You are here
Home > Health > ပင်လယ်စာလို့ အမှတ်မှားနေကြတဲ့ ကျောက်ပွင့်အဖြူ ရဲ့ ကျန်းမာရေးအတွက်စွမ်းပကားများ
ပင်လယ်စာလို့ အမှတ်မှားနေကြတဲ့ ကျောက်ပွင့်အဖြူ ရဲ့ ကျန်းမာရေးအတွက်စွမ်းပကားများ
Sea weed မဟုတ်​ပါဘူး။
ချစ်​ခင်​​လေးစားလျှက်​………
စာအုပ်​ – ဓာတ်​စာ
ရေးသူ – မင်း​ကျော်​ဝင်း
Unicode ဖြင့်ဖတ်ပါ
“သွေးကြောအမှိုက်ရှင်းသမားအဖြူ ရောင်ကြွက်နားရွက်မှို”
သစ်ပင်ပေါ်ကမှိုတွေဟာလူ့ကျန်းမာရေးကိုအလွန်အကျိုးပြုပါတယ်။
အခုပုံမှာပြထားတဲ့မှိုဟာလည်းသစ်ပင်ပေါ်မှာပွင့်တဲ့မှိုပါ။
ကျောက်ဆောင်တွေမှာလည်းပွင့်လို့ကျောက်ပွင့်လို့ခေါ်တာပါ။
အဲဒါကိုလူအများစုကပင်လယ်ကျောက်ပွင့်လို့ထင်ကြတယ်။
စားသောက်ဆိုင်တွေမှာလည်းပင်လယ်စာလိုလိုဘာလိုလိုဂျင်းထည့့်ကြတယ်။တကယ်တော့သစ်ပင်ပေါ်၊ကျောက်ဆောင်ပေါ်ကမှိုပါ။
Sea weed မဟုတ်ပါဘူး။
ကျောက်ပွင့်ဟာကြွက်နားရွက်မှိုနဲ့အမျိုးတူမှိုမျိုးစိတ်တစ်ခုပါပဲ။
ကြွက်နားရွက်မှိုကိုလည်းအမဲရောင်၊အညိုရောင်၊အရောင်ဖျော့ဆိုပြီး၃မျိုးလောက်တွေ့ရပါတယ်။ဘာအရောင်ဖြစ်ဖြစ်သူတို့အားလုံး
အာနိသင်တူကြတယ်။အကျိုးအပြုဆုံးကတော့သွေးကြောတွေထဲကအဆီ၊အဆိပ်၊အနည်၊အမှိုက်တွေအားလုံးကိုရှင်းပေးတယ်။ဒါကြောင့်သွေးကြောအမှိုက်ရှင်းသမားလို့ကင်ပွန်းတပ်ကြပါတယ်။
ကျောက်ပွင့်ရဲ့သွေးကြောရှင်းပေးနိုင်တဲ့အာနိသင်ကိုသိလာကြတဲ့အတွက်အနောက်နိုင်ငံကလူတွေဟာTissue culture နည်းနဲ့ကိုယ်ပိုင်စိုက်ပျိုးရေးတွေအကြီးအကျယ်လုပ်လာကြပြီဖြစ်ပါတယ်။မူလကတော့ဝက်ဆီတအားစားတဲ့တရုတ်တွေရဲ့Traditional Nutrition ဖြစ်ပေမဲ့အခုတော့ကမ္ဘာကသိပြီဖြစ်လို့စားကုန်ကြပါပြီ။ကျနော်တို့မြန်မာတွေရော….? ကျနော်တို့မြန်မာတွေမသိကြဘူးဗျ။
အခုအခါမှာကော်လက်စတြောများပြီးနှလုံးသွေးကြောပိတ်ဆို့နေကြရတာအများကြီးပါ။ကမ္ဘာပေါ်မှာသွေးကြောတွေပိတ်ဆို့လို့နှလုံးရောဂါနဲ့သေတာအများဆုံးပဲ။ပြီးတော့အသည်းအဆီဖုံးရာကနေနောက်ဆက်တွဲဖြစ်လာတဲ့ဆီးချိုရောဂါကြောင့်သေကြတာလည်းအလွန်ကိုများလာပါပြီ။အဝလွန်ကြတာလည်းနေရာတိုင်းမှာပါပဲ။ကိုယ်တွင်းကမကောင်းတဲ့အဆီတွေကိုထုတ်ထုတ်ပေးဖို့သိပ်အရေးကြီးပါတယ်။အဲဒီအတွက်သစ်ပင်ပေါ်ကမှိုတွေကိုစားပေးရင်ရပါတယ်။
ကျောက်ပွင့်ကိုအရသာရှိအောင်နည်းမျိုးစုံလုပ်စားလို့ရပါတယ်။သုတ်စားရင်လည်းကောင်းတယ်၊ဟော့ပေါ့ထဲထည့်စားလည်းကောင်းတယ်၊သင်္ဘောသီးထောင်းထဲထည့်လည်းကောင်းတယ်၊မာလာရှမ်းကောတို့မာလာဟင်းတို့ထဲမှာလည်းထည့်စားလို့ရတယ်၊ဆေးဖြစ်ဝါးဖြစ်ဒီအတိုင်းရေစိမ်စားလည်းရတာပါပဲ။ကျနော်ကတော့ကျောက်ပွင့်ကိုပါးပါးလေးဖြစ်အောင်ကပ်ကြေးနဲ့ညှပ်လိုက်တယ်၊ပြီးတော့ sea food အစုံဟင်းချိုထဲမှာထည့်ပြီးစားတယ်။ထုတ်ထုတ် ထုတ်ထုတ် နဲ့အင်မတန်စားလို့ကောင်းပါတယ်။ငှက်သိုက်လေးဝါးရသလိုပါပဲ။မိတ်ဆွေတို့လည်းနှစ်သက်သလိုစားနိုင်ကြပါတယ်။ရမယ့်အကျိုးကျေးဇူးကတော့အများကြီးပဲဗျ…….
ကျန်းမာရွှင်လန်းကြပါစေ။
ချစ်ခင်လေးစားလျှက်………
စာအုပ် – ဓာတ်စာ
ရေးသူ – မင်းကျော်ဝင်း
Top
//whulsaux.com/4/3018672