You are here
Home > အနုပညာ > ေအာင္လအန္ဆန္အေၾကာင္း ရုပ္ရွင္ရိုက္ကူးပါက အလိုက္ဖက္ဆံုးမင္းသားအျဖစ္ ေနတိုးကို One Championship ေရြးခ်ယ္

ေအာင္လအန္ဆန္အေၾကာင္း ရုပ္ရွင္ရိုက္ကူးပါက အလိုက္ဖက္ဆံုးမင္းသားအျဖစ္ ေနတိုးကို One Championship ေရြးခ်ယ္

ျမန္မာ့စပါးအံုးေျမႊလို႔ တင္စားေခၚေ၀ၚၾကတဲ ့ေအာင္လအန္ဆန္ရဲ႕ ေတာက္ပမႈ၊ ေက်ာ္ၾကားမႈေတြကေတာ့ အံ့မခန္းပါပဲ။ ျမန္မာအလံကို ရဲရဲ၀ံ့၀ံ့လႊင့္ထူကာ ရြံ႕ရြံ႕ခၽြံ႕ခၽြံ႕တုိက္ပြဲ၀င္ခဲ့ၿပီး ကခ်င္တုိင္းရင္းသားေလးတစ္ေယာက္ ဟာ ကမာၻႀကီးဆီကို ထိုးေဖာက္ခဲ့ပါတယ္။ အခုဆုိရင္ ေအာင္လအန္ဆန္ရဲ႕ပံုရိပ္ဟာ အလြန္ႀကီးမားေနခဲ့ၿပီျဖစ္ၿပီး One Championship ရဲ႕ ဂႏၳ၀င္စာရင္း၀င္ခဲ့ပါၿပီ။ ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေအာင္လအန္ဆန္ဟာ One Championship နဲ႔ ေနာက္ထပ္ (၁၀) ပြဲထပ္ထိုးဖုိ႔ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။

စက္တင္ဘာလ (၇) ရက္ေန႔မွာေတာ့ One Championship ရဲ႕တရား၀င္ Fackbook စာမ်က္ႏွာက MMA ဂႏၳ၀င္ကစားသမားေတြရဲ႕အေၾကာင္းကို ရုပ္ရွင္ရိုက္ကူးမယ္ဆုိပါက အလိုက္ဖက္ဆံုးမင္းသား၊ မင္းသမီးေတြစာရင္းကို ေဖာ္ျပခဲ့ပါတယ္။

အဲဒီမွာ ေအာင္လအန္ဆန္ရဲ႕အေၾကာင္းကို ရုပ္ရွင္ရိုက္ကူးမယ္ဆိုပါက အလိုက္ဖက္ဆံုးမင္းသားအျဖစ္ ေနတုိးကို One Championship က ေရြးခ်ယ္ေဖာ္ျပခဲ့ပါတယ္။ ေနတုိးရဲ႕သရုပ္ေဆာင္မႈေတြဟာ သံသယျဖစ္ဖြယ္မရွိေၾကာင္း၊ ေအာင္လအန္ဆန္ရဲ႕ေနရာမွာ ေနတိုးေလာက္ ဘယ္သူမွ မလုိက္ဖက္ေၾကာင္း ထည့္သြင္းေရးသားသြားခဲ့တာပါ။

“ေအာင္လအန္ဆန္ဟာ ခ်န္ပီယံခါးပတ္ (၂) ခုကို ရရွိထားတဲ့ One ရဲ႕ဂႏၳ၀င္ကစားသမားပါ။ ဒါေပမဲ့ ကၽြန္ေတာ္တို႔အေနနဲ႔ ေအာင္လရဲ႕ေနရာမွာ လိုက္ဖက္တဲ့သူကို ရွာေတြ႕ထားပါတယ္။ ေနတိုးဟာ အကယ္ဒမီ (၃) ခုရရွိထားတဲ့သူျဖစ္ၿပီး အက္ရွင္ဇာတ္၀င္ခန္းေတြ သရုပ္ေဆာင္ဖုိ႔လည္း သံသယျဖစ္ဖြယ္မရွိပါဘူး။

သူ႔အေနနဲ႔ ခႏၶာကိုယ္တည္ေဆာက္ဖို႔လိုအပ္ၿပီး ဆံပင္ပံုစံကိုလည္း ေျပာင္းလဲပစ္ရပါမယ္။ သရုပ္ေဆာင္ပိုင္းနဲ႔ပတ္သက္ၿပီးေတာ့ ေနတုိးဟာ သက္ေသျပထားခဲ့ၿပီးသားပါ။ ေအာင္လအန္ဆန္ရဲ႕ေနရာအတြက္ ေနတိုးေလာက္ ယံုၾကည္လိုက္ဖက္လြန္းတဲ့သူ မရွိပါဘူး”လို႔ One Championship က ထည့္သြင္းေရးသားသြားခဲ့တာပါ။ ေအာင္လအန္ဆန္ဟာ လာမယ့္ေအာက္တိုဘာလအတြင္းမွာ light heavyweight ခ်န္ပီယံခါးပတ္ကာကြယ္ပြဲကို ထိုးသတ္သြားမွာျဖစ္ပါတယ္။

Ref: One Championship Facebook,CRD_Oz11(မိုိမိုေလး)

UNICODE

မြန်မာ့စပါးအုံးမြွှေလို့ တင်စားခေါ်ဝေါ်ကြတဲ့အောင်လအန်ဆန်ရဲ့ တောက်ပမှု၊ ကျော်ကြားမှုတွေကတော့ အံ့မခန်းပါပဲ။ မြန်မာအလံကို ရဲရဲဝံ့ဝံ့လွှင့်ထူကာ ရွံ့ရွံ့ချွံ့ချွံ့တိုက်ပွဲဝင်ခဲ့ပြီး ကချင်တိုင်းရင်းသားလေးတစ်ယောက် ဟာ ကမ္ဘာကြီးဆီကို ထိုးဖောက်ခဲ့ပါတယ်။ အခုဆိုရင် အောင်လအန်ဆန်ရဲ့ပုံရိပ်ဟာ အလွန်ကြီးမားနေခဲ့ပြီဖြစ်ပြီး One Championship ရဲ့ ဂန္ထဝင်စာရင်းဝင်ခဲ့ပါပြီ။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အောင်လအန်ဆန်ဟာ One Championship နဲ့ နောက်ထပ် (၁၀) ပွဲထပ်ထိုးဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

စက်တင်ဘာလ (၇) ရက်နေ့မှာတော့ One Championship ရဲ့တရားဝင် Fackbook စာမျက်နှာက MMA ဂန္ထဝင်ကစားသမားတွေရဲ့အကြောင်းကို ရုပ်ရှင်ရိုက်ကူးမယ်ဆိုပါက အလိုက်ဖက်ဆုံးမင်းသား၊ မင်းသမီးတွေစာရင်းကို ဖော်ပြခဲ့ပါတယ်။

အဲဒီမှာ အောင်လအန်ဆန်ရဲ့အကြောင်းကို ရုပ်ရှင်ရိုက်ကူးမယ်ဆိုပါက အလိုက်ဖက်ဆုံးမင်းသားအဖြစ် နေတိုးကို One Championship က ရွေးချယ်ဖော်ပြခဲ့ပါတယ်။ နေတိုးရဲ့သရုပ်ဆောင်မှုတွေဟာ သံသယဖြစ်ဖွယ်မရှိကြောင်း၊ အောင်လအန်ဆန်ရဲ့နေရာမှာ နေတိုးလောက် ဘယ်သူမှ မလိုက်ဖက်ကြောင်း ထည့်သွင်းရေးသားသွားခဲ့တာပါ။

“အောင်လအန်ဆန်ဟာ ချန်ပီယံခါးပတ် (၂) ခုကို ရရှိထားတဲ့ One ရဲ့ဂန္ထဝင်ကစားသမားပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အောင်လရဲ့နေရာမှာ လိုက်ဖက်တဲ့သူကို ရှာတွေ့ထားပါတယ်။ နေတိုးဟာ အကယ်ဒမီ (၃) ခုရရှိထားတဲ့သူဖြစ်ပြီး အက်ရှင်ဇာတ်ဝင်ခန်းတွေ သရုပ်ဆောင်ဖို့လည်း သံသယဖြစ်ဖွယ်မရှိပါဘူး။

သူ့အနေနဲ့ ခန္ဓာကိုယ်တည်ဆောက်ဖို့လိုအပ်ပြီး ဆံပင်ပုံစံကိုလည်း ပြောင်းလဲပစ်ရပါမယ်။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ နေတိုးဟာ သက်သေပြထားခဲ့ပြီးသားပါ။ အောင်လအန်ဆန်ရဲ့နေရာအတွက် နေတိုးလောက် ယုံကြည်လိုက်ဖက်လွန်းတဲ့သူ မရှိပါဘူး”လို့ One Championship က ထည့်သွင်းရေးသားသွားခဲ့တာပါ။ အောင်လအန်ဆန်ဟာ လာမယ့်အောက်တိုဘာလအတွင်းမှာ light heavyweight ချန်ပီယံခါးပတ်ကာကွယ်ပွဲကို ထိုးသတ်သွားမှာဖြစ်ပါတယ်။

Ref: One Championship Facebook,CRD_Oz11(မိုမိုလေး)

Top
//thaudray.com/4/3018672