.ေခြး ၄ ေကာင္ကိုလည္ေခ်ာင္းထဲ ကေသြးစပါလာေအာင္ပင္ အန္ေကြၽးခဲ့တဲ့ ေက်ာက္တူးသမားေမာင္စိုးႏိုင္

ေခြး ၄ ေကာင္ကိုလည္ေခ်ာင္းထဲ ကေသြးစပါလာေအာင္ပင္အန္ေကြၽးခဲ့တဲ့ ေက်ာက္တူးသမားေမာင္စိုးႏိုင္၏ရည္မွန္းခ်က္က
( တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္တြင္ ဗုဒၶေစတီေတာ္တစ္ဆူကို ရတနာေက်ာက္စိမ္းမ်ားျဖင့္ တည္ထားကိုးကြယ္ႏိုင္ေစရန္ ) ျဖစ္သည္

တစ္ခါက ဦးစိုးႏုိင္သည္ ခရီးသြားရင္း စိတ္မေကာင္းစရာ ျမင္ကြင္းတစ္ခုကို ေတြ႔လိုက္ရသည္။ေခြးမႀကီးတစ္ေကာင္ႏွင့္ ေခြးေလးသုံးေကာင္တို႔သည္ အစာေရစာျပတ္ၿပီး ခ်ဳံပုတ္ထဲတြင္ ေခြလဲေနၾကသည္။

အိမ္မွာမေမြးခ်င္သျဖင့္ ေခြးမႀကီးႏွင့္ေခြးကေလးသုံးေကာင္ပါ ေတာထဲလာပစ္ထားရာ လူေနအိမ္မ်ားမရိွသျဖင့္ အစာေရစာျပတ္ကာလဲက်ေနၾကျခင္းျဖစ္သည္။အစာတစ္နပ္ေလာက္သာ စားရပါက လူေနအိမ္မ်ားရိွေသာေနရာသို႔ သူ႔သားအမိတစ္ေတြ သြားႏိုင္ၾကမည္ျဖစ္သည္။ဦးစိုးႏိုင္သည္ ျဖစ္ေပၚလာေသာ သဒၵါ တရားေၾကာင့္ ကားေပၚသို႔ အျမန္ေျပးကာ ေကြၽးေမြးစရာမ်ားကို ႐ွာၾကည့္သည္။ မည္သည့္အစာကိုမွွ်မေတြ႔ရ။

မ်က္ေစ့တစ္ဆုံး လွမ္းေမွ်ာ္ၾကည့္ေသာ္လည္း အိမ္ေျခရာေျခမေျပာနဲ႔ တဲတစ္လုံးပင္မေတြ႔ရေပ။ ေကြၽးေမြးခ်င္ေသာ ေမတၱာေစတနာသည္ ျပင္းထန္ေနၿပီျဖစ္ေသာေၾကာင့္ အပင္ထက္မွ ဖက္သန္႔သန္႔မ်ားကိုခူးကာေခြးမ်ားေ႐ွ႕တြင္ ျဖန္႔ခင္းခ်လိုက္သည္အ႐ိုးေပၚအေရတင္ျဖစ္ကာ ခ်ိနဲ႔ေနေသာေခြးမႀကီးႏွင့္ ေခြးကေလးသုံးေကာင္သည္ ဦးစိုးႏုိင္ကို ရန္သူလား၊ မိတ္ေဆြလားဟု မခြဲျခားႏုိင္ေသာအၾကည့္ျဖင့္ လွမ္းၾကည့္ေနၾကသည္။ ရန္သူျဖစ္ေနပါက ထြက္ေျပးႏိုင္စြမ္း မရိွေတာ့ၿပီျဖစ္သျဖင့္ အေသခံဖို႔ရာသာရိွေပလိမ့္မည္။ ဦးစိုးႏုိင္သည္ သူ၏အာေခါင္ကို လက္ညိဳးျဖင့္ထိုးကာ အသင့္ခ်ထားေသာ ဖက္ရြက္ႀကီးေပၚသို႔ အန္ခ်လိုက္သည္။

ေခြးမႀကီးႏွင့္ ေခြးကေလးသုံးေကာင္သည္ အတင္းထိုးဟပ္စားလိုက္ၾကရာ ခဏႏွင့္ ကုန္သြားသည္။ အစာေရစာျပတ္ေနၾကေသာ သူတို႔ဝမ္းဗိုက္မ်ားသည္ တစ္ႀကိမ္စားရ႐ံုႏွင့္ မတင္းတိမ္ႏိုင္ၾကေပ။ ထို႔ေၾကာင့္ သူတို႔၏မ်က္လုံးေလးစုံက ဦးစိုးႏုိင္၏ မ်က္ႏွာကို တစ္ၿပိဳင္တည္းစိုက္ၾကည့္ေနၾကသည္။ထိုအျဖစ္ကို ရိပ္မိသြားေသာ ဦးစိုးႏိုင္က ဒုတိယအႀကိမ္အန္ခ်ၿပီး ေကြၽးလိုက္ျပန္သည္။ ထိုအခ်ိန္တြင္လည္း မိသားစုေလးေကာင္ အလုအယက္စားၾကရာခဏႏွင့္ ကုန္သြားျပန္သည္။

ထို႔ေၾကာင့္ တတိယအႀကိမ္ အာေခါင္ကိုလက္ညိဳွးထိုးအန္ခ်လိုက္ျပန္ရာ ေခြးေလးေကာင္စားၾကျပန္သည္။ ဤအႀကိမ္စားရာတြင္ ကၠေျႏၵရသြားသည္။ အလုအယက္မဟုတ္ေတာ့။ ထို႔ေၾကာင့္ သူတို႔အားရတင္းတိမ္သြားၿပီကို ဦးစိုးႏုိင္ရိပ္မိသြားသည္။ သူ႔ဝမ္းထဲတြင္လည္း စားထားေသာထမင္းမ်ား တစ္ေစ့မွ်မက်န္ေတာ့ေပ။ ေနာက္ဆုံးအႀကိမ္ အန္ရာတြင္ ပင္ပန္းလြန္းသျဖင့္ ေသြးစအနည္းငယ္ပင္ ပါလာသည္။

ထိုသို႔ ေစတနာသဒၵါတရားထက္သန္ေသာ ဦးစိုးႏိုင္၏ လုပ္ငန္းမ်ားသည္ တစ္ရိွန္ထိုးေအာင္ျမင္လာခဲ့သည္။ သူပိုင္ေသာ ေက်ာက္စိမ္းတြင္းမွ မထင္မွတ္ဘဲ ပတၱျမားမ်ားပင္ထြက္လာသျဖင့္ စီးပြားေရးမွာ ေထာင္တက္လာခဲ့သည္

” ကမာၻသိအလႉေတာ္ “မႏၱေလး တိုင္း၊ အမရပူရၿမိဳ႕နယ္ျမစ္ငယ္ – စစ္ကိုင္းျဖတ္လမ္း၊ ဆင္ရြာျမင္းမူေက်းရြာအနီး၌ တည္ထားေတာ္မူေလေသာ ကမာၻပထမဦးဆုံး” ေဝေယာစန ေက်ာက္စိမ္းေစတီေတာ္ ” ႀကီးကို ယခုႏွစ္ ဇြန္လ( ၅ )ရက္ေန႔က ထီးေတာ္တင္လွဴႏုိင္ခဲ့သည္။

ေစတီေတာ္တြင္…ပါရမီဆယ္ပါး ေက်ာက္စိမ္းစာလုံးမ်ား။ပန္းတင္ခုံနံရံအထက္တြင္ ေအာင္ျခင္း႐ွစ္ပါးေအာင္ေတာ္မူခန္းမ်ား။

ဇာတ္ေတာ္ႀကီးဆယ္ဘြဲ႔။မုခ္ဦးေလးမုခ္ရိွ တံကဲဝဲယာတို႔တြင္…မဟာေဗာဓိေညာင္ပင္ ပုံသ႑န္ ေက်ာက္စိမ္း႐ုပ္ပုံတို႔ကို ကပ္လွဴထားသည္။ငွက္ေပ်ာဖူးႀကီးမွာ အျမင့္႐ွစ္ေပ၊ ေျခာက္လက္မရိွၿပီး ေအအဆင့္ ရိွေသာ ေက်ာက္စိမ္းျပားမ်ားျဖင့္ ျပဳလုပ္ထားသည္။အလွဴရွင္ဦးစိုးနုိင္ ကိုယ္တိုင္ပင္ ေစတီေတာ္ႀကီး၏ ဒီဇိုင္းမ်ားႏွင့္ ပန္းပုပုံ မ်ားကို ပုံေဖာ္စီမံခန့္ခြဲကပ္လွဴထားပါသည္။ေစတီေတာ္ႀကီးအား ေငြက်ပ္သိန္းေပါင္း တစ္သိန္းေလးေသာင္းေက်ာ္အထိ ကုန္က်ခံ၍ တည္ထားကိုးကြယ္ခဲ့ပါသည္။

ခင္ျမတ္သူေမတၱာ႐ွင္စာအုပ္မွျမနန္းဆရာေတာ္

Unicode Version

ခွေး ၄ ကောင်ကိုလည်ချောင်းထဲ ကသွေးစပါလာအောင်ပင်အန်ကျွေးခဲ့တဲ့ ကျောက်တူးသမားမောင်စိုးနိုင်၏ရည်မှန်းချက်က
( တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဗုဒ္ဓစေတီတော်တစ်ဆူကို ရတနာကျောက်စိမ်းများဖြင့် တည်ထားကိုးကွယ်နိုင်စေရန် ) ဖြစ်သည်

တစ်ခါက ဦးစိုးနိုင်သည် ခရီးသွားရင်း စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ခွေးမကြီးတစ်ကောင်နှင့် ခွေးလေးသုံးကောင်တို့သည် အစာရေစာပြတ်ပြီး ချုံပုတ်ထဲတွင် ခွေလဲနေကြသည်။

အိမ်မှာမမွေးချင်သဖြင့် ခွေးမကြီးနှင့်ခွေးကလေးသုံးကောင်ပါ တောထဲလာပစ်ထားရာ လူနေအိမ်များမရှိသဖြင့် အစာရေစာပြတ်ကာလဲကျနေကြ
ခြင်းဖြစ်သည်။အစာတစ်နပ်လောက်သာ စားရပါက လူနေအိမ်များရှိသောနေရာသို့ သူတို့သားအမိတစ်တွေ သွားနိုင်ကြမည်ဖြစ်သည်။ဦးစိုးနိုင်သည် ဖြစ်ပေါ်လာသော သဒ္ဒါ တရားကြောင့် ကားပေါ်သို့ အမြန်ပြေးကာ ကျွေးမွေးစရာများကို ရှာကြည့်သည်။ မည်သည့်အစာကိုမျှမတွေ့ရ။

မျက်စေ့တစ်ဆုံး လှမ်းမျှော်ကြည့်သော်လည်း အိမ်ခြေရာခြေမပြောနဲ့ တဲတစ်လုံးပင်မတွေ့ရပေ။ ကျွေးမွေးချင်သော မေတ္တာစေတနာသည် ပြင်းထန်နေပြီဖြစ်သောကြောင့် အပင်ထက်မှ ဖက်သန့်သန့်များကိုခူးကာခွေးများရှေ့တွင် ဖြန့်ခင်းချလိုက်သည်အရိုးပေါ်အရေတင်ဖြစ်ကာ ချိနဲ့နေသောခွေးမကြီးနှင့် ခွေးကလေးသုံးကောင်သည် ဦးစိုးနိုင်ကို ရန်သူလား၊ မိတ်ဆွေလားဟု မခွဲခြားနိုင်သောအကြည့်ဖြင့် လှမ်းကြည့်နေကြသည်။ ရန်သူဖြစ်နေပါက ထွက်ပြေးနိုင်စွမ်း မရှိတော့ပြီဖြစ်သဖြင့် အသေခံဖို့ရာသာရှိပေလိမ့်မည်။ဦးစိုးနိုင်သည် သူ၏အာခေါင်ကို လက်ညိုးဖြင့်ထိုးကာ အသင့်ချထားသော ဖက်ရွက်ကြီးပေါ်သို့ အန်ချလိုက်သည်။

ခွေးမကြီးနှင့် ခွေးကလေးသုံးကောင်သည် အတင်းထိုးဟပ်စားလိုက်ကြရာ ခဏနှင့် ကုန်သွားသည်။ အစာရေစာပြတ်နေကြသော သူတို့ဝမ်းဗိုက်များသည် တစ်ကြိမ်စားရရုံနှင့် မတင်းတိမ်နိုင်ကြပေ။ ထို့ကြောင့် သူတို့၏မျက်လုံးလေးစုံက ဦးစိုးနိုင်၏ မျက်နှာကို တစ်ပြိုင်တည်းစိုက်ကြည့်နေကြသည်။ထိုအဖြစ်ကို ရိပ်မိသွားသော ဦးစိုးနိုင်က ဒုတိယအကြိမ်အန်ချပြီး ကျွေးလိုက်ပြန်သည်။ ထိုအချိန်တွင်လည်း မိသားစုလေးကောင် အလုအယက်စားကြရာခဏနှင့် ကုန်သွားပြန်သည်။

ထို့ကြောင့် တတိယအကြိမ် အာခေါင်ကိုလက်ညိုှးထိုးအန်ချလိုက်ပြန်ရာ ခွေးလေးကောင်စားကြပြန်သည်။ ဤအကြိမ်စားရာတွင် က္ကန္ဒြေရသွားသည်။ အလုအယက်မဟုတ်တော့။ ထို့ကြောင့် သူတို့အားရတင်းတိမ်သွားပြီကို ဦးစိုးနိုင်ရိပ်မိသွားသည်။ သူ့ဝမ်းထဲတွင်လည်း စားထားသောထမင်းများ တစ်စေ့မျှမကျန်တော့ပေ။ နောက်ဆုံးအကြိမ် အန်ရာတွင် ပင်ပန်းလွန်းသဖြင့် သွေးစအနည်းငယ်ပင် ပါလာသည်။

ထိုသို့ စေတနာသဒ္ဒါတရားထက်သန်သော ဦးစိုးနိုင်၏ လုပ်ငန်းများသည် တစ်ရှိန်ထိုးအောင်မြင်လာခဲ့သည်။ သူပိုင်သော ကျောက်စိမ်းတွင်းမှ မထင်မှတ်ဘဲ ပတ္တမြားများပင်ထွက်လာသဖြင့် စီးပွားရေးမှာ ထောင်တက်လာခဲ့သည်

” ကမ္ဘာသိအလှူတော် “မန္တလေး တိုင်း၊ အမရပူရမြို့နယ်
မြစ်ငယ် – စစ်ကိုင်းဖြတ်လမ်း၊ ဆင်ရွာမြင်းမူကျေးရွာအနီး၌ တည်ထားတော်မူလေသော ကမ္ဘာပထမဦးဆုံး
” ဝေယောစန ကျောက်စိမ်းစေတီတော် ” ကြီးကို ယခုနှစ် ဇွန်လ( ၅ )ရက်နေ့က ထီးတော်တင်လှူနိုင်ခဲ့သည်။

စေတီတော်တွင်…ပါရမီဆယ်ပါး ကျောက်စိမ်းစာလုံးများ။ပန်းတင်ခုံနံရံအထက်တွင် အောင်ခြင်းရှစ်ပါးအောင်တော်မူခန်းများ။

ဇာတ်တော်ကြီးဆယ်ဘွဲ့။မုခ်ဦးလေးမုခ်ရှိ တံကဲဝဲယာတို့တွင်…မဟာဗောဓိညောင်ပင် ပုံသဏ္ဍန် ကျောက်စိမ်းရုပ်ပုံတို့ကို ကပ်လှူထားသည်။ငှက်ပျောဖူးကြီးမှာ အမြင့်ရှစ်ပေ၊ ခြောက်လက်မရှိပြီး အေအဆင့် ရှိသော ကျောက်စိမ်းပြားများဖြင့် ပြုလုပ်ထားသည်။အလှူရှင်ဦးစိုးနိုင် ကိုယ်တိုင်ပင် စေတီတော်ကြီး၏ ဒီဇိုင်းများနှင့် ပန်းပုပုံ များကို ပုံဖော်စီမံခန့်ခွဲကပ်လှူထားပါသည်။စေတီတော်ကြီးအား ငွေကျပ်သိန်းပေါင်း တစ်သိန်းလေးသောင်းကျော်အထိ ကုန်ကျခံ၍ တည်ထားကိုးကွယ်ခဲ့ပါသည်။

ခင်မြတ်သူမေတ္တာရှင်စာအုပ်မှမြနန်းဆရာတော်