မမ​တွေလန်းရင်​ ဘယ်​သူ့မှ လိုက်​မမှီဘူးဆိုတာ ပြသလိုက်​တဲ့ မ​အေး​သောင်း

ရွှေမှုံ​တွေစားထားသလားလို့​တောင်​ အထင်​မှားရ​လောက်​တဲ့ အလှပိုင်​ရှင်​​လေး ​အေးဝတ်​ရည်​​သောင်းက​တော့ ​တစ်​​နေ့ထက်​တစ်​​နေ့ ပိုပိုပြီးလှလာတဲ့ နတ်​မိမယ်​​လေးဆိုရင်​လည်း မမှားပါဘူး။ လတ်​တ​လောမှာ​တော့ မ​အေး​သောင်းက အလုပ်​ကိစ္စတစ်​ခုအတွက်​ ​မော်​ဒိုက်​ကမ်း​ခြေသို့ ​ရောက်​ရှိ​နေတာဖြစ်​ပြီး၊ လှပလွန်းတဲ့ ရှုခင်း​တွေအလည်​မှာ လန်းချင်​တိုင်းလန်း​နေတဲ့ သူမရဲ့ အမိုက်​စားပုံရိပ်​​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ကြည့်​လိုက်​တာနဲ့တင်​ လန်းဆန်းမှု​တွေကို ​ဆောင်​ကျဉ်း​ပေးနိုင်​တဲ့ မ​အေး​သောင်းရဲ့ပုံရိပ်​​တွေက​တော့ တကယ့်​ကို ​မှော်​ဆန်​လွန်းပါတယ်​​နော်​။

ချစ်​ပရိသတ်​​တွေ​အတွက်​ မမ​တွေ လန်းပြီဆိုရင်​ ဘယ်​သူမှ လိုက်​လို့မမှီဘူးဆိုတာကို ပြသလိုက်​တဲ့ မ​အေး​သောင်းရဲ့ ပုံရိပ်​​တွေက​တော့ အရမ်းကို ​ဂေါ်လွန်းပါတယ်​​နော်​။

မတ်​မတ်​​အေး​သောင်းတစ်​​ယောက်​ ​မော်​ဒိုက်​မှာ ဘယ်​လို​တောင် လန်း​နေလဲ​မေး…။

မ​အေး​သောင်းက​တော့ “ပင်လယ်ကြီးကိုငေးရင်း အချစ်တွေရင်ဖွင့်ခဲ့တယ် ​ကောင်းကင်ကြီးကိုကြည့်ပြီး မင်းကိုဘယ်လောက် သတိရကြာင်းပြောခဲ့တယ် ရင်ထဲမှာတခုကျန်ခဲ့တယ် ကိုယ်မင်းကိုသိပ်လွမ်းတယ် အလွမ်းမပြေသေးဘူးကွယ်” ဆိုပြီး သူ့ရဲ့အလှပုံရိပ်​​လေး​တွေကို ချစ်​ရတဲ့ ပရိသတ်​​တွေအတွက်​ ​ဝေမျှ​ပေးထားတာပါ။

သူမရဲ့ ထူးခြားတဲ့စန်း​ကြောင့်​ တစ်​​နေ့တစ်​ခြား ​အောင်​မြင်​မှု​တွေ ပိုပိုတိုးလာတဲ့ မ​အေး​သောင်းက​တော့ သဘာဝကျတဲ့ သရုပ်​​ဆောင်​ချက်​​တွေ​ကြောင့်​လည်း နာမည်​ကြီး​သူတစ်​ဦးပဲ ဖြစ်​ပါတယ်​။ သူမပါဝင်​သရုပ်​​ဆောင်​ထားတဲ့ မုန်းစွဲရုပ်​ရှင်​ထဲက မကြာဥ ဇာတ်​​ကောင်​ကိုလည်း သရုပ်​​ဆောင်​တာ ပီပြင်လွန်းလို့ ​​​ပရိသတ်​​တွေ အရမ်းကြိုက်​နှစ်​သက်​ခဲ့ကြတာပါ။ ချစ်​ပရိသတ်​​တွေလည်း ​မော်ဒိုက်မှာ ​​အရမ်းလန်း​နေတဲ့ မ​အေး​သောင်းကို​ကြွေရင်​ Share သွားကြဖို့ ​မ​မေ့ပါနဲ့​နော်​။

Credit Momo Lay

Source:Aye Thaung’s Facebook