ပါးဖောင်းဖောင်းလေး အသည်းယားစရာအပြုအမူလေးတွေနဲ့ ဖေဖေလက်ပေါ်မှာပျော်ရွှင်နေတဲ့ နန်းမြတ်ရဲ့သားလေး




CRD_Myanmarload

UNICODE

နန်းမြတ်ဖြိုးသင်းကတော့ ဗီဒီယို၊ဇာတ်ကားတွေနဲ့ ကြော်ငြာတွေ ရိုက်ကူးခဲ့ပြီး သီချင်းတွေလည်း ထွက်ရှိအောင်မြင်ခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ အောင်မြင်နေတဲ့ ပရိသတ်အချစ်တော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမကတော့ ချစ်ပရိသတ်တွေရဲ့ အချစ်ကိုရယူပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော်အနုပညာရှင်ပဲဖြစ်ပါတယ်။

အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတော့ နန်းမြတ်က အနုပညာအလုပ်တွေ ခဏရပ်နားထားတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ နန်းမြတ်က မိခင်လောင်းဘဝကနေ သားတစ်ယောက်မိခင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးကို အချိန်အပြည့်အဝပေးနေပါတယ်။သားသားလေးရဲ့ ချစ်စရာပုံစံလေးကြောင့် ပရိသတ်တွေကပါဝိုင်ပြီး ချစ်ပေးနေကြပါတယ်။

ယခုမှာတော့ နန်းမြတ်ဖြိုးသင်းရဲ့သားလေးဟာ ပါးဖောင်းဖောင်းလေး အသည်းယားစရာအပြုအမူလေးတွေနဲ့ ဖေဖေလက်ပေါ်မှာပျော်ရွှင်နေပါတယ်။ နန်းမြတ်ကတော့ ” သားသားအိပ်ဖို့ရယ်ဒီ “ဆိုပြီးသားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပရိသတ်တွေ အချစ်ပိုခဲ့ရတဲ့ အဆိုပါပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။