ေဖေဖ့သီခ်င္းေတြထဲမွာ မင္းနဲ႔မွခ်စ္တတ္ၿပီေပါ့ သီခ်င္းကို အႀကိဳ္က္ဆံုးဆိုတဲ့ ေရႊပိုင္ေလး

လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြေလာက္ကတည္းက ပရိသတ္ေတြၾကားမွာ ေရပန္းစားၿပီး လက္႐ွိခ်ိန္ထိလည္း ေအာင္ျမင္ေနတဲ့ အဆုိေတာ္ ေဇာ္ပုိင္ ကိုေတာ့ သိၾကမွာပါ။ အဆိုေတာ္ ေဇာ္ပိုင္ရဲ႕ သီခ်င္းေတြကေတာ့ လက္႐ွိခ်ိန္ထိ လူႀကီးလူငယ္ေတြၾကားမွာ ေရပန္းစားေနဆဲပါပဲ။ ယခုေနာက္ပိုင္းမွာေတာ့ အဆိုေတာ္ ေဇာ္ပိုင္ဟာ သီခ်င္းအသစ္ေတြကို အရင္ေလာက္ မလုပ္ေတာ့ပဲ မိသားစု အတြက္ အခ်ိန္ေပးေနတာ ျဖစ္ပါတယ္။

ေဇာ္ပိုင္မွာေတာ့ ခ်စ္စရာေကာင္းတဲ့ ဇနီးေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ သားေလး ႐ွိပါတယ္။ သူ႔ရဲ႕ သားေလးကေတာ့ ေအးေအးေလး ျဖစ္ၿပီး ယခုခ်ိန္ကတည္းက အႏုပညာလုပ္ငန္းေတြကို ရံဖန္ရံခါ လုပ္ကိုင္ေနၿပီး အင္တာဗ်ဴးေျဖပံုေလးေတြကလည္း အရမ္းကို ခ်စ္ဖို႔ ေကာင္းပါတယ္။ လက္႐ွိမွာလည္း ေဇာ္ပို္င္ရဲ႕ သားေလးကေတာ့ သူ႔ရဲ႕ လႈပ္႐ွားမႈေလးနဲ႔ သူ႔အေၾကာင္းေလးေတြကိုေတာ့ ေျပာၾကားသြား ခဲ့ပါတယ္။

ေဇာ္ပိုင္ရဲ႕သားေလးကေတာ့ ေရႊပိုင္ကေတာ့ သားသားနဲ႔ ထိိပ္ထားသခင္တို႔ ဘယ္လိုခင္ခဲ့လဲဆိုတဲ့ ေမးခြန္းကိုတာ့ “သားသားတို႔က ေၾကာ္ျငာလုပ္တာ။ သားသားတို႔က ေက်ာင္းမွာလည္းတူတယ္။ အဲ့ေၾကာင့္ သားသားတို႔က သူငယ္ခ်င္း စျဖစ္တာ။ေဖေဖသီခ်င္းဆိုရင္ လိုက္ၾကည့္ျဖစ္လားဆိုတဲ့ ေမးခြန္းကိုေတာ့ “ေဖေဖပြဲေတြ လိုက္ၾကည့္ပါတယ္ဗ်ာ။ သၾကၤန္တုန္းကလည္း လိုက္ၾကည့္ပါတယ္။ ႐ိႈးပြဲေတြကိုလည္း လိုက္ၾကည့္ပါတယ္ဗ်ာ။

ေဖေဖဆိုထားတဲ့ ဘယ္သီခ်င္းကို ႀကိဳက္လဲဆိုတဲ့ ေမးခြန္းကိုေတာ့ “မင္းနဲ႔မွ ခ်စ္တတ္ပီေပါ့။ ေဖေဖ့သီခ်င္းေႏြက သားက နည္းနည္းပဲ ရတယ္။ ေမ့သြားပါၿပီ ခင္ဗ်ာ။သားက ေရႊေတြ ေငြေတြ ႐ွာခ်င္တာ။ ခုကေတာ့ ေၾကာ္ျငာ ေတြ ေက်ာင္းမွာ ေရကူးမယ့္ပြဲေတြကို သားလုပ္ေနပါတယ္။ အားေပးၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ သားသားကို ခ်စ္တဲ့ ပရိသတ္ေတြ အားလံုးအားလံုးကို ေက်းဇူးတင္ပါတယ္ဗ်ာ။ သားသား အႏုပညာေတြ ဆက္လုပ္ေနပါတယ္ခင္ဗ်ာ” ဆိုၿပီး သူ႔ရဲ႕ လုပ္ေဆာင္ေနတဲ့ အရာေလးေတြကို ခ်စ္စရာေကာင္းေအာင္ ေျဖၾကားသြား ခဲ့ပါတယ္။

CRD-ေျပာခ်င္လြန္းလို႔

UNICODE

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားပြီး လက်ရှိချိန်ထိလည်း အောင်မြင်နေတဲ့ အဆိုတော် ဇော်ပိုင် ကိုတော့ သိကြမှာပါ။ အဆိုတော် ဇော်ပိုင်ရဲ့ သီချင်းတွေကတော့ လက်ရှိချိန်ထိ လူကြီးလူငယ်တွေကြားမှာ ရေပန်းစားနေဆဲပါပဲ။ ယခုနောက်ပိုင်းမှာတော့ အဆိုတော် ဇော်ပိုင်ဟာ သီချင်းအသစ်တွေကို အရင်လောက် မလုပ်တော့ပဲ မိသားစု အတွက် အချိန်ပေးနေတာ ဖြစ်ပါတယ်။

ဇော်ပိုင်မှာတော့ ချစ်စရာကောင်းတဲ့ ဇနီးလေးနဲ့ ချစ်စရာကောင်းတဲ့ သားလေး ရှိပါတယ်။ သူ့ရဲ့ သားလေးကတော့ အေးအေးလေး ဖြစ်ပြီး ယခုချိန်ကတည်းက အနုပညာလုပ်ငန်းတွေကို ရံဖန်ရံခါ လုပ်ကိုင်နေပြီး အင်တာဗျူးဖြေပုံလေးတွေကလည်း အရမ်းကို ချစ်ဖို့ ကောင်းပါတယ်။ လက်ရှိမှာလည်း ဇော်ပိုင်ရဲ့ သားလေးကတော့ သူ့ရဲ့ လှုပ်ရှားမှုလေးနဲ့ သူ့အကြောင်းလေးတွေကိုတော့ ပြောကြားသွား ခဲ့ပါတယ်။

ဇော်ပိုင်ရဲ့သားလေးကတော့ ရွှေပိုင်ကတော့ သားသားနဲ့ ထိပ်ထားသခင်တို့ ဘယ်လိုခင်ခဲ့လဲဆိုတဲ့ မေးခွန်းကိုတာ့ “သားသားတို့က ကြော်ငြာလုပ်တာ။ သားသားတို့က ကျောင်းမှာလည်းတူတယ်။ အဲ့ကြောင့် သားသားတို့က သူငယ်ချင်း စဖြစ်တာ။ဖေဖေသီချင်းဆိုရင် လိုက်ကြည့်ဖြစ်လားဆိုတဲ့ မေးခွန်းကိုတော့ “ဖေဖေပွဲတွေ လိုက်ကြည့်ပါတယ်ဗျာ။ သြင်္ကန်တုန်းကလည်း လိုက်ကြည့်ပါတယ်။ ရှိုးပွဲတွေကိုလည်း လိုက်ကြည့်ပါတယ်ဗျာ။

ဖေဖေဆိုထားတဲ့ ဘယ်သီချင်းကို ကြိုက်လဲဆိုတဲ့ မေးခွန်းကိုတော့ “မင်းနဲ့မှ ချစ်တတ်ပီပေါ့။ ဖေဖေ့သီချင်းနွေက သားက နည်းနည်းပဲ ရတယ်။ မေ့သွားပါပြီ ခင်ဗျာ။သားက ရွှေတွေ ငွေတွေ ရှာချင်တာ။ ခုကတော့ ကြော်ငြာ တွေ ကျောင်းမှာ ရေကူးမယ့်ပွဲတွေကို သားလုပ်နေပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သားသားကို ချစ်တဲ့ ပရိသတ်တွေ အားလုံးအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ သားသား အနုပညာတွေ ဆက်လုပ်နေပါတယ်ခင်ဗျာ” ဆိုပြီး သူ့ရဲ့ လုပ်ဆောင်နေတဲ့ အရာလေးတွေကို ချစ်စရာကောင်းအောင် ဖြေကြားသွား ခဲ့ပါတယ်။