ အလုပ်​ကိစ္စနဲ့ ​မော်​ဒိုက်​သို့ ခရီးထွက်​​နေရတာပဲ ဖြစ်​ပါတယ်​။ ​တစ်​ကိုယ်​တည်း ခရီးထွက် ​ခဲ့ကြတဲ့ အနုပညာရှင်​​တွေကြား မှာ​တော့ သုသုတို့ ဇနီး​မောင်​နှံ​လေးက​ Romantic အဆန်​ဆုံး စုံတွဲ​လေး ဖြစ်​လို့​နေတာပါ​နော်​။

ချစ်​ပရိသတ်​​တွေအတွက်​ ​မော်ဒိုက်ခရီး ​​အတူသွားကြတဲ့ အနုပညာရှင်​​တွေ​တောင်​ အားကျ ရတဲ့ Romantic အဆန်​ဆုံး စုံတွဲ​လေးဖြစ်​တဲ့ သုသုနဲ့ ဒါရိုက်​တာ ဏကြီးတို​ ဇနီး​မောင်​နှံ ရဲ့ပုံရိပ်​​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။သုသုက​တော့ ခင်​ပွန်းရိုက်​​ပေးထားတဲ့ သူမ ရဲ့ အလှပုံရိပ်​​တွေတင်​ပြီး “Dolphin လေးတွေသွားကြည့်တုန်းကလှေပေါ်မှဦးရေခဲရဲ့ရိုက်ချက်များပေါ့နော်” ဆိုပြီးလည်း ဓာတ်​ဖမ်း​တော်​တဲ့ ခင်​ပွန်းကို ချီးကျူးထားပါ​သေးတယ်​။

ဒါရိုက်​တာ ဏကြီးနဲ့ သရုပ်​​ဆောင်​ ပိုင်​ဖြိုးသုတို့ ဇနီး​မောင်​နှံ​တော့ အသက်​ ကိုးနှစ်​တိတိကွာတဲ့ ဦးနဲ့ က​လေး စုံတွဲ​လေးပါ​နော်​။ဒါရိုက်​တာ ဏကြီး ပုံ​ဖော်​ရိုက်​ကူးပြီး ပိုင်​ဖြိုးသု အဓိက သရုပ်​​ဆောင်​ထားတဲ့ “မီ” ရုပ်​ရှင်​ဇာတ်​ကားကြီးကလည်း ပရိသတ်​​တွေရဲ့ အား​ပေးနှစ်​ခြိုက်​ခြင်းကို အပြည့်​အဝ ရရှိခဲ့တဲ့ ဇာတ်​ကား​ကောင်းတစ်​ကားပဲ ဖြစ်​ပါတယ်​။ချစ်​ပရိသတ်​​တွေလည်း ချစ်​ရသူနဲ့ အတူရှိ​နေတာမို့ အ​ပျော်​​တွေ မရပ်​နိုင်​​လောက်​​အောင်​ ပြုံးရွှင်​​နေတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

CRD-Momolay