ခ်စ္သူနဲ႔ေဝးရရင္ သာသနာ့ေဘာင္ထဲအၿပီးဝင္မယ္ဆိုတဲ့ ႏိုင္းဝမ္း

ႏိုင္းဝမ္းက သူ႔ရဲ႕ ခ်စ္သူေလးနဲ႔သာ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ ေဝးရမယ္ဆိုရင္ သာသနာ့ေဘာင္ထဲ အၿပီးဝင္ဖို႔ ဆုံးျဖတ္ၿပီးသားပါတဲ့။ ဘဝနဲ႔ထပ္တူခ်စ္ရတဲ့ မိန္းမသားကလည္း အေမနဲ႔ ခ်စ္သူ ပဲရွိတယ္လို႔ ဆိုပါတယ္။အဆိုေတာ္ႏိုင္းဝမ္းကေတာ့ ၁၀ ႏွစ္အၾကာေတြ႕ဆုံလာတဲ့ ခ်စ္သူေလးနဲ႔ ၂၀၂၀ မွာ မဂၤလာေဆာင္ဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ ဒီ ခ်စ္သူေလးနဲ႔သာ ဖူးစာမဆုံျဖစ္ခဲ့ရင္ သာသနာ့ေဘာင္ထဲ အၿပီးဝင္ဖို႔ ဆုံးျဖတ္ၿပီးသားပါလို႔ Duwun Media ကေန ေျပာျပလာပါတယ္။

‘’ ဘဝမွာ အေရးႀကီးဆုံးကေတာ့ အေမ နဲ႔ သူနဲ႔ပဲ။ ကြၽန္ေတာ့္ဘဝထဲမွာ အခ်စ္ဆုံး မိန္းမသားႏွစ္ေယာက္ေပါ့။ အဲဒီထက္ပိုၿပီး ႏႈိင္းမျပတတ္ေတာ့ပါဘူး။ အဲဒီ ႏွစ္ေယာက္ရွိလို႔လည္း အသက္ရွင္ေနတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အဓိက ကေတာ့ ကြၽန္ေတာ့္ ေကာင္မေလးကိုေပါ့ သူသာမရွိေတာ့ရင္ ကြၽန္ေတာ္က ရဟန္းခံမွာ။ သူဆိုတဲ့ သံေယာဇဥ္ေလးေၾကာင့္ ပုထုဇဥ္လူသားအေနနဲ႔ ဆက္ၿပီးေတာ့ ႀကိဳးစားေနတာေပါ့’’လို႔ သူကဆိုပါတယ္။ခ်စ္သူကို တန္ဖိုးထားလြန္းတဲ့ စိတ္ေၾကာင့္ သာသနာ့ေဘာင္ထဲ မဝင္ေသးဘူးလို႔ဆိုပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ အသက္ ၅၀ ျပည့္ရင္ေတာ့ ရဟန္းဝတ္ဖို႔ ဆုံးျဖတ္ထားတယ္လို႔ ႏိုင္းဝမ္းက ေျပာပါတယ္။

‘’ ရဟန္းေဘာင္ထဲအရမ္းဝင္ခ်င္တယ္။ သာသနာ့ေဘာင္မွာ ေနခ်င္တယ္။ ေသတဲ့အထိေပါ့ေနာ္။ အဲဒါကို အေမကလည္း အားေပးတယ္။ ကြၽန္ေတာ့္ အသက္ ၅၀ ေရာက္ရင္ေတာ့ ရဟန္းဝတ္မယ္လို႔ စိတ္ကူးထားတယ္။ သူ႔ကိုလည္း ေျပာျပထားပါတယ္။ အေမကေတာ့ ကြၽန္ေတာ္ ရဟန္းခံသြားလည္း ကိစၥမရွိဘူး။ သူက်ေတာ့ ကြၽန္ေတာ္ရဟန္းခံသြားရင္ သူ႔ကို ေစာင့္ေရွာက္မယ့္လူ မရွိေတာ့ဘူး။ သူ႔သံေယာဇဥ္ေလးေၾကာင့္ ကြၽန္ေတာ္ မဝတ္ျဖစ္ေသးတာေပါ့ေနာ္။ အဲဒီေလာက္အထိကို တန္ဖိုးထားပါတယ္’’ လို႔ ဆိုပါတယ္။ႏိုင္းဝမ္းက ေကာင္မေလးကို ခ်စ္မိသြားတဲ့ အခ်က္ကေတာ့ စိတ္ဓာတ္ေလးက ႐ိုးသားျဖဴစင္လြန္းတယ္လို႔ ဆိုပါတယ္။ ငယ္ငယ္ကတည္းက ခ်စ္ရတဲ့ ခ်စ္သူနဲ႔ လက္တြဲခြင့္ရတယ္လို႔လည္း ၾသဂုတ္လ ၂၄ ရက္ေန႔က ရန္ပုံေငြ ေဘာလုံးပြဲ ကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

‘’ သူ႔ရဲ႕ ႐ိုးသားတဲ့ အခ်က္ေလးက ေႂကြမိတာေပါ့ေနာ္။ သူက အရမ္း႐ိုးသားတယ္၊ ျဖဴလည္းျဖဴစင္တယ္။ ငယ္ငယ္ေလးကတည္းကပါ။ သူနဲ႔ေတြ႕တာကလည္း ငယ္ငယ္ေလးကတည္းကဆိုေတာ့ေလ၊ သူ ၉ တန္း၊ ၁၀ တန္းေလာက္ကတည္းက ကြၽန္ေတာ္ေတြ႕တာဆိုေတာ့ ငယ္ခ်စ္ေတြေပါ့။ သူနဲ႔ စေတြ႕တာက ၇ ရက္၊ ၉ လ၊ ၂၀၀၉ ေပါ့ေနာ္။ အခုဆို ၁၀ ႏွစ္ၾကာၿပီေပါ့။ ၾကားထဲမွာေတာ့ ကြၽန္ေတာ့္ မိုက္ျပစ္ေတြနဲ႔ တစ္ႏွစ္ေလာက္ လမ္းခြဲလိုက္ေသးတယ္’’ ဆိုၿပီးေတာ့ ဆက္လက္ေျပာျပလာပါတယ္။

ႏိုင္းဝမ္း(Nine One)ဟာ ဂီတေလာကထဲကို ၂၀၀၂ ခုႏွစ္ေလာက္က စတင္ဝင္ေရာက္လာၿပီး ပရိသတ္အားေပးမႈ ရရွိထားတဲ့ အဆိုေတာ္ တစ္ဦးျဖစ္ပါတယ္။ ယခုလက္ရွိမွာ သာယာတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားတဲ့ ႏိုင္းဝမ္းဟာ ခ်စ္သူနဲ႔လည္း ခရီးေတြ ဆက္တိုက္ထြက္ျဖစ္သလို ပရဟိတအလုပ္ေတြ ကုသိုလ္ေရးေတြကိုလည္း အရင္ကထက္ ပိုၿပီး လုပ္ကိုင္ လာသူလည္း ျဖစ္ပါတယ္။ ႏိုင္းဝမ္းဟာ နင္သာရွိရင္ သီခ်င္းနဲ႔လည္း ေ႐ႊ FM ရဲ႕ အေကာင္းဆုံး ကိုယ္ပိုင္ သံစဥ္ေတးျပဳ စာဆိုဆုကိုလည္း ရရွိထားသူ တစ္ဦး ျဖစ္ပါတယ္။

CRD-Cele Yatkwat

UNICODE

နိုင်းဝမ်းက သူ့ရဲ့ ချစ်သူလေးနဲ့သာ အကြောင်းတစ်စုံတစ်ရာကြောင့် ဝေးရမယ်ဆိုရင် သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့ ဆုံးဖြတ်ပြီးသားပါတဲ့။ ဘဝနဲ့ထပ်တူချစ်ရတဲ့ မိန်းမသားကလည်း အမေနဲ့ ချစ်သူ ပဲရှိတယ်လို့ ဆိုပါတယ်။အဆိုတော်နိုင်းဝမ်းကတော့ ၁၀ နှစ်အကြာတွေ့ဆုံလာတဲ့ ချစ်သူလေးနဲ့ ၂၀၂၀ မှာ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီ ချစ်သူလေးနဲ့သာ ဖူးစာမဆုံဖြစ်ခဲ့ရင် သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့ ဆုံးဖြတ်ပြီးသားပါလို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’ ဘဝမှာ အရေးကြီးဆုံးကတော့ အမေ နဲ့ သူနဲ့ပဲ။ ကျွန်တော့်ဘဝထဲမှာ အချစ်ဆုံး မိန်းမသားနှစ်ယောက်ပေါ့။ အဲဒီထက်ပိုပြီး နှိုင်းမပြတတ်တော့ပါဘူး။ အဲဒီ နှစ်ယောက်ရှိလို့လည်း အသက်ရှင်နေတယ်လို့ ကျွန်တော်ထင်တယ်။ အဓိက ကတော့ ကျွန်တော့် ကောင်မလေးကိုပေါ့ သူသာမရှိတော့ရင် ကျွန်တော်က ရဟန်းခံမှာ။ သူဆိုတဲ့ သံယောဇဉ်လေးကြောင့် ပုထုဇဉ်လူသားအနေနဲ့ ဆက်ပြီးတော့ ကြိုးစားနေတာပေါ့’’လို့ သူကဆိုပါတယ်။ချစ်သူကို တန်ဖိုးထားလွန်းတဲ့ စိတ်ကြောင့် သာသနာ့ဘောင်ထဲ မဝင်သေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ အသက် ၅၀ ပြည့်ရင်တော့ ရဟန်းဝတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ နိုင်းဝမ်းက ပြောပါတယ်။

‘’ ရဟန်းဘောင်ထဲအရမ်းဝင်ချင်တယ်။ သာသနာ့ဘောင်မှာ နေချင်တယ်။ သေတဲ့အထိပေါ့နော်။ အဲဒါကို အမေကလည်း အားပေးတယ်။ ကျွန်တော့် အသက် ၅၀ ရောက်ရင်တော့ ရဟန်းဝတ်မယ်လို့ စိတ်ကူးထားတယ်။ သူ့ကိုလည်း ပြောပြထားပါတယ်။ အမေကတော့ ကျွန်တော် ရဟန်းခံသွားလည်း ကိစ္စမရှိဘူး။ သူကျတော့ ကျွန်တော်ရဟန်းခံသွားရင် သူ့ကို စောင့်ရှောက်မယ့်လူ မရှိတော့ဘူး။ သူ့သံယောဇဉ်လေးကြောင့် ကျွန်တော် မဝတ်ဖြစ်သေးတာပေါ့နော်။ အဲဒီလောက်အထိကို တန်ဖိုးထားပါတယ်’’ လို့ ဆိုပါတယ်။နိုင်းဝမ်းက ကောင်မလေးကို ချစ်မိသွားတဲ့ အချက်ကတော့ စိတ်ဓာတ်လေးက ရိုးသားဖြူစင်လွန်းတယ်လို့ ဆိုပါတယ်။ ငယ်ငယ်ကတည်းက ချစ်ရတဲ့ ချစ်သူနဲ့ လက်တွဲခွင့်ရတယ်လို့လည်း သြဂုတ်လ ၂၄ ရက်နေ့က ရန်ပုံငွေ ဘောလုံးပွဲ ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ သူ့ရဲ့ ရိုးသားတဲ့ အချက်လေးက ကြွေမိတာပေါ့နော်။ သူက အရမ်းရိုးသားတယ်၊ ဖြူလည်းဖြူစင်တယ်။ ငယ်ငယ်လေးကတည်းကပါ။ သူနဲ့တွေ့တာကလည်း ငယ်ငယ်လေးကတည်းကဆိုတော့လေ၊ သူ ၉ တန်း၊ ၁၀ တန်းလောက်ကတည်းက ကျွန်တော်တွေ့တာဆိုတော့ ငယ်ချစ်တွေပေါ့။ သူနဲ့ စတွေ့တာက ၇ ရက်၊ ၉ လ၊ ၂၀၀၉ ပေါ့နော်။ အခုဆို ၁၀ နှစ်ကြာပြီပေါ့။ ကြားထဲမှာတော့ ကျွန်တော့် မိုက်ပြစ်တွေနဲ့ တစ်နှစ်လောက် လမ်းခွဲလိုက်သေးတယ်’’ ဆိုပြီးတော့ ဆက်လက်ပြောပြလာပါတယ်။

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲကို ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ ယခုလက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းဟာ ချစ်သူနဲ့လည်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်သလို ပရဟိတအလုပ်တွေ ကုသိုလ်ရေးတွေကိုလည်း အရင်ကထက် ပိုပြီး လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။ နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။