.လူနာမည္ေတြကို ရုတ္တရက္ စဥ္းစားမရပဲ ေမ့ေနရတဲ့ အေၾကာင္းအရင္းမ်ား

လူတစ္ေယာက္ကို ျမင္ေနတယ္။ဒီလူကိုလည္း ရင္းရင္းႏွီးႏွီးႀကီးကို သိေနေပမယ့္ အဲ့ဒီလူရဲ႕ နာမည္ကို လံုး၀စဥ္းစား မရပဲ ေမ့ေနတဲ့ အျဖစ္မ်ိဳးကို ႀကံဳဖူးၾကမွာပါ။ဒီလိုမ်ိဳးက တစ္ခါတေလမွ ျဖစ္တာဆုိရင္ေတာ့ ျပႆနာမရွိေပမယ့္ ခဏ ခဏ ဒီလိုေတြ ျဖစ္လာၿပီဆုိရင္ေတာ့ ဒီလိုျဖစ္ရတဲ့အေၾကာင္းအရင္းကို ေသခ်ာေပါက္ရွာဖို႔ လိုပါတယ္။လူနာမည္ေတြကို ရုတ္တရက္ဆိုရင္စဥ္းစားမရပဲ ေမ့ေနရတဲ့ အေၾကာင္းအရင္းေတြကေတာ့…………..

(၁) အေရးမႀကီးလုိ႔

shutterstock

ဒါကေတာ့ ရွင္းပါတယ္။ဒီလူန႔ဲ သင္နဲ႔ဆက္ဆံေရးဟာ သာမန္ေလာက္ပဲ ျဖစ္ၿပီး သူနဲ႔သင့္ၾကားမွာ ေမးထူးေခၚ ေျပာ ဆက္ဆံေရးေလာက္ကလြဲၿပီး ထူးထူးျခားျခားပတ္သက္မႈမ်ိဳးမရွိခ့ဲလို႔ပါ။သင့္အတြက္ အေရးႀကီးတဲ့ သူမ်ိဳး မဟုတ္ေတာ့ လည္း ဒီလူ႔နာမည္ကို လြယ္လြယ္ေလးနဲ႔ ေမ့ေပ်ာက္သြားတာပါ။

(၂) အိပ္ေရးမဝလို႔

shutterstock

ဒါကေတာ့ လူနာမည္ေတြကို ေမ့ေနရတဲဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုပါ။တခါတေလ ကိုယ့္ရံုးကလူေတြ၊ကိုယ္သူ ငယ္ခ်င္း နာမည္ေတြကိုပါ ေခၚမယ္၊ေျပာမယ္လုပ္မွ ရုတ္တရက္ေမ့ေနရတဲ့ အျဖစ္မ်ိဳး နဲ႔ ေတြနဲ႔ ခဏခဏ ႀကံဳေနရ ၿပီလား..ဒါဆိုရင္ေတာ့ သင့္ရဲ႕ အိပ္စက္မႈကို ျပန္ၿပီး စမ္းစစ္ဖုိ႔ လိုေနပါၿပီ။သင္အေနန႔ဲ အိပ္ေရးပ်က္တာေတြ ညဆက္ ေနမယ္၊အိပ္ေရးမ၀ဘူးဆုိရင္လည္း လူနာမည္ေတြကုိ ရုတ္တရက္စဥ္းစားလိုက္ရင္ ေခါင္းထဲက ထြက္ မလာ တာမ်ိဳး နဲ႔ ႀကံဳရတတ္ပါတယ္။

(၃) အာရံုမစုိက္လုိ႔

ဒါကေတာ့ ရွင္းပါတယ္။သင့္ဘက္က အာရံုမစိုက္မိလို႔ပါ။စိတ္ပညာရွင္တစ္ေယာက္ရဲ႕ အေျပာအရ ..လူတစ္ေယာက္ နဲ႔ သင့္ကို မိတ္ဆက္ေပးမယ္ဆိုရင္ အရင္ဆံုး သင္လုပ္မွာက အဲ့ဒီလူကို ၾကည့္မယ္၊သင့္ရဲ႕ အျမင္ အာရံု ေတြနဲ႔ အဲ့့ဒီလူကို ေသခ်ာေလ့လာမယ္၊အျမင္္အာရံုၿပီးမွ အၾကားအာရံုဆီကို သြားတာလုိ႔ သိရပါတယ္။တကယ္လုိ႔ မ်ား သင္က အျမင္ အာရံုမွာပဲ ေလ့လာမွတ္သားၿပီး တစ္ဖက္ နာမည္္ကိုေတာ့ ေျပာပါရဲ႕ သင့္ဖက္က မွတ္ဥာဏ္ဆီကို မပို႔လိုက္ရင္ အဲ့ဒီလူ နာမည္ကို အလြယ္တကူေမ့သြားတတ္ပါတယ္။

(၄) သင့္ဦးေႏွာက္က အရမး္အလုပ္မ်ားေနလို႔

shutterstock

ဒါကေတာ့ ဦးေႏွာက္ကလည္း အနီးစပ္ဆံုးေျပာရရင္ကြန္ပ်ဴတာလိုပါပဲ။ကြန္ပ်ဴထဲမွာ ဖိုင္ေတြ သိပ္မာ်းလြန္းရင္ စက္က ေလးၿပီး အလုပ္လုပ္တာေႏွးသြားသလိုပါပဲ။ဦးေႏွာက္ထဲမွာ မွတ္ထားရတဲ့ Information ေတြ က အရမ္းမ်ား ေနေတာ့ ေနာက္ထပ္ အသစ္ကို မွတ္ထားဖုုိ႔ အဆင္မေျပျဖစ္ေနတာပါ။တစ္ခါတေလ အရမး္အလုပ္ေတြမ်ားေနတ့ဲ အခါ မ်ိဳး၊သင့္ ဦးေႏွာက္ထဲမွာ တျခားစဥ္းစားစရာေတြ သိပ္မ်ားလြန္းေနတဲ့ အခါမ်ိဳးမွာလည္း လူေတြရဲ႕ နာမည္ကို ေမ့သြားတတ္ပါ တယ္။

(၅) နာမည္ေတြက မွတ္ရခက္လို႔

shutterstock

ဒါကေတာ့ ရွင္းပါတယ္။မွတ္ရလြယ္တဲ့ နာမည္မ်ိဳးမဟုတ္လို႔ ေမ့သြားတာပါ။တခ်ိဳ႕နာမည္ေတြက ဆန္းဆန္း ျပားျပား ေတြ ျဖစ္ေနေတာ့၊ကိုယ္ၾကားေနက်ျမင္ေနက်နာမည္မ်ိဳးမဟုတ္ေတာ့ မွတ္ရမလြယ္လုိ႔ ေမ့သြားတဲ့ သေဘာပါ။

(၆) သင္သေဘာမေတြ႕တဲ့သူမ်ိဳး ျဖစ္ေနလို႔

shutterstock

Dr. Fran Walfish  ဆုိတဲ့ စိတ္ပညာရွင္ကေတာ့ လူေတြက ဘာေၾကာင့္ နာမည္ေတြကို ေမ့သြားရတာလဲ ဆိုတာနဲ႔ ပတ္သက္ၿပီး တျခားျဖစ္ႏိုင္တဲ့ အေၾကာင္းအရင္းတစ္ခုကိုေျပာခဲ့ပါတယ္။အဲ့ဒါကေတာ့ အဲ့ဒီလူကို သင့္က မႀကိိဳက္လုိ႔ပါ။ မႀကိဳက္္လုိ႔ သေဘာမေတြ႕လုိ႔ဆိုတဲ့ ေနရာမွာ တစ္ခါတေလက်ရင္ ကိုယ္တိုင္ေတာင္ သတိမထားမိပဲ သင့္ရဲ႕ မသိ စိတ္ထဲကေန တိတ္တိတ္ေလး သေ ဘာမက်၊မႏွစ္သက္တာမ်ိဳးလည္း ျဖစ္ႏိုင္တယ္လုိ႔ ဆိုထားပါတယ္။ဒါေၾကာင့္လည္း ရန္သူကို ႏွိမ္္နင္းသလို သင့္ရဲ႕ ဦးေႏွာက္ကေနကို မရည္္ရြယ္ပဲ အဲ့ဒီလူရဲ႕ နာမည္ကို မွတ္ဥာဏ္္ထဲကေန အလြယ္ တကူ ဖ်က္ပစ္လိုက္တာပါ။

-က်န္းမာေရးျပႆနာေၾကာင့္

shutterstock

ဒီေနရာမွာေတာ့ သင္ဟာ ေဆးကုသမႈတစ္ခုခုကို ခံယူေနရတာမ်ိဳးေၾကာင့္္ မွီ၀ဲေနရတဲ့ ေဆး၀ါးေတြက သင့္ရဲ႕ ဦးေႏွွာ က္မွတ္ဥာဏ္ကို သြားၿပီး ထိခိုက္ေစတာပါ။တျခားျဖစ္ႏိုင္ေခ်ကေတာ့ သင့္မွာစိတ္က်ေရာဂါျဖစ္ေနတာ(သိို႔)အစပ်ိဳး ေနတာ ေၾကာင့္ မွတ္ဥာဏ္္ကို သြားၿပီးထိခိုက္ေနတာပါ။ထိခိုက္ဒဏ္္ရာရတာ၊ဖ်ားနာေနတဲ့ အခါမ်ိဳးမွာလည္း နာမည္ေတြကို ေမ့သြားတာမိ်ဳးျဖစ္တတ္ပါတယ္။

-ဦးေႏွာက္ထိခိုက္ဒဏ္ရာရ၊စိတ္ေဖာက္ျပန္မႈရဲ႕ ေရွ႕ေျပး

shutterstock

အေပၚမွာ ေဖာ္ျပထားတဲ့ အေျခအေနမိ်ိဳးေတြနဲ႔ကိုက္ညီမႈမရွိပဲ ဒီအတိုင္းအေၾကာင္းအရင္း ေရေရရာရာမရွိပဲ ေမ့ေန တာမ်ိဳးဆိုရင္ေတာ့ မေပါ့ဆသင့္ပါဘူး။မၾကာခဏေမ့ေမ့ေနတာမ်ိဳးျဖစ္ေနမယ္ဆိုရင္ေတာ့ ဒါဟာ မွတ္ဥာဏ္ ခ်ိဳ႕ယြင္း မႈေရာဂါရဲ႕ ေရွ႕ေျပးတစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။အဲ့ဒီလိုမွ မဟုတ္ရင္ေတာ့ ဦးေႏွာက္မွာ ထိခိုက္ဒဏ္ရာရတာ၊ဦးေႏွာက္ ထဲမွာ အႀကိတ္ရွိေနတာမ်ိဳး ..(ဒါမွမဟုတ္)စိတ္ေဖာက္ျပန္မႈေရာဂါရဲ႕ ေရွ႕ေျပးတစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။

Source bustle

Unicode ဖြင့်ဖတ်ပါ

လူနာမည်တွေကို ရုတ်တရက် စဉ်းစားမရပဲ မေ့နေရတဲ့ အကြောင်းအရင်းများ

လူတစ်ယောက်ကို မြင်နေတယ်။ ဒီလူကိုလည်း ရင်းရင်း နှီးနှီးကြီးကို သိနေပေမယ့် အဲ့ဒီလူရဲ့ နာမည်ကို လုံး၀ စဉ်းစား မရပဲ မေ့နေတဲ့ အဖြစ်မျိုးကို ကြုံဖူးကြမှာပါ။ ဒီလိုမျိုးက တစ်ခါတလေမှ ဖြစ်တာဆိုရင်တော့ ပြဿနာ မရှိပေမယ့် ခဏ ခဏ ဒီလိုတွေ ဖြစ်လာပြီ ဆိုရင်တော့ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကို သေချာပေါက် ရှာဖို့ လိုပါတယ်။

လူနာမည်တွေကို ရုတ်တရက် ဆိုရင် စဉ်းစားမရပဲ မေ့နေရတဲ့ အကြောင်းအရင်းတွေ ကတော့ …

(၁) အရေးမကြီးလို့

ဒါကတော့ ရှင်းပါတယ်။ ဒီလူနဲ့ သင်နဲ့ ဆက်ဆံရေးဟာ သာမန်လောက်ပဲ ဖြစ်ပြီး သူနဲ့သင့်ကြားမှာ မေးထူးခေါ် ပြော ဆက်ဆံရေးလောက်က လွဲပြီး ထူးထူးခြားခြား ပတ်သက်မှုမျိုး မရှိခဲ့လို့ပါ။ သင့်အတွက် အရေးကြီးတဲ့ သူမျိုး မဟုတ်တော့ လည်း ဒီလူ့နာမည်ကို လွယ်လွယ်လေးနဲ့ မေ့ပျောက် သွားတာပါ။

(၂) အိပ်ရေးမဝလို့

ဒါကတော့ လူနာမည်တွေကို မေ့နေရတဲ့ အကြောင်းအရင်းတွေ ထဲက တစ်ခုပါ။ တခါတလေ ကိုယ့်ရုံးကလူတွေ၊ ကိုယ်သူ ငယ်ချင်း နာမည်တွေကိုပါ ခေါ်မယ်၊ ပြောမယ် လုပ်မှ ရုတ်တရက် မေ့နေရတဲ့ အဖြစ်မျိုး နဲ့ တွေနဲ့ ခဏခဏ ကြုံနေရ ပြီလား… ဒါဆိုရင်တော့ သင့်ရဲ့ အိပ်စက်မှုကို ပြန်ပြီး စမ်းစစ်ဖို့ လိုနေပါပြီ။ သင်အနေနဲ့ အိပ်ရေးပျက်တာတွေ ညဆက် နေမယ်၊ အိပ်ရေးမဝဘူး ဆိုရင်လည်း လူနာမည်တွေကို ရုတ်တရက် စဉ်းစားလိုက်ရင် ခေါင်းထဲက ထွက် မလာ တာမျိုး နဲ့ ကြုံရတတ် ပါတယ်။

(၃) အာရုံမစိုက်လို့

ဒါကတော့ ရှင်းပါတယ်။ သင့်ဘက်က အာရုံမစိုက်မိလို့ပါ။ စိတ်ပညာရှင် တစ်ယောက်ရဲ့ အပြောအရ ..လူတစ်ယောက် နဲ့ သင့်ကို မိတ်ဆက်ပေးမယ် ဆိုရင် အရင်ဆုံး သင်လုပ်မှာက အဲ့ဒီလူကို ကြည့်မယ်၊ သင့်ရဲ့ အမြင် အာရုံ တွေနဲ့ အဲ့ဒီလူကို သေချာလေ့လာမယ်၊ အမြင်အာရုံပြီးမှ အကြားအာရုံ ဆီကို သွားတာလို့ သိရပါတယ် ။ တကယ်လို့ များ သင်က အမြင် အာရုံမှာပဲ လေ့လာ မှတ်သားပြီး တစ်ဖက် နာမည်ကိုတော့ ပြောပါရဲ့ သင့်ဖက်က မှတ်ဉာဏ်ဆီကို မပို့လိုက်ရင် အဲ့ဒီလူ နာမည်ကို အလွယ်တကူ မေ့သွားတတ်ပါတယ်။

(၄) သင့်ဦးနှောက်က အရမ်းအလုပ်များနေလို့

ဒါကတော့ ဦးနှောက်ကလည်း အနီးစပ်ဆုံးပြောရရင် ကွန်ပျူတာလိုပါပဲ။ ကွန်ပျူထဲမှာ ဖိုင်တွေ သိပ်မာျးလွန်းရင် စက်က လေးပြီး အလုပ်လုပ်တာ နှေးသွားသလိုပါပဲ။ ဦးနှောက်ထဲမှာ မှတ်ထားရတဲ့ Information တွေ က အရမ်းများ နေတော့ နောက်ထပ် အသစ်ကို မှတ်ထားဖို့ အဆင်မပြေဖြစ်နေတာပါ။ တစ်ခါတလေ အရမ်းအလုပ်တွေ များနေတဲ့ အခါ မျိုး၊သင့် ဦးနှောက်ထဲမှာ တခြားစဉ်းစားစရာတွေ သိပ်များလွန်း နေတဲ့ အခါမျိုးမှာလည်း လူတွေရဲ့ နာမည်ကို မေ့သွားတတ် ပါ တယ်။

(၅) နာမည်တွေက မှတ်ရခက်လို့

ဒါကတော့ ရှင်းပါတယ်။ မှတ်ရလွယ်တဲ့ နာမည်မျိုးမဟုတ်လို့ မေ့သွားတာပါ။ တချို့နာမည်တွေက ဆန်းဆန်း ပြားပြား တွေ ဖြစ်နေတော့၊ ကိုယ်ကြားနေကျ မြင်နေကျ နာမည်မျိုး မဟုတ်တော့ မှတ်ရမလွယ်လို့ မေ့သွားတဲ့ သဘောပါ။

(၆) သင်သဘောမတွေ့တဲ့သူမျိုး ဖြစ်နေလို့

Dr. Fran Walfish ဆိုတဲ့ စိတ်ပညာရှင်ကတော့ လူတွေက ဘာကြောင့် နာမည်တွေကို မေ့သွားရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး တခြားဖြစ်နိုင်တဲ့ အကြောင်းအရင်း တစ်ခုကို ပြောခဲ့ပါတယ်။ အဲ့ဒါကတော့ အဲ့ဒီလူကို သင့်က မကြိုက်လို့ပါ။ မကြိုက်လို့ သဘောမတွေ့လို့ဆိုတဲ့ နေရာမှာ တစ်ခါတလေ ကျရင် ကိုယ်တိုင်တောင် သတိမထားမိပဲ သင့်ရဲ့ မသိ စိတ်ထဲကနေ တိတ်တိတ်လေး သေ ဘာမကျ၊ မနှစ်သက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း ရန်သူကို နှိမ်နင်းသလို သင့်ရဲ့ ဦးနှောက်ကနေကို မရည်ရွယ်ပဲ အဲ့ဒီလူရဲ့ နာမည်ကို မှတ်ဉာဏ်ထဲ ကနေ အလွယ် တကူ ဖျက်ပစ်လိုက်တာပါ။

(၇) ကျန်းမာရေးပြဿနာကြောင့်

ဒီနေရာမှာတော့ သင်ဟာ ဆေးကုသမှု တစ်ခုခုကို ခံယူနေရတာမျိုးကြောင့်် မှီဝဲနေရတဲ့ ဆေးဝါးတွေက သင့်ရဲ့ ဦးနှောက်မှတ်ဉာဏ်ကို သွားပြီး ထိခိုက်စေတာပါ။ တခြား ဖြစ်နိုင်ချေ ကတော့ သင့်မှာစိတ်ကျ ရောဂါ ဖြစ်နေတာ (သို့) အစပျိုး နေတာ ကြောင့် မှတ်ဉာဏ်ကို သွားပြီးထိခိုက်နေ တာပါ။ ထိခိုက်ဒဏ်ရာရတာ၊ ဖျားနာနေတဲ့ အခါမျိုးမှာလည်း နာမည်တွေကို မေ့သွားတာမျိုး ဖြစ်တတ်ပါတယ်။

(၈) ဦးနှောက် ထိခိုက်ဒဏ်ရာရ၊ စိတ်ဖောက်ပြန်မှုရဲ့ ရှေ့ပြေး

အပေါ်မှာ ဖော်ပြထားတဲ့ အခြေအနေမျိုးတွေနဲ့ ကိုက်ညီမှု မရှိပဲ ဒီအတိုင်း အကြောင်းအရင်း ရေရေရာရာမရှိပဲ မေ့နေ တာမျိုးဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။ မကြာခဏ မေ့မေ့နေတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ ဒါဟာ မှတ်ဉာဏ် ချို့ယွင်း မှုရောဂါရဲ့ ရှေ့ပြေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ဦးနှောက်မှာ ထိခိုက်ဒဏ်ရာရတာ၊ ဦးနှောက် ထဲမှာ အကြိတ် ရှိနေတာမျိုး .. (ဒါမှမဟုတ်) စိတ်ဖောက်ပြန်မှု ရောဂါရဲ့ ရှေ့ပြေး တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

Crd