
ေသြးေၾကာအမႈိိက္ရွင္းသမား အျဖဴ ေရာင္ႂကြက္္နား႐ြက္မွိဳ
သစ္ပင္္ေပၚကမွိုေတြဟာလူ႔က်န္းမာေရးကိုအလြန္အက်ိဳးျပဳပါတယ္။ ဘအခုပံုမွာျပထားတဲ့မွိုဟာလည္းသစ္ပင္ေပၚမွာပြင့္တဲ့မွိုပါ။
ေက်ာက္ေဆာင္ေတြမွာလည္းပြင့္္လို႔ေက်ာက္ပြင့္လို႔ေခၚတာပါ။ အဲဒါကိုလူအမ်ားစုကပင္လယ္ေက်ာက္ပြင့္လို႔ထင္ၾကတယ္။
စားေသာက္ဆိုင္ေတြမွာလည္းပင္လယ္စာလိုိလိုဘာလိုလိုဂ်င္းထည့့္ၾကတယ္။တကယ္ေတာ့သစ္ပင္ေပၚ၊ေက်ာက္ေဆာင္ေပၚကမွိုပါ။
Sea weed မဟုုတ္ပါဘူး။
ေက်ာက္ပြင့္ဟာႂကြက္နား႐ြက္မွိိုနဲ႔အမ်ိဳးတူမွိုမ်ိဳးစိတ္တစ္ခုပါပဲ။ ႂကြက္နား႐ြက္မွိုကိုလည္းအမဲေရာင္၊အညိဳေရာင္၊အေရာင္ေဖ်ာ့
ဆိုၿပီး၃မ်ိဳးေလာက္ေတြ႕ရပါတယ္။ဘာအေရာင္ျဖစ္္ျဖစ္သူတို႔အားလံုး အာနိသင္တူၾကတယ္။အက်ိဳးအျပဳဆံုးကေတာ့ေသြးေၾကာေတြထဲကအဆီ၊အဆိပ္၊အနည္၊အမွိုက္ေတြအားလံုးကိုရွင္းေပးတယ္။ဒါေၾကာင့္ေသြးေၾကာအမွိုက္ရွင္းသမားလို႔ကင္ပြန္းတပ္ၾကပါတယ္။
ေက်ာက္ပြင့္ရဲ႕ေသြးေၾကာရွင္းေပးနိုင္တဲ့အာနိသင္္ကိုသိလာၾကတဲ့အတြက္အေနာက္နိုင္ငံကလူေတြဟာTissue culture နည္းနဲ႔ကိုယ္ပိုင္စိုက္ပ်ိဳးေရးေတြအႀကီးအက်ယ္လုပ္လာၾကၿပီျဖစ္ပါတယ္။မူလကေတာ့ဝက္ဆီတအားစားတဲ့တရုတ္ေတြရဲ႕Traditional Nutrition ျဖစ္ေပမဲ့အခုေတာ့ကမ႓ာကသိၿပီျဖစ္လို႔စားကုန္ၾကပါၿပီ။က်ေနာ္တို႔ျမန္မာေတြေရာ….? က်ေနာ္တို႔ျမန္မာေတြမသိၾကဘူးဗ်။
အခုအခါမွာေကာ္လက္စေၾတာမ်ားၿပီးနွလံုးေသြးေၾကာပိတ္ဆို႔ေနၾကရတာအမ်ားႀကီးပါ။ကမ႓ာေပၚမွာေသြးေၾကာေတြြပိတ္ဆို႔လို႔နွလံုးေရာဂါနဲ႔ေသတာအမ်ားဆံုးပဲ။ၿပီးေတာ့အသည္းအဆီဖံုးရာကေနေနာက္ဆက္တြဲျဖစ္လာတဲ့ဆီးခ်ိဳေရာဂါေၾကာင့္ေသၾကတာလည္းအလြန္ကိုမ်ားလာပါၿပီ။အဝလြန္ၾကတာလည္းေနရာတိုင္းမွာပါပဲ။ကိုယ္တြင္းကမေကာင္းတဲ့အဆီေတြကိုထုတ္ထုတ္ေပးဖို႔သိပ္အေရးႀကီးပါတယ္။အဲဒီအတြက္သစ္ပင္ေပၚကမွိုေတြကိုစားေပးရင္ရပါတယ္။
ေက်ာက္ပြင့္ကိိုအရသာရွိေအာင္နည္းမ်ိဳးစံုလုပ္စားလို႔ရပါတယ္။သုတ္စားရင္လည္းေကာင္းတယ္၊ေဟာ့ေပါ့ထဲထည့္စားလည္းေကာင္းတယ္၊သေဘၤာသီးေထာင္းထဲထည့္လည္းေကာင္းတယ္၊မာလာရွမ္းေကာတို႔မာလာဟင္းတို႔ထဲမွာလည္းထည့္စားလို႔ရတယ္၊ေဆးျဖစ္ဝါးျဖစ္ဒီအတိုင္းေရစိမ္စားလည္းရတာပါပဲဲ။
က်ေနာ္္ကေတာ့ေက်ာက္ပြင့္ကိုပါးပါးေလးျဖစ္ေအာင္ကပ္ေၾကးနဲ႔ညႇပ္လိုက္တယ္၊ၿပီးေတာ့ sea food အစံုဟင္းခ်ိဳထဲမွာထည့္ၿပီးစားတယ္။ထုတ္ထုတ္ ထုတ္ထုတ္ နဲ႔အင္မတန္စားလို႔ေကာင္းပါတယ္။
ငွက္သိုိက္ေလးဝါးရသလိုပါပဲ။မိတ္ေဆြတို႔လည္းနွစ္သက္သလိုိစားနိုင္ၾကပါတယ္။ရမယ့္အက်ိဳးေက်းဇူးကေတာ့အမ်ားႀကီးပဲဗ်…….က်န္းမာ႐ႊင္လန္းၾကပါေစ။
ခ်စ္ခင္ေလးစားလ်ွက္္
စာအုပ္္ – ဓာတ္စာ
ေရးသူ – မင္းေက်ာ္္ဝင္း
Unicode
သွေးကြောအမှိုိက်ရှင်းသမား အဖြူ ရောင်ကြွက််နားရွက်မှို
သစ်ပင််ပေါ်ကမှိုတွေဟာလူ့ကျန်းမာရေးကိုအလွန်အကျိုးပြုပါတယ်။ ဘအခုပုံမှာပြထားတဲ့မှိုဟာလည်းသစ်ပင်ပေါ်မှာပွင့်တဲ့မှိုပါ။
ကျောက်ဆောင်တွေမှာလည်းပွင့််လို့ကျောက်ပွင့်လို့ခေါ်တာပါ။ အဲဒါကိုလူအများစုကပင်လယ်ကျောက်ပွင့်လို့ထင်ကြတယ်။
စားသောက်ဆိုင်တွေမှာလည်းပင်လယ်စာလိိုလိုဘာလိုလိုဂျင်းထည့့်ကြတယ်။တကယ်တော့သစ်ပင်ပေါ်၊ကျောက်ဆောင်ပေါ်ကမှိုပါ။
Sea weed မဟုုတ်ပါဘူး။
ကျောက်ပွင့်ဟာကြွက်နားရွက်မှိိုနဲ့အမျိုးတူမှိုမျိုးစိတ်တစ်ခုပါပဲ။ ကြွက်နားရွက်မှိုကိုလည်းအမဲရောင်၊အညိုရောင်၊အရောင်ဖျော့
ဆိုပြီး၃မျိုးလောက်တွေ့ရပါတယ်။ဘာအရောင်ဖြစ််ဖြစ်သူတို့အားလုံး အာနိသင်တူကြတယ်။အကျိုးအပြုဆုံးကတော့သွေးကြောတွေထဲကအဆီ၊အဆိပ်၊အနည်၊အမှိုက်တွေအားလုံးကိုရှင်းပေးတယ်။ဒါကြောင့်သွေးကြောအမှိုက်ရှင်းသမားလို့ကင်ပွန်းတပ်ကြပါတယ်။
ကျောက်ပွင့်ရဲ့သွေးကြောရှင်းပေးနိုင်တဲ့အာနိသင််ကိုသိလာကြတဲ့အတွက်အနောက်နိုင်ငံကလူတွေဟာTissue culture နည်းနဲ့ကိုယ်ပိုင်စိုက်ပျိုးရေးတွေအကြီးအကျယ်လုပ်လာကြပြီဖြစ်ပါတယ်။မူလကတော့ဝက်ဆီတအားစားတဲ့တရုတ်တွေရဲ့Traditional Nutrition ဖြစ်ပေမဲ့အခုတော့ကမ႓ာကသိပြီဖြစ်လို့စားကုန်ကြပါပြီ။ကျနော်တို့မြန်မာတွေရော….? ကျနော်တို့မြန်မာတွေမသိကြဘူးဗျ။
အခုအခါမှာကော်လက်စတြောများပြီးနှလုံးသွေးကြောပိတ်ဆို့နေကြရတာအများကြီးပါ။ကမ႓ာပေါ်မှာသွေးကြောတွွေပိတ်ဆို့လို့နှလုံးရောဂါနဲ့သေတာအများဆုံးပဲ။ပြီးတော့အသည်းအဆီဖုံးရာကနေနောက်ဆက်တွဲဖြစ်လာတဲ့ဆီးချိုရောဂါကြောင့်သေကြတာလည်းအလွန်ကိုများလာပါပြီ။အဝလွန်ကြတာလည်းနေရာတိုင်းမှာပါပဲ။ကိုယ်တွင်းကမကောင်းတဲ့အဆီတွေကိုထုတ်ထုတ်ပေးဖို့သိပ်အရေးကြီးပါတယ်။အဲဒီအတွက်သစ်ပင်ပေါ်ကမှိုတွေကိုစားပေးရင်ရပါတယ်။
ကျောက်ပွင့်ကိိုအရသာရှိအောင်နည်းမျိုးစုံလုပ်စားလို့ရပါတယ်။သုတ်စားရင်လည်းကောင်းတယ်၊ဟော့ပေါ့ထဲထည့်စားလည်းကောင်းတယ်၊သင်္ဘောသီးထောင်းထဲထည့်လည်းကောင်းတယ်၊မာလာရှမ်းကောတို့မာလာဟင်းတို့ထဲမှာလည်းထည့်စားလို့ရတယ်၊ဆေးဖြစ်ဝါးဖြစ်ဒီအတိုင်းရေစိမ်စားလည်းရတာပါပဲဲ။
ကျနော််ကတော့ကျောက်ပွင့်ကိုပါးပါးလေးဖြစ်အောင်ကပ်ကြေးနဲ့ညှပ်လိုက်တယ်၊ပြီးတော့ sea food အစုံဟင်းချိုထဲမှာထည့်ပြီးစားတယ်။ထုတ်ထုတ် ထုတ်ထုတ် နဲ့အင်မတန်စားလို့ကောင်းပါတယ်။
ငှက်သိိုက်လေးဝါးရသလိုပါပဲ။မိတ်ဆွေတို့လည်းနှစ်သက်သလိိုစားနိုင်ကြပါတယ်။ရမယ့်အကျိုးကျေးဇူးကတော့အများကြီးပဲဗျ…….ကျန်းမာရွှင်လန်းကြပါစေ။
ချစ်ခင်လေးစားလျှက််
စာအုပ်် – ဓာတ်စာ
ရေးသူ – မင်းကျော််ဝင်း