
အသံ ပါဝါကောင်းကောင်း နဲ့ ပရိသတ်တွေချစ်ကြတဲ့ အဆိုတော်မလေး အေသင်ချိုဆွေဟာ အဆိုပိုင်းမှာတင်မဟုတ်ဘဲ သရုပ်ဆောင်ပိုင်းမှာလဲ အရမ်းကောင်းခဲ့ပါတယ်။ သူမဟာ ယခုအချိန်မှာတော့ ယခင်ကထက်ပိုပြီး သတ္တိရှိတဲ့ မိခင်တစ်ယောက်အနေနဲ့ ကြိုးစား ရုန်းကန်နေပြီး သမီးအတွက် သူမအကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတဲ့ အကြောင်းနဲ့ သမီးရဲ့ အပြုအမူလေးတွေက ခုချိန်မှာဆို နည်းနည်းကြမ်းတက်တယ် ဆိုတဲ့ အကြောင်းလေးတွေကို ပြောပြလာပါတယ် ။ အဲ့ဒီနောက် မှာတော့ သူမအနေနဲ့ သမီးရဲ့ အရှေ့မှာ အရင်လို မနေဖြစ်တော့ဘဲ အကောင်းဆုံးအသိတရားတွေနဲ့ ကြိုးစားနေထိုင်နေတယ်လို့လဲ ပါရှိပါတယ်။
သူမ ပြောပြခဲ့တာတွေကတော့ “ သမီးကို ၀န်ထုတ် ၀န်ပိုးဖြစ်စေတဲ့ အရာမျိုးတွေ မဖြစ်စေချင်ဘူး ။ သူ့ကို သူ့ခြေထောက်ပေါ်သူရပ်တာနိုင်တဲ့ အရာမျိုးတွေဘဲ ဖြစ်စေချင်တယ် ။ သူ့တစ်ကိုယ်စာအတွက်ဘဲ၊ ကိုယ်ကြီးလာတဲ့ အခါကြရင်လဲ သူ့ကို ဖိအားမပေးဘူး သူ့အကောင်းဆုံး ကိုယ့်ဘ၀ ကိုယ်ရပ်တည်နိုင်ဖို့ဘဲ လိုချင်တယ် ။ ကိုယ့်လိုလဲ သူ့ကိုမဖြစ်စေချင်ဘူး ၊အေသင်က အရှေ့ပိုင်းတွေမှာ ကောင်းတာလုပ်တာတော်တော်နည်းတယ်ပေါ့နော်။
အမေနဲ့လဲ ကတောက်တဆတွေဖြစ်တယ်ပေါ့နော် အများကြီးဘဲ အကျင့်တွေက ဆိုးဆိုးလေးတွေ ရှိတဲ့အတွက်ကြောင့် သူ့ကိုအဲ့လိုမျိုးလေးတွေ မဖြစ်စေချင်ဘူး ။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရဲရင့်တဲ့မိန်းမတစ်ယောက် ဖြစ်စေချင်တယ် ။ တကယ်ကို သန်မာတဲ့ သူတစ်ယောက်အနေနဲ့ဘဲရပ်တည်စေချင်တယ် ။ မိဘကို ပြန်ကြည့်တာ မကြည့်တာကတော့ သူ့အပိုင်းပေါ့နော် လောလောဆယ်က ကတော့ မိဘကတော့လုပ်ပေးရမှာ ဘဲပေါ့နော်။ အဲ့ဒါကြောင့် အေသင်ကတော့ အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါ”
“ အိမ်မှာဆိုရင် အေသင်က ပစ္စည်းတွေ ၀ုန်းဒိုင်း နဲ့ ချပြစ်တယ်ပေါ့နော် ။ စိတ်တိုတဲ့ အခါတွေမှာ သူ့ရှေ့မှာ လုပ်မိတော့ သူက လိုက်လုပ်တယ်၊ နောက်ပြီး တံခါးတွေဘာတွေပိတ်ရင်လဲ ၀ုန်းဆိုပြီး ပိတ်တယ် ဘယ်သူလုပ်တာလဲပေါ့ကြည့်ရင် သူဖြစ်နေတယ် ။ အေသင် အပြင်ကပြန်ရောက်ရင်လဲ အဖွားတို့မလာနဲ့ အမေနဲ့ သူနဲ့ဘဲ နေမယ် ဆိုတဲ့ အကျင့်မျိုးတွေပေါ့နော် ၊ နောက်ပြီး သူ့ပုံစံက နည်းနည်းကြမ်းတယ် ပေါ့နော် ။ အာ့ကြောင့် သူ့ကိုပြင်ပေးရမယ် ။ ကိုယ်လဲ ထိန်းသိမ်းရမယ် ။ ဆင်ချင်ရမယ် ဆိုပြီးတော့ အသိတရား ရသွားတယ်”
“ ကလေးတစ်ယောက် ရဲ့ လိမ္မာချင်း မလိမ္မာချင်း၊ နူးညံ့ချင်း မနူးညံ့ချင်း ဆိုတာ မိဘတွေပေါ်မှာ အများကြီးဆိုင်တယ် ။ ကိုယ်ကိုယ်တိုင်က နူးညံ့မှ ကိုယ်မွေးတဲ့ သမီးကလဲနူးညံ့မယ် ကိုယ်ကကြမ်းတမ်းနပြီးတော့ ကိုယ်မွေးတဲ့ သားသမီးက နူးညံ့နေစေချင်လို့မရဘူးပေါ့နော် ။မိဘနဲ့ အများကြီးဆိုင်ပါတယ်။ အမေကတော့ ပြောတယ် နင်ငါ့ကို လုပ်ခဲ့တာတွေ နင့်သမီးနဲ့ ပြန်ပြီး ၀ဋ်လည်မယ် လို့ အမေကပြောတယ် ။ လည်လဲ လည်ပေါ့လေ ဘယ်တက်နိုင်မလဲ ပြန်ပြင်လို့မှမရတာလေ အမေကိုလုပ်ခဲ့မိတာကိုး ကိုယ်ကပေးဆပ်မယ်ပေါ့နော် အဲ့လိုတော့ အမေ့ ကိုပြန်ပြောလေ့ရှိတယ်”
“ နောက်ပိုင်းလဲ သူဖြစ်စေချင်တာကိုဘဲ လုပ်ပေးမှာ သူ့ကိုလောင်းရိပ် မမိစေချင်ဘူး ငါအမေမို့လို့ နင်ဒါလုပ်ရမယ် ငါမှန်တယ် ဆိုတာမျိုးတွေလဲ အေသင်ကအဖြစ်မခံနိုင်ဘူး ။ ကိုယ်လုပ်စေချင်တာကို သူကဘာလို့ မလုပ်နိုင်တာလဲ ဘာကြောင့် မလုပ်နိုင်တာလဲ ဆိုတာကို ဖြည့်တွေးပေးရမယ် ။ ဒါလဲ မိဘ နဲ့ သားသမီးဆိုတာ အဆင်ပြေနေမှာပေါ့နော်။ မိဘတွေလဲပေါ့နော် အတ္တလေးတွေကို နည်းနည်းလျှော့ပြီး သားသမီးတွေကိုဆက်ဆံသင့်တယ် တင်းကြပ်ခံထားရတဲ့ သားသမီးတွေက လွတ်ထွက်သွားရင် ပိုဆိုးတက်ကြတယ် တွေ့ဖူးတာပေါ့နော် ။ အမိန့်နာခံရတယ် ဆိုတာထက် တိုင်ပင်ဆွေနွေးရတာ မိသားစုတွေကြားမှာ ပိုပြီး အဆင်ပြေတယ်” လို့ ဆိုကာ ပြောပြခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အေသင်ဟာ ယခုနောက်ပိုင်း “ဘုရားတရားလုပ်တာများတယ်။ သမီးရှိနေပြီ ဆိုတော့ ပိုပြီး ရင့်ကျက်လာတယ်။ သမီးကို ချစ်တဲ့ ပရိသတ်တွေကိုလဲ ကျေးဇူးတင်ပါတယ် ။ အနုပညာအလုပ်တွေ အများကြီးလုပ်ဖို့ ရှိပါတယ် ။ အများကြီးချစ်ပေးကြပါအုံးလို့ ပြောချင်ပါတယ်” လို့ လဲ ပြောခဲ့ပါသေးတယ် ။
credit-momolay