အေးဝတ်ရည်သောင်း နဲ့အတူ ရိုက်ထားတဲ့ ဖြိုးမြတ်အောင် ရဲ့ ကြော်ငြာ Video လေးထွက်ပြီနော်

Myanmar Idol season 3ရဲ့ winner ဆုရှင် ဖြိုးမြတ်အောင်ဟာဆိုရင် ပရိတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ဖြိုးမြတ်အောင်က ခုဆိုရင်အနုပညာလမ်းကြောင်းကို ပုံမှန်လေး လျှောက်လှမ်းနေပြီး သီချင်းလေးတွေဆို ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဖြိုးမြတ်အောင်က သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့အတူ ကြော်ငြာရိုက်ကူးထားတဲ့ ပုဆိုးကြော်ငြာလေးကို ပရိသတ် ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင် နဲ့ နိုင်ငံကျော် နာမည်ကြီး ဝါရင့်သရုပ်ဆောင် အေးဝတ်ရည်သောင်း နဲ့အတူ ရိုက်ကူးထားတဲ့ မြန်မာ လုံချည် ပုဆိုးကြော်ငြာလေး ထွက်လာခဲ့ပြီပဲဖြစ်ပါတယ်။

မအေးသောင်းနဲ့အတူ အတွဲညီညီသရုပ်ဆောင်ထားတဲ့ ဖြိုးမြတ်အောင် ရဲ့ ကြော်ငြာလေးက အရမ်းကိုကြည့်ကောင်းနေတာပါ။

ဖြိုးမြတ်အောင်က ” မသိဘူးလေ သားက ဖက်ရမယ်ထင်လို့ ဖက်လိုက်တာ ကြော်ငြာထွက်လာတော့ ဖက်တာလဲ မပါဘူး မပါပဲနက် လျှောက်ဖက်နေတဲ့ ကောင်လေး ရှက်လိုက်တာ။မှန်တာပြောတာ ဖက်တဲ့အခန်းမပါပဲ လျှောက်ဖက်နေသောကောင်လေး ” ဆိုပြီးပြောထားပါသေးတယ်။

ဖြိုးမြတ်အောင်နဲ့ အေးဝတ်ရည်သောင်းတို့ရဲ့ ပုံရိပ်ကလေး

အေးဝတ်ရည်သောင်း နဲ့အတူ ရိုက်ထားတဲ့ ဖြိုးမြတ်အောင် ရဲ့ ကြော်ငြာ Video လေး

ဖြိုးမြတ်အောင်နဲ့ အေးဝတ်ရည်သောင်းတို့ရဲ့ ကြော်ငြာ Video File လေးကို ပရိသတ်တွေသဘောကျမှာပါ။ ကြည့်ရှု့ပေးကြတဲ့ပရိသတ် ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။
Credit မိုမိုလေး
Source;phyo myat aung