You are here
Home > အနုပညာ > အနုပညာသမား တစ်ယောက်ဖြစ်လို့ဆိုပြီး ကန့်သတ်ချက်တွေ မထားဘူး ဆိုတဲ့ ကိုကိုတိုင်ရွန်

အနုပညာသမား တစ်ယောက်ဖြစ်လို့ဆိုပြီး ကန့်သတ်ချက်တွေ မထားဘူး ဆိုတဲ့ ကိုကိုတိုင်ရွန်

နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းစွဲ ​မော်ဒယ်လ် သရုပ်ဆောင် တိုင်ရွန် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင် အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ တိုင်ရွန်က ရုပ်ရည် ချောမောပြီး အမိုက်စား Body ကို ပိုင်ဆိုင်ထားရုံအပြင် သရုပ်ဆောင်ပီပြင်တဲ့ သူဖြစ်တာကြောင့် သူ့ ကို ချစ်ခင် အားပေးတဲ့ ပရိသတ်အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။ အမြဲတမ်းကြည့်လိုက်ရင် ခပ်မိုက်မိုက် Style Tattoo အမိုက်စားတွေနဲ့ မိန်းကလေးပရိသတ်တွေရင်တွေ လှုပ်ခပ်စေတဲ့ မင်းသား တစ်ဦးပဲ ဖြစ်ပါတယ်။

ပျော်ပျော်နေတတ်တဲ့ တိုင်ရွန်ကတော့ အမြဲ တက်တက်ကြွကြွနဲ့  သူငယ်ချင်းတွေနဲ့အတူ ပျော်စရာလေးတွေ အမြဲဖန်တီးတတ်သူလည်းဖြစ်ပါတယ်။လက်ရှိမှာလည်း ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးလာတဲ့ တိုင်ရွန်ဟာဆိုရင် အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်ရှိနေတဲ့ အနုပညာရှင်တစ်ဦးလို့ဆိုနိုင်ပါတယ်။ မိဘအပေါ်သိတတ်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ချွေးနဲစာအနုပညာကြေးလေးတွေနဲ့ မိဘတွေအတွက် တိုက်ခန်းတစ်ခန်း ဝယ်ကာ ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ပုံစံ စတိုင်ကြောင့် သူကိုယ်တိုင် အနုပညာသမားရယ်လို့ မတွေးဘဲ အနုပညာသမားတစ်ယောက်ဖြစ်လို့ ဘယ်အရာမှမကန့်သတ်ထားကြောင်းကို ပရိသတ်တွေကို ဖော်ပြခဲ့ပါတယ်။” တိုင်ရွန် မင်း အနုပညာသမားဖြစ်နေလို့ မင်းဘာထိန်းလဲ ?ဘာမှကိုမထိန်းဘူး ရှင်းတယ် လုပ်ချင်တာလုပ်တယ် အဲ့ဒါ ကျွန်တော်ဘဲ ” ဆိုပြီး သူငယ်ချင်းနဲ့ပျောပျော်ပါးပါး ပုံရိပ်လေးနဲ့အတူ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း တိုင်ရွန်ရဲ့ ခံယူချက်အတွေးလေးကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source:Tyron Bejay,CRD-CELE GABAR

Top
//chalaips.com/4/3018672