သီချင်းအသစ် နာမည်အပြင် သူမရဲ့ မျက်နှာပုံတူကိုပါ တက်တူးထိုးလိုက်တဲ့ အမာခံပရိသတ်ကြောင့် အပျော်ကြီးပျော်နေတဲ့ပိုပို





Source : ဝတ်ရည်မိုး,CRD-Cele Gabar

UNICODE

ပရိသတ်တွေပါးစပ်ဖျားမှာ ကလေးတွေကအစ နှစ်သက်သဘောကျတဲ့ “ဘာမှမလိုဘူး” သီချင်းMTV လေးနဲ့ ရေပန်းစားခဲ့တဲ့ အဆိုတော်ပိုပိုကတော့ နိုင်ငံကျော်သရုပ်ဆောင်မင်းသားကျော်ကျော်ဗို နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေထပ်မံလက်ခံလာခဲ့တဲ့ သီချင်းကတော့ ” ချစ်ဖူးခဲ့သမျှ”သီချင်းMTVလေး ဖြစ်ပြီး မြင့်မြတ်နဲ့တွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး သူမရဲ့ သီချင်းတော်တော်များများဟာ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ ပိုပိုဟာ အများကအားကျရတဲ့ သိန်း(၅)ထောင်တန်ကိုယ်ပိုင်အိမ်လှလှလေးကို ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်စတူဒီယိုလေးကိုလည်း ပိုင်ဆိုင်ထားတာပြီပဲ ဖြစ်ပါတယ်။

အဆိုတော်သရုပ်ဆောင်ပိုပို ဟာ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး အလှူအတန်း မကြာခဏပြုလုပ်တတ်သူလေးလည်းဖြစ်ပြီး သူမရဲ့We Love တွေနဲ့လည်း အလှူအတန်းတွေအပြင် သီလရှင်လည်းအတူတူဝတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပိုပိုဟာ အုပ်ထိန်းသူတွေမရှိတော့ပေမယ့်လည်း ကိုယ်တိုင်တစ်ဦးတည်း ထူးချွန်အောင် ကြိုးစားရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဘဝအကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်တဲ့အပြင် သူမရဲ့ အချစ်ရေးဟာလည်း တစ်ကိုယ်တည်း Single ပဲ ဖြစ်ပါတယ်။

ထို့ပြင် သူမဟာ တက်တူးထိုးရတာနှစ်သက်သူတစ်ယောက်ဖြစ်ပြီး တက်တူးထိုးတဲ့အခါ ရလာတဲ့ နာကျင်မှုကို ခံစားရတာလည်းကြိုက်တယ်လို့ သိရပါတယ်။သူမရဲ့ စီးရီအခွေတစ်ခါထွက်တိုင်း Title နာမည်ကို ဘော်ဒီမှာ ထိုးလေ့ရှိသူလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ” ငှက်” ဆိုတဲ့ သီချင်းလေး အသစ်ထွက်ရှိထားပြီး Music MTV လေးတွေရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ပိုပိုရဲ့ပုံတူပန်းချီတက်တူးလေးကို လက်မောင်းမှာ ရေးထိုးခဲ့တဲ့ အမာခံယောကျာ်းလေးပရိသတ်တစ်ယောက်က သူမရဲ့အသစ်ထွက်ရှိထားတဲ့ ” ငှက်” သီချင်းလေးနာမည်ကို ထပ်မံ တက်တူးရေးထိုး လိုက်တာကြောင့် အရမ်းပျော်ရွှင်ဝမ်းသာနေတာဖြစ်ပြီး အကောင့် ပရိုဖိုင်ဇာတ်ပုံ အဖြစ် ချိန်းကာ ကျေးဇူးတင်ကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရော ပိုပို့ကို ချစ်ပီးအားပေးတဲ့သူများရှိလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။