
Unicode ဖြင့်ဖတ်ပါ
Mrtv 4ရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အခိုင်အမာ ရှိခဲ့တဲ့ သရုပ်ဆောင် စည်သူဝင်းက သူ့ရဲ့ခန့်ညာတဲ့ပုံတွေနဲ့အတူ ပရိသတ်ကို အမှာတော်ပါးလိုက်ပါတယ်။ သူက လက်ရှိပြသနေတဲ့ နှင်းဆီ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေမုန်းတဲ့ ဇာတ်ကောင်မျိုးကို သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
သူဟာ Mrtv4 ရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိပြီး သူ့ရဲ့ အောင်မြင်မှုကတော့ပရိသတ်အခိုင်အမာရရှိထားခြင်းဘဲ ဖြစ်ပါတယ်။ သူ့ကို အမျိုးသမီးပရိသတ်တွေက အများဆုံး ဝန်းရံကြတာလဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ကို ကိုတင်မောင်ကျော်အဖြစ် ပရိသတ်တွေ ပိုအာရုံစိုက်မိနေပြီး ကိုတင်မောင်ကျာ်နဲ့ စည်သူဝင်းက ကွာခြားကြောင်း ပြောပြလာခဲ့ပါတယ်။
သူပြောခဲ့တာကတော့ ” အပြင်ကစည်သူဝင်းက နှင်းဆီ ဇာတ်လမ်းထဲက အကိုကျော် လိုမဆိုးပါဘူးဗျ ၊ တင်မောင်ကျော့်ကိုဘဲ မုန်းပါ စည်သူဝင်းကို မမုန်းပါနဲ့ ” လို့ ဆိုပြီး ပုံလေးတွေနဲ့ အတူ ရေးသားခဲ့ပါတယ်။
အဲ့ဒီရုပ်ရှင်ဇာတ်ကားထဲမှာ လက်တလောလာနေတဲ့ အပိုင်းထိ ပရိသတ်တွေ သနားကြတာက နှင်း ဖြစ်ပြီး ။ ပရိသတ်တွေကြည့်မရတဲ့စော်ကြည်ဘဲ ကတော့ ကိုတင်မောင်ကျော်ဘဲ ဖြစ်ပါတယ်။ ကိုတင်မောင်ကျော်အဖြစ် စည်သူဝင်းက ပါဝင်သရုပ်ဆောင်ထားပြီး သူက ရုပ်ရှင်ဇာတ်လမ်းတွဲထဲကလို အရမ်းဆိုးတဲ့ ကိုတင်မောင်ကျော်မဟုတ်ပါဘူး မမုန်းပါနဲ့လို့ဆိုပြီး သူ့ရဲ့ပုံလေးတွေနဲ့အတူ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားခဲ့ပါတယ်။