တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကိုက်ရင်း အချစ်စမ်းနေကြတဲ့ ရွှေနှစ်ရွှေ

နိုင်ငံကျော် ဇနီးမောင်နှံဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက်နဲ့တစ်ယောက် နွေးထွေးမှုတွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလျှောက်လမ်း ကိုယ်စီမှာ အောင်မြင်မှုတွေ ရရှိနေတာဖြစ်ပြီး ထွန်းလင်းတောက်ပတဲ့ ကြယ်လေးတွေဆိုလည်း မမှားပါဘူး။

တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်နဲ့ ကြင်နာတဲ့ ဇနီးမောင်နှံလေး ရွှေထူးနဲ့ ရွှေမှုံရတီကို ပရိသတ်တွေကလည်း အားကျနေရတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ရွှေနှစ်ရွှေက ပရိသတ်တွေ အားကျရအောင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကိုက်ရင်း အချစ်စမ်းခဲ့တဲ့ပုံလေးကို ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားတာ ဖြစ်ပါတယ်။

ဘယ်လိုတောင် အချစ်စမ်းကြတာလဲ ရွှေထူးနဲ့ ရွှေမှုံရယ်

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ပရိသတ်တွေ အားကျရအောင် တစ်နေ့တစ်မျိုး မရိုးရအောင် Ro ပြနေတာပဲနော်။

ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: Shwe Hmone Yati’s fb